မှော်ဘီမြို့ ၄၅မိုင်က မိဘမဲ့ ပရဟိတကျောင်းမှာ အဝီစိတွင်း တူးရန်အတွက် အလှူငွေ လှူဒါန်းခဲ့တဲ့ စမိုင်း

0
156

smile

သရုပ်ဆောင်စမိုင်းက မှော်ဘီ မြို့ ၄၅မိုင်မှာရှိတဲ့ အေးချမ်းသာ မိဘမဲ့ ပရဟိတကျောင်းမှာ အဝီစိ တွင်းတူးရန်အတွက် အလှူငွေကျပ် ၁ဝသိန်းလှူဒါန်းခဲ့ကြောင်း သိ ရပါတယ်။ အခုလိုလှူဒါန်းဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး စမိုင်းက ..

” အွန်လိုင်းမှာ အစ်မအသိ တစ်ယောက်က အဲဒီမှာလှူတာတွေ့ တော့ သူ့ကိုမေးကြည့်လိုက်တာ။ အဆင်ပြေလို့ရှိရင် အစ်မလည်း လှူချင်တယ်လို့၊ ဘုန်းကြီးကျောင်း ကလည်း တော်တော်လေးကို အခက် အခဲဖြစ်နေတဲ့ ကျောင်းဆိုတော့ ချက်ချင်းသွားလှူဖြစ်သွားတယ်။ ဘုန်းကြီးကျောင်းမှာက မိဘမဲ့ ကလေးတွေက အယောက်၉ဝကျော် ရှိတယ်။ ရေလည်းမသန့်တော့ ကလေးတွေမှာ အနာတွေဖြစ်နေတာ တွေ့ရတယ်။ အဲဒါကြောင့် အဝီစိ ရေတွင်းတူးပေးလိုက်ရင် ရေသန့် လေးထွက်လာရင် ကလေးတွေ အတွက် အများကြီးအဆင်ပြေသွား မှာဆိုတော့ လှူဖြစ်သွားတာပါ” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here