တန်ဖိုးရှိစွ လူ့ဘဝ

0
214

lifeကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူ တို့ ကိုယ်တူမယွင်း ကိလေသာ အပူ ငြိမ်းစေခြင်းငှာ လည်းကောင်း၊ သံသရာနက်ဝှမ်း ဂယက်ကြမ်းကို ကူးသန်း ထုတ်ခြောက် ကိုယ်တော်တိုင်ရောက် ပြီးဖြစ်၍သာလျှင် ကိုယ် တော်ထပ်တူ ကျွတ်ထိုက်သူ တို့ နိဗ္ဗူသာဝှမ်းမှာ ဘက်ကမ်းသို့ ကူးသန်း ထုတ်ချောက် ရောက်စေခြင်း အကျိုးငှာ လည်းကောင်း၊ ကိလေသာ ပရိနိဗ္ဗာန်ဝင်စံ ရုပ်သိမ်း ကိုယ်တော်တိုင် အေးငြိမ်းတော် မူပြီး၍ ကိုယ်တော်ထပ်တူ ဝေနေလူတို့ အပူခပ်သိမ်း ငြိမ်းစေခြင်း အကျိုးငှာ လည်းကောင်း၊ နေ့စဉ်လေးနက် ဓမ္မစက်ကို ကရုဏာ ရှေ့ထား မေတ္တာထားဖြင့် ဟောကြားတော် မူခဲ့ပါပေသည်။

လိုချင်တာယူဖို့ ထိုက်ထိုက် တန်တန်တော့ ပေးရတာပါပဲ။ (Take what you want, pay for it.)  တန်ဖိုးရှိရှိ နေချင်ရင် ဒီအရင်းအနှီး တွေ ပေးဖို့ မတွန့်ဆုတ်ပါနဲ့။ ရခဲတဲ့ ဘဝတစ်ခုကို ဗုဒ္ဓဘာသာဝင်တွေ ရော၊ ကမ္ဘာတစ်ဝှမ်းမှာ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေရော ရခဲတဲ့ဘဝ တစ်ခုကို တန်ဖိုးရှိရှိ နဲ့ နေထိုင်ကြသူတွေ အလွန် နည်းပါတယ်။

ဘဝကို တန်ဖိုး ရှိရှိနေခဲ့တဲ့ အတုမရှိသော ပုဂ္ဂိုလ်ကိုပြပါ ဆိုရင် ဘုရားရှင်ပါ။ သိတဲ့သူတွေက သိတဲ့ အတိုင်း တန်ဖိုးရှိရှိ နေသွားကြသလို၊ မသိသေးတဲ့သူတွေက သိအောင်ပြု ပြီး ဘဝကို တန်ဖိုးရှိရှိ နေထိုင်၍ မိမိ ဘဝ တိုးတက်အောင် လုပ်သွားဖို့ လိုပါတယ်။

ဘဝကို တန်ဖိုးရှိရှိ နေခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူးတော် တွေကို  အကြောင်းပြုပြီးတော့ တန်ဖိုးရှိရှိ နေတတ်ဖို့ တရားတွေ ကို ဟောကြ ၊ နာကြမှာဖြစ်တဲ့ အတွက် ဓမ္မပိုင်ရှင် ဒေသက ထွတ်တင်မြတ်စွာ ဘုရားရှင်ကို နေ့စဉ်လက်ဆယ်ဖြာ မိုးပြီး ရှိခိုး ကန်တော့ ကြည့်ကြပါ။ မြတ်စွာဘုရားက ကျွတ်ထိုက်သူ ဗိုလ်ဗိုလ်လူကို ကိုယ်တူထင်လင်း သိစေခြင်း အကျိုး ငှာလည်းကောင်း၊ ကိုယ်တွင်ကပင် ယဉ်ကျေးတော်မူပြီး ဖြစ်၍ ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း ယဉ်ကျေးစေ ခြင်းငှာ လည်းကောင်း၊ ကိုယ်တွင်ကပင် ကိလေသာဟူ အပူခပ်သိမ်းငြိမ်း အေးတော်မူပြီး ဖြစ်၍ မြေကြီးဟာ ကောင်းကင်နှင့် သိပ်ဝေးတယ်။ သမုဒ္ဒရာသည် ထိုမှာဘက်ကမ်းနှင့် မသူတော် တို့ရဲ့တရားက မိုးနဲ့ မြေကြီး ဝေးကွာတာထက် သမုဒ္ဒရာ ထိုမှာ ဘက်ကမ်းနှင့် ဤမှာ သက်တမ်း ဝေးကွာ တာထက် သာလွန်ပြီး တော့ ဝေးကွာ လှတယ်လို့ မြတ်စွာဘုရားက မိန့်တော်မူခဲ့သည်။

တန်ဖိုး ရှိရှိနေထိုင်ခြင်းကို သူတော်ကောင်း တရားကို ကျင့်ခြင်း လို့ ဆိုနိုင်သလို တန်ဖိုး ရှိရှိ မနေထိုင်ခြင်းကိုတော့ မသူတော် တို့ရဲ့ တရားကို ကျင့်ခြင်းလို့ ဆိုနိုင်ပါတယ်။ သူတော်ကောင်းတို့ရဲ့တရားနဲ့ မသူတော် တို့ရဲ့ တရားဟာ အဝေးကြီးပဲ။

မိုးနဲ့မြေကြီး ဆုံတွေ့ဖို့ မဖြစ်နိုင် သလို၊ သမုဒ္ဒရာ ထိုမှာဘက်ကမ်းနှင့် ဤမှာဘက်ကမ်း ဆုံတွေ့ဖို့လည်း မဖြစ်နိုင်ဘူး။ ဒီထက် ခက်ခဲတာက သူတော်ကောင်း တို့ရဲ့ တရားနဲ့ မသူတော် တို့ရဲ့တရားဆုံတွေ့ဖို့ ဆိုတာ ပါပဲ။ ဆုံတွေ့ဖို့လည်း ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ဒါကြောင့် မိမိတို့ တန်ဖိုးရှိရှိ နေထိုင်ချင်ရင် ဘာလုပ်ရမလဲ ဆိုတော့ တရားကျင့်ပါ။ တရားမကျင့်ထားတဲ့ လူတွေက လည်း နေ့စဉ် ဘဝလေးမှာ နာထား တဲ့ တရားတွေနဲ့ နာထားတဲ့ အတိုင်း စနစ်တကျ ပြုမူ ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး တန်ဖိုးရှိရှိ ဘဝကို နေထိုင်တတ်စေဖို့ သတိပေးတာပါ။ အရေးကြီးတဲ့ အသိဥာဏ် သုံးချပြီး တန်ဖိုး ရှိရှိ နေတတ်ကြပါစေ။ လူ့ တစ်ဘဝ တစ်ခဏလေး မှာ မေတ္တာတွေထားပြီး တန်ဖိုးရှိရှိ နေနိုင်ကြပါ စေ။ နေတတ်ကြပါစေ။

ဝေဒစန္ဒီ
စာကိုး – အရှင်ရေဝတ(ဖားအောက်တောရ)၏ တန်ဖိုးရှိရှိနေမယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here