Saturday, December 21, 2024

ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေး...

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက က‌ပြောသည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ...

မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း (အင်ဒရာပရာဒေ့ရှ်ကမ်းလွန်)တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်မွန်းလွဲ ၂...

အိန္ဒိယက ပြုံယမ်း၌ သံရုံးပြန်လည်ဖွင့်လှစ်

ပြုံယမ်း၊ဒီဇင်ဘာ ၂၀ အိန္ဒိယသည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကိုစောင့်ကြည့်ရန်နှင့် ဒေသတွင်းလုံခြုံရေး အကျိုးစီးပွားများအပါအဝင် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသဖြင့် သုံးနှစ်ကြာဆိုင်းငံ့ထားသည့်မြောက်ကိုရီးယားရှိ ၎င်း၏သံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟုသိရသည်။ ယခုသံရုံးပြန်လည်ဖွင့်လှစ်မှုသည် သုံးနှစ်ခွဲကြာပြီးနောက်...

Call centre မှတဆင့် စားအုန်းဆီမှာယူသူ...

စားအုန်ဆီကို (Door to Door) စနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင် Call centre မှတဆင့် စားအုန်းဆီမှာယူသူ (၁၀၀၀၀၀) အထိ...
HomeCelebrities' Newsလောင်းကစားလုပ်တယ် ဆိုတာ လွဲမှားတဲ့...

လောင်းကစားလုပ်တယ် ဆိုတာ လွဲမှားတဲ့ စီးပွား ရှာနည်းတစ်ခုပါ ရတနာဗို

Yadanar-BOဒီနေ့ မြန်မာ့လူ့ဘောင် အဖွဲ့ အစည်းအတွင်းမှာ လောင်းကစား လုပ်ငန်းတွေဟာ လူမှုဘဝ ရပ်တည် မှု ဖြေရှင်းနည်း တစ်ခုပမာ အမြစ် တွယ် ကြီးမား ကျယ်ပြန့်စွာ တည်ရှိ နေပြီး တရားဥပဒေကိုတောင် မျက် ကွယ်ပြု လစ်လျူရှု နေတာတောင် မြင်တွေ့နေပါတယ်။ ၂လုံး၊ ၃လုံးထီ ထိုးကြတာ။ ဂိမ်းလောင်း အစား လုပ်ကြတာ၊ ဘောလုံးပွဲ လောင်းကစား လုပ်ကြတာ စတဲ့ လောင်းက စားများ အပြင် အခြားလောင်းကစား နည်းများလည်း ခေတ်သစ် ယဉ်ကျေး မှုတစ်ခုနှယ် ဘဝပျက်လောက် အောင်ထိ ဘဝ အနာဂတ် မဲ့လောက် အောင် ထိ လုပ်ကိုင်နေကြတာက စာရိတ္တ ပျက်ဆီးစေပြီး ဒုစရိုက် လုပ် ငန်းများ လက်ရဲဇက်ရဲ ကျူးလွန်လုပ် ကိုင်လာတဲ့အထိ လူ့ အဖွဲ့အစည်း တစ်ခုလုံး တွန်းပို့စေရာ ဘေးထွက် ဆိုးကျိုးများ ရရှိစေပါတယ်။ လောင်းကစားနဲ့ ပတ်သက်လို့ တိုင်းပြည်အတွက်ရော၊ လူငယ်နဲ့ လူ့အဖွဲ့အစည်းအတွက်ပါ ကောင်း ကျိုးထက် ဆိုးကျိုးများ ပိုမိုဖြစ်တည် စေတာမို့ လူငယ်အမျိုးသမီး အနုပညာရှင် ရတာဗိုရဲ့ အမြင်များ ကို တွေ့ဆုံမေးမြန်း တင်ဆက်လိုက် ပါတယ်။

လောင်းကစား အလုပ်နဲ့ အကျိုးပေး တာမယုံ ကြည်ဘူး

လောင်းကစာလုပ်တာ က ညီမ တအားမုန်းတဲ့ အထဲမှာ ပါတယ်။ ညီမတို့ နယ်ဘက် မှာ နေတုန်းက ဆိုရင် အဲဒီ ဘက်မှာ ချဲထီတွေ တအား ခေတ်စားတယ်။ ညီမက ထီတောင် မထိုးဘူး။ ထီက တော့လောင်းကစား တော့ မဟုတ်ဘူးပေါ့နေယ်။ ထီတောင် မထိုးဘူး။ ကိုယ်ကိုယ်တိုင် ကလည်း အလကားရမယ့် ကံမပါတော့ ပိုက်ဆံတောင် ခုချိန်ထိ ကောက်ရ ဖူးတာ မဟုတ်ဘူးဆိုတော့ အဲဒါ တွေ လုပ်ဖို့ကိုလည်း သိပ်ပြီးတော့ မယုံကြည်ဘူး။ ညီမရဲ့ ကံဇာတာ ကလည်း ကိုယ်လုပ်မှ ကိုယ်ရတာ။ ကိုယ်ကြိုးစားမှ ကိုယ်ဖြစ်တယ်။ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ် တည်လာခဲ့တဲ့ လူမျိုးဆိုတော့ အဲဒါ တွေကို မျှော်လင့်ပြီး လုပ်တာကို တော့ မကြိုက်ဘူး။ တကယ် တမ်း တော့လူတွေက ပြည့်ပြည့်စုံစုံ နေချင် ကြတယ်။ လောဘ ရှိကြတယ်။ အဲဒီ လောဘတွေ ကြောင့်ပဲ လွဲမှားသွား တဲ့ စီးပွားရှာ နည်းတစ်ခု ဖြစ်သွား ကြတယ်ထင်တယ်။ တချို့ကြတော့ လည်း အဲဒီနည်းတွေနဲ့ အကျိုးပေး တယ်လို့ ကြားဖူးတယ်။ အဲဒါကိုတော့ ညီမ မယုံကြည်ဘူး။ လူကြီးမိဘတွေ ပြောဖူးတာ ကြားဖူးတယ်။ လူတစ် ယောက်ရဲ့ဘဝ မှာ ကံကောင်းခြင်းက ၃ကြိမ် ၃ခါ ပေးတယ်လို့ ကြားဖူး တယ်။ သူတို့ ကံတရားပေးလာတဲ့ အချိန်နဲ့ သူတို့ လောင်းကစား လုပ်တဲ့ အချိန်နဲ့ တိုက်ဆိုင် သွားတာဖြစ်မယ် လို့ ညီမ ထင်တယ်။ အကျိုးပေးတယ်၊ မပေး ဘူးဆိုတာ ကိုယ့်လုပ်ဆောင် ချက်ပေါ် မှာပဲ မူတည်တယ်။ ကိုယ် ကောင်းတာလုပ်ရင် ကောင်းတာ အကျိုးပေး မှာပဲ။ မကောင်းတာ လုပ်ရင် မကောင်းတာက အကျိုး ပေးမှာပဲ။ တိုက်ဆိုင်မှုကြီး က ခဏ တစ်ဖြုတ်ပဲ ဖြစ်မယ်လို့ ညီမထင် တယ်။ သူတို့ အကျိုးပေးတယ်လို့ ထင်တာတွေက ခဏတော့ ကြီးပွား လာတယ်။ နောက်ပိုင်းကျတော့ ဒါနဲ့ပဲ ပြန်ပါ သွားတာပဲလို့ ညီမမြင် တယ်။ ကိုယ် ကလည်း ဗုဒ္ဓဘာသာ လူမျိုးဆိုတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ် မယ်။ မကောင်းတာ လုပ်တဲ့ အတွက် ပြန်ခံစားရမယ်လို့ ထင်တယ်။ ဘာပဲပြောပြော အဓိကကတော့ လောဘ တွေကြောင့် ဖြစ်တာ ဆိုတော့ စေတနာမှန်၊ အလုပ်ကို ကြိုးစားပြီး ကောင်းမွန်တဲ့ နည်းလမ်း နဲ့ အလုပ် လုပ်ကြရင်တော့ ကောင်းတဲ့ ဘဝတွေ ရရှိလာမှာပါ။

မိသားစု ဘဝတွေ ပြိုကွဲပြီး ထွက်ပြေးနေရတဲ့ လူတွေတောင် ရှိနေတယ်လို့ ကြားဖူးတယ်

တချို့ကျတော့လည်း ဝါသနာ ပါသွားကြတာ ဖြစ်မယ်။ ဘာလို့လဲ ဆိုတော့ မွေးကတည်းက ၂လုံး၊ ၃လုံး ဆိုတာ သိပြီး မွေးလာတာမှ မဟုတ်တာ။ ကြီးလာမှ နီးစပ်ရာ ပတ်ဝန်းကျင်ကြောင့်၊ ကိုယ့်မိဘက လောင်းကစား လုပ်တယ်။ မိဘတွေ လုပ်ကိုင်နေတာ မြင်နေတော့ သားသမီးတွေ ကလည်း လုပ်တတ် သွားကြတာရှိတယ်။ အဲဒီလိုမျိုး ပတ်ဝန်းကျင် အနေအထားကြောင့် ဝါသနာ ဖြစ်သွားကြတာ ထင်တယ်။ တကယ်တော့ ဒါတွေက မကောင်းဘူး လို့ပဲ ပြောချင်ပါတယ်။ တကယ်လည်း မကောင်းပါဘူး။ တချို့ဆို မိသားစု ဘဝတွေ ပြိုကွဲပြီး ထွက်ပြေးနေရတဲ့ လူတွေတောင် ရှိနေတယ်လို့ ကြား ဖူးတယ်။ ညီမတို့ မန္တလေးမှာ နေတော့ ရပ်ကွက်ထဲမှာ နေရတာ ဆိုတော့ အမျိုးမကင်းတဲ့ သူတွေထဲ မှာလည်း ဘာထိုးလိုက်တယ်၊ ဘာ ပေါက်တယ်၊ ဘယ်ဘုန်းကြီးဆီသွားတာ ဘယ်သူ့ဆီသွားပြီး ဂဏန်း တောင်းရတာမျိုးတွေ၊ အိပ်မက်မက် လို့ ထိုးရ တာမျိုးတွေ မြင်နေရ၊ ကြားနေရ တယ်။ ကိုယ်ကတော့ အဲဒါမျိုးတွေ စိတ်မဝင်စားတော့ ဘာမှမလုပ်ဖြစ် ဘူး။ ဒါတွေလုပ် နေတာကို သဘောလဲ မကျဘူး။ ညီမတို့ အရွယ် နည်းနည်းရောက်လာ တဲ့အခါ ကျတော့ ညီအစ်မ ဝမ်းကွဲလေးတွေ ဒါတွေလုပ်နေတာ တွေ့တော့ ကိုယ့်ကိုဒါမကောင်း ဘူးလားလို့ လာမေးရင်တော့ မကောင်းဘူးလို့ပဲ ပြောချင်တယ်။ ဒါပေမဲ့ လူတိုင်းက ကိုယ့်အတွေး နဲ့ကိုယ်သွားနေကြတာ ဆိုတော့ တအားကြီး ပြောရင်လည်း မကောင်း ဘူး။ ဒီနေရာမှာတော့ အားလုံးကို ပြောချင်ပါတယ်။ ဒီလောင်းကစား အလုပ်ဟာ မကောင်းပါဘူး။ ဒါတွေ မလုပ်ကြဖို့ ပြောချင်ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071