အနုပညာ အရည်အသွေးတွေ ပြည့်ဝဖို့အတွက် ကျွန်တော် ကြိုးစားမယ် အောင်မင်းခန့်

0
207

Aung-Min-Khantသရုပ်ဆောင် အောင်မင်းခန့်က အခုလတ်တလော မှာတော့ သူ့ရဲ့ ၆ ကားမြောက် စီးရီးတွဲဖြစ်တဲ့ “ပဉ္စလက်ရွာ” စီးရီးတွဲကို ပုပ္ပါးဒေသ မှာ သွားရောက် ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီ ဇာတ်လမ်းတွဲက ပဉ္စလက်ဆန်ဆန် ဇာတ်လမ်းဖြစ်ပြီး ပရိသတ် ကြည့်ရှုရင် လည်း အမြင်ဆန်းပြီး အသစ် အဆန်းတွေ မြင်တွေ့ ရမယ့် ဇာတ်လမ်းတွဲဖြစ်ကြောင်း အောင်မင်းခန့်က ပြောပါတယ်။

“ကျွန်တော် အရှေ့မှာ တစ်ခါမှ မရိုက်ကူး ဖူးသေးတဲ့ ပုံစံမျိုး ဆိုတော့ ကျွန်တော့် အတွက် ပိုထူးခြားနေပါတယ်။ အရှေ့ စီးရီးတွဲတွေမှာ ကျတော့ ရိုးရိုးတန်းတန်း ဒီခေတ်ပုံစံမျိုး တွေပဲ လုပ်သွားတာပေါ့နော်။ အခုကျတော့ နည်းနည်း ရှေးဆန်တယ်။ ပြီးတော့ ကျွန်တော် တစ်ခါမှ မလုပ်ဖူးတဲ့ မျက်လှည့် အကွက်အဆန်းတွေပါတော့ ကျွန်တော်ပို ဂရုစိုက်ရတယ်။ အရင် စီးရီးတွဲတွေ ထက် ပိုကောင်းအောင် လည်း ကျွန်တော် ကြိုးစားထား တယ်။ ဒီဇာတ်လမ်းတွဲ က ကျွန်တော့်ကို ပရိသတ် တွေ တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံမျိုး မြင်တွေ့ ရမှာဖြစ် ပြီး နေရာအသစ် အဆန်း လေးတွေလည်း မြင် တွေ့ရမှာဆိုတော့ ပရိသတ်တွေ အတွက်ရော၊ ကျွန်တော့် အတွက်ပါ အသစ် အဆန်း ဖြစ်စေမယ့် ဇာတ်လမ်းတွဲပါ”လို့ ရိုက်ကူးနေတဲ့ ဇာတ်လမ်း တွဲနဲ့ ပတ်သက်ပြီး အောင်မင်းခန့်က ပြောပြပါ တယ်။ ဒီဇာတ်လမ်းတွဲ ကို ၆လပိုင်းလ လယ်လောက် ထိ ရိုက်ကူးသွားမှာ ဖြစ်ပြီး ဇာတ်လမ်းတွဲ ပြသ လာတဲ့ အခါမှာလည်း ပရိသတ် ဆက်လက် အား ပေးကြဖို့ အောင်မင်းခန့်က ပြောပါတယ်။ သူ့ရဲ့ရှေ့ ဆက်လုပ်ဆောင် သွားမယ့် အနုပညာ အစီအစဉ်များ နဲ့ ပတ်သက် ပြီးတော့လည်း အောင်မင်းခန့်က…

“ဒီဇာတ်လမ်းတွဲ ပြီးရင်တော့ ဗီဒီယိုဇာတ်ကား တွေ ရိုက်ကူးဖို့ ရှိတယ်။ တခြား လက်ခံမယ့် အလုပ် တွေရှိ တယ်။ ပြီးတော့ ရုံတင်ပြသမယ့် ဇာတ်ကား တွေလည်းရှိ နေတယ်။ အမြန်ဆုံး ရုံတင် ပြသနိုင်အောင် လုပ်နေတယ်လို့ ကြားတယ်။ ထူးထူးခြားခြား အစီစဉ်ရယ် လို့တော့ မရှိသေး ဘူး။ ဇာတ်ကား ရိုက်ကူးဖို့ အစီအစဉ်တွေ ပဲရှိတယ်။ အနု ပညာ အရည်အသွေးတွေ ပြည့်ဝဖို့ အတွက် လည်း ကျွန်တော် ကြိုးစားမယ်။ ပရိသတ်တွေ ဆီကလည်း အကြံဥာဏ် များယူပြီး အမြဲ သင်ယူနေဦးမှာပါ”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here