သမီးမိန်းကလေး မွေးဖွားလိုက်တဲ့ Gal Gadot

0
161

t-gal-gadot-spotlight-miguel-reveriego-vf-02

Wonder Woman ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့သူ မင်းသမီးချောလေး Gal Gadot က သမီးလေးကို ကျန်းမာစွာ မွေးဖွားလိုက်ပါတယ်။ ” အခုဆို ကျွန်မတို့မိသားစုက ၄ယောက်ဖြစ်သွားပါပြီ။ Maya က အခုဆို ကျွန်မဘေးမှာရှိနေပါပြီ။ အခုလို ပြည့်စုံနေတဲ့ဘဝကို ကျွန်မအရမ်းကို ကျေနပ်ပါတယ်” လို့ ၃၁ နှစ်အရွယ် Gal Gadot က ဆိုရှယ်မီဒီယာ ရေးသားခဲ့ပြီး ဆေးရုံလျှောက်လမ်းမှာ ရိုက်ကူးထားတဲ့ သူတို့ရဲ့ မိသားစုဓာတ်ပုံနဲ့အတူ တွဲတင်လိုက်ပါတယ်။

ဓာတ်ပုံမှာက Yaron Versano က Gal ရဲ့ ဘေးနားကနေ ရပ်နေပြီး သူမလက်ကိုကိုင်ထားကာ သမီးလေးကို အလယ်မှာ ထားထားပါတယ်။ ဒါက သမီးလေးကို မမွေးဖွားခင် ဆေးရုံကို သွားနေစဉ် ရိုက်ကူးထားတယ်လို့သိရပါတယ်။ Gal က ၉ လပြည့်တုန်းကလည်း အမှတ်တရတစ်ခုလုပ်ခဲ့ပါတယ်။ Wonder Woman တီရှပ်ဝတ်ဆင်ထားတဲ့ ပုံနဲ့အတူ ဆိုရှယ်မီဒီယာမှာ ” တစ်နေ့တာ ဖြတ်သန်းမှုက မိသားစုနဲ့ အလုပ်ကြား ရှုပ်နေခဲ့ပြီးအရမ်းကို ကြာမြင့်ပါတယ်။ ဒီနေ့တော့ အချိန်လေး ရတုန်း ပြတင်းပေါက်ကနေ ကြည်လင်တောက်ပနေတဲ့ ကောင်းကင်ကြီးကို ငေးကြည့်မိပါတယ်။ အတွေးမှာ ဝင်လာတာက Maya ရဲ့ ကိုယ်ဝန်က ၉လ ထဲဝင်နေပြီ ဆိုတာပါပဲ” ဆိုတဲ့ စာသားလေးကို တင်ခဲ့ပါတယ်။ ဂုဏ်ယူပါတယ် Gal ရေ။


LEAVE A REPLY

Please enter your comment!
Please enter your name here