မြို့ပေါင်း ၁၉မြို့ကို သွားရောက်ဖျော်ဖြေမယ့် G-Dragon

0
210

G-Dragon

Big Bang ရဲ့ အဖွဲ့ဝင် G-Dragon ရဲ့ ကမ္ဘာတစ်ဝှမ်းရှိ မြို့ပေါင်း၁၉ မြို့ကို သွားရောက် ဖျော်ဖြေမှုကို စတင်တော့မှာပါ။ ဧပြီ ၂၅ ရက်နေ့က G-Dragon ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲ G-DRAGON 2017 CONCERT: ACT III, M.O.T.T.E (Moment Of Truth The End)” ကို ဆိုလ်းရဲ့ ကမ္ဘာဖလား အားကစားကွင်းမှာပြုလုပ်ခဲ့ပြီး အဲ့ဒီပွဲမှာ G Entertainment က ခရီးစဉ်ကို အတည်ပြုခဲ့တာပါ။ ကမ္ဘာအနှံ့သွားရောက်မယ့်အစီအစဉ်ကို ဇွန်လ ၁၆ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ပထမဆုံးသွားရောက်မယ့် မြို့က မကာအိုလို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ စင်ကာပူ ၊ ဘန်ကောက်တို့ကိုပါ သွားရောက်မှာပါ။ G-Dragon ရဲ့ ယခုတစ်ခေါက် ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ကမြောက် အမေရိကကိုအာရုံစိုက်ထားတာတာ ဖြစ်ပါတယ်။ G-Dragon က ဒီတစ်ခါ ရှိုးပွဲပြီးရင် စစ်မှုသွားရောက် ထမ်း ဆောင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here