အဆိုတော် ဝိုင်းလေးရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အခွေကတော့ ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပရိသတ်တွေ ဆီရောက်ရှိတော့ မယ်လို့ သိရပါတယ်။ တေးသီချင်း ဆယ်ပုဒ်ခန့် ထည့်သွင်းဖို့ စီစဉ်နေတဲ့ ဝိုင်းလေးက ဆလိုင်း၊ ဝေကြီးတို့ ရေးသားပေးတဲ့ သီချင်းတွေ အပြင် သူကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ သီချင်း ရွေးချယ်မှုတွေ ပြုလုပ်နေတဲ့ ဝိုင်းလေးက ဒုတိယ အယ်လ်ဘမ်နဲ့ ပတ် သက်ပြီး…
“ဒုတိယအခွေ မှာတော့ ဝိုင်းလေး လုပ်ချင်တဲ့ သီချင်းပုံစံမျိုး ကို ကိုယ်တိုင်လည်း ရေးထားတယ်။ ဒီအခွေမှာ အထူးသဖြင့် လူ ငယ်တွေ ကြိုက်မယ့် စာသားတွေ၊ Music ပုံစံတွေကို သွားထား ပါတယ်။ Selfie တုန်းကတော့ သီချင်းပုံစံ မျိုးစုံပါခဲ့တယ်။ ဒီအခွေ မှာတော့ အားလုံး ပေါင်းခြုံထားတာ မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ ပုံစံတစ် မျိုး၊ Style တစ်မျိုးသွားမှာပါ။ သီချင်းတွေကလည်း Forever နဲ့ပဲ ပေါင်း လုပ်တာ ဆိုတော့ သူတို့ ဆီက Music Producer နဲ့ တိုင်ပင် ပြီးတော့ အခုသီချင်းတွေ ပြန်ရွေးနေကြတယ်။ ဒီနှစ်ကုန် ပိုင်း လောက်တော့ ထွက်ဖြစ်မှာပါ။ ဝိုင်းလေးတို့ အချိန်လည်း တော် တော် ယူထားပါတယ်” လို့ ပြောပါတယ်။
အိပ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲကနေ ပေါ်ထွက်လာခဲ့တဲ့ ဝိုင်းလေးကို မေးခွန်းတစ်ခုမေးခဲ့ပါတယ်။ သီ ချင်းဆို ပြိုင်ပွဲတွေများ သလို၊ အဆိုတော်တွေလည်း များလာပေမယ့် ကြာလာတဲ့အခါ ပျောက်ကွယ်သွား တတ်ကြတယ်။ အနုပညာလောက မှာ ဆက်လက် လျှောက် လှမ်းနိုင်ဖို့ ဆိုရင် ဝိုင်းလေးတို့လို အဆိုပြိုင်ပွဲက ပေါ်ထွက်လာ တဲ့ အနုပညာရှင်တွေ အနေနဲ့ ဘယ်လို ကြိုးစားရလဲလို့ မေးတဲ့အခါ
“ဝိုင်းလေးတို့ဘက်က ကြိုးစား ပေမယ့် ကံ၊ ဥာဏ်၊ ဝီရိယဆို တာလည်း လိုပါသေးတယ်။ အခွင့်အရေး ဆိုတဲ့ အပေါ် မှာလည်း မူတည် သေးတယ်။ သီချင်းဆို ပြိုင်ပွဲတွေမှာ အရည်အချင်း ရှိလို့ ရောက်လာတယ်။ ဆုတွေရသွားကြတယ်။ အခွင့်အရေး ဆိုတာမျိုးကို မရလိုက်တဲ့လူတွေ လည်း အရည်အချင်းတွေ ရှိနေပေမယ့် သူတို့မှာ ထုတ်မပြလိုက်ရတဲ့ အတွက် ပရိသတ်တွေ မျက်စိရှေ့ က ပျောက် သွားတယ်။ အဓိက ကတော့ ထုတ် လုပ် သူနဲ့ ဖြစ်လာတဲ့ အချိန်နဲ့ နှစ်ခုပေါင်းပြီးလုပ်မှ အဆင်ပြေမှာပါ။ အခွင့်အ ရေးဆိုတာကလည်း နည်းပါး တယ်။ ဝိုင်းလေးတို့ ကိုယ်တိုင်လည်း အခုအချိန် ထိ ကြိုးစားနေ ရဆဲပါ။ Professional လမ်းကြောင်းပေါ် ရောက်ဖို့ဆိုတာ ဘယ်သူမှ လက်တွဲ ခေါ်လို့မရဘူး။ ကိုယ်ကိုယ်တိုင် ကြိုးစားရတယ်။ ပံ့ပိုးမှုနဲ့ အခွင့်အ ရေးတွေ လိုနေတာ ပါ။ ညီမတို့ အချင်းချင်း ကတော့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် လုပ်ပြီး ကူညီပါတယ်။ ဝိုင်းလေးလည်း သီ ချင်းတွေ တောက်လျှောက် ရေးနေတယ်။ တကယ်လို့ အချိန်ရရင် ပရိသတ် တွေအတွက် သီချင်း တစ်ပုဒ်လောက် လက်ဆောင်ပေး ချင်ပါတယ်” လို့ သူမက ပြောပါတယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ-မင်းမင်းထွန်း