ခိုင်နှင်းဝေ အစိုးရကို ဘာတွေ တောင်းဆိုသွားမလဲ

0
277

Khaing-Hnin-Waiကလေးသူငယ် လူကုန်ကူးမှု တားဆီးရေး အထူးသံတမန် တစ်ဦး ဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက United ACT အဖွဲ့နဲ့ အတူ ဧပြီလ ၂၈ရက်နေ့က ကချင်ပြည်နယ်၊ မြစ် ကြီးနားမြို့က စစ်ဘေးရှောင် စခန်းက ကလေးငယ် လေးတွေရဲ့ ဘဝအခြေ အနေနဲ့ စိတ်ခံစား ချက် တွေကို Documentary  အဖြစ် သွားရောက် ရိုက်ကူးနေပါတယ်။ အခုလို သွား ရောက်ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ခိုင်နှင်းဝေက …

“မြစ်ကြီးနားက စစ်ဘေးရှောင် စခန်းတွေမှာ ကလေးတွေ အရေ အတွက် ဘယ်လောက် ရှိတယ်၊  တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းက ဘယ်လောက်၊ ဒါပေမဲ့ လက်တွေ့မှာ တကယ်ဘယ် လောက်ရှိတယ် ဆိုတာကို မှန်၊မမှန်ပေါ့နော်။ ပြီးတော့ ကလေးတွေရဲ့ ကျန်းမာရေး။ အဓိက စောင့် ရှောက်မှု ဘာတွေလိုအပ်လဲ။ ထောက်ပံ့မှု တွေက သေချာ တိတိကျကျ ရရဲ့လားဆိုတာ တွေကို စစ်တမ်းကောက်ပြီးမှ Documentary သဘောမျိုး ရိုက်တာပါ”လို့ ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး ပြောပြ ပါတယ်။ ဒီ Documentary ရိုက်ကူး မှုတွေကို  Channal  တော်တော်များ များ ထုတ်လွှင့်ပြသ သွားမှာဖြစ်ပြီး အခုလို ပြသမှုကနေ ကလေးတွေ အတွက် ထောက်ပံ့မှုများ ရရှိလာ လိမ့် မယ်လို့ မျှော်လင့်မိကြောင်းကို ခိုင်နှင်းဝေက…

“အလှူရှင်တွေ ပိုပြီး ပေါ်ပေါက် လာအောင်၊ ပြီးတော့ နိုင်ငံတကာက လည်း စောင့်ကြည့်နေတယ်။ အဲဒီတော့ ပိုပြီး သိလာအောင် နိုင်ငံ တကာက Channal  တွေမှာလည်း လွှင့်ဖို့ရှိတယ်။ အစ်မ Ambassador ရထားတဲ့ United ACT  မှ ဦးဆောင် ပြီးတော့ မှ နိုင်ငံတကာက NGO တွေနဲ့ ဆက် သွယ်ပြီးတော့ ကလေးတွေရဲ့ အခြေ အနေကို ပြောမယ် ဆိုတော့ အဆက် အသွယ်တွေ ရလာဖို့ အကူအညီ တွေရလာဖို့ မျှော်လင့်တယ်။  အစိုးရ အနေနဲ့လည်း ၂ဝ၁၇ ခုနှစ် ပညာ သင်နှစ်မှာ ကလေးတွေအတွက် ဘယ်လိုကူညီပေးသွားမလဲ ဆိုတာတွေ တောင်းဆိုသွားဖို့ ရှိပါတယ်”လို့ ပြော ပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here