ဟိန်းဝေယံ ဒါရိုက်တာ လုပ်တဲ့ ဇာတ်ကားမှာ ထမင်းမစားဘဲ အရည်ပဲ သောက်ပြီး ရိုက်ကူးနေတဲ့ ဇေရဲထက်

0
348

Zay-Ye-Htet-(2)ဇေရဲထက်က ဒါရိုက်တာ ဟိန်းဝေယံ ပုံဖော်ရိုက်ကူးတဲ့ “မာယာကကြိုး” ရုပ်ရှင် ဇာတ်ကားကြီးမှာ ဖြတ်ဖောက်ချုပ် ကာရိုက် တာ အဖြစ် သရုပ်ဆောင်နေတာကို တွေ့ ရပါတယ်။ ဒီဇာတ်ကားကြီး မရိုက်ကူးခင် ကတည်းက ကာရိုက်တာ ပီပြင်ဖို့အတွက် ကြိုတင် ပြင်ဆင်ခဲ့ရ ပုံအကြောင်းကို ဇေရဲ ထက်က…

“ပြင်ဆင်ခဲ့ ရတာက ကားမရိုက် ကူးခင် ကတည်းက ကိုယ့်ပတ်ဝန်း ကျင်မှာရှိတဲ့သူ တွေကို မေးကြည့်တယ်။ သူတို့ဘယ်လိုနေ ထိုင်လဲ။ စိတ်ခံစားချက် ကရော ဘယ်လိုရှိလဲ ဆိုတာတွေ မေးကြည့်တယ်။ နောက်တစ်ခုက ဇာတ်ညွှန်းမှာ ပါလာကတည်းက လုပ်ရမယ့် ကာလာလေး ရယ်၊ လုပ်ရမယ့်ပုံစံ အဝတ် အစားတွေကအစ အကုန်လုံးကို ဟိန်းဝေ ယံက အသေးစိတ် ရေးပေးထားပါ တယ်” လို့ ပြောပါတယ်။

“မာယာကကြိုး” ရုပ်ရှင် ဇာတ်ကားကြီးက ဟိန်းဝေယံရဲ့ ပထမဦး ဆုံး ဒါရိုက်တာ အနေနဲ့ ပုံဖော်ရိုက်ကူးတဲ့ ဇာတ် ကားလေးဖြစ်တဲ့ အ တွက် ဒီဇာတ်ကားကို လက်ခံ ရိုက်ကူးဖြစ် ပုံနဲ့ ပတ်သက်ပြီး ဇေရဲထက်ကို မေး ကြည့်တော့…

“ကိုဟိန်းဝေယံ နဲ့ဆုံမယ်၊ ဆုံမယ်ဆိုပြီး မဆုံဖြစ် တာလည်း ကြာပါ ပြီ။ ဒီဇာတ်ကားလေး ကလည်း ဇာတ်လမ်းလည်း ဆန်းတယ်။ ကျွန်တော် ရိုက်ကူး နေကျ ကာရိုက်တာပုံစံမျိုး လည်းမဟုတ်ဘူး။ မိန်းမလျာ ဇာတ်ရုပ်နဲ့ ဇာတ်ကားတော့ ရိုက်ဖူးခဲ့ပါ တယ်။ ဒါပေမဲ့ ရိုက်ကူးခဲ့တဲ့ အဲဒီဇာတ်ကား တွေ  ဟာသ ဇာတ်ကားတွေ များတယ်။ အခု ဇာတ်ကားကတော့ တကယ့်ကို ဒရာမာဘက်လည်း သွားတယ်။ အချစ်နဲ့ ပတ်သက်တဲ့ ဇာတ်ကားမျိုး လည်းဖြစ်တယ်။ အဲဒါ ကြောင့်လည်း ကျွန်တော် လက်ခံဖြစ်ခဲ့တာ။ ကိုဟိန်း ဝေယံနဲ့ ဆုံဖူး ချင်တာလည်း ပါတယ်။ ပြီးတော့ ကျွန်တော် လူငယ်ဒါရိုက်တာတွေ နဲ့လည်း အရမ်း ဆုံဖူး ချင် တယ်။ ကိုဟိန်းဝေယံ မှမဟုတ်ပါဘူး။ သူတို့မှာက အမြင် အသစ်၊ အတွေးအသစ် ဖန် တီးမှု အသစ်တွေ အများကြီး ရှိမယ်လို့ ယုံ ကြည် တယ်။ ရှေ့မှာက ဝါရင့် ဒါရိုက်တာတွေနဲ့လည်း အများ ကြီး ဆုံခဲ့ဖူးပါတယ်။ အဲဒါကြောင့်လည်း ရိုက်ကူး ဖြစ်ခဲ့တာပါ”လို့ ပြောပါတယ်။

ဒီဇာတ်ကား ရိုက်ကူးနေချိန်မှာ ပင်ပန်း ပေမယ့်လည်း ဇာတ်ကား ကာရိုက်တာ ကို ပရိသတ်တွေ အားပေးကြတဲ့အ တွက် ပင်ပန်းမှုလေးပါ ပြေပျောက် ကြောင်း ဇေရဲထက်က ပြော ပါတယ်။

“ဒီဇာတ်ကားမှာ က မြန်မာ ဝတ်စုံ တွေ  Fit Size ဝတ်ရတော့ ကျွန်တော် ထမင်းမစားတာ၉ ရက် လောက်ရှိပြီ။ ထမင်းမစားဘဲ အရည်ပဲသောက်ပြီး ရိုက်ကူးနေရတယ်။ တော်တော်လည်း နုံးခွေနေပြီ။ တော်တော်လည်း ပြိုကျနေပြီ။ ထမင်းမစားတော့ လူကအားမရှိဘူး။ အားမရှိ တော့ ဒေါသထွက်လွယ် တယ်။ ပင်ပန်းတယ်။ မော တယ်။ ဒါပေမဲ့ ကိုယ့် ကြိုး စားမှုလေးကို ပရိသတ် အားပေးတဲ့ စကားသံလေး ကြားရတော့ ဝမ်းသာပီတိ ဖြစ်မိတယ်။ ပင်ပန်းရင် လည်းပင်ပန်းပါစေ။ သူတို့ ဆီကရတဲ့  Feed back  လေးက result ကောင်း နေတဲ့ အတွက် အဲဒီပင်ပန်း မှုလေးပါပျောက်ပါတယ်” လို့ ပြောပါတယ်။

တွယ်တာ၊
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here