ဇာတ်ပွဲကြည့်ရမှာကို ရှက်တယ်ဆိုတဲ့လူတွေရှိတယ် စွမ်း

0
259

Swan

စွမ်းဇာနည်အနေနဲ့ သူ့ရဲ့ ဇာတ်ရုံပြင်ဆင်မှုအပိုင်းကို အဓိကထားကြိုးစားလုပ်ဆောင်လေ့ရှိသူ တစ်ဦးပဲဖြစ်ပါတယ်။ ဇာတ်ရုံကို အကောင်းဆုံးဖြစ်အောင် မွမ်းမံရင်း ငွေကျပ် သိန်းထောင်ချီလည်း အကုန်အကျခံကာ တည်ဆောက်ထား သူတစ်ဦးလည်း ဖြစ်ပါတယ်။ ပဲခူးဘုရားပွဲမှာလည်း ဇာတ်ရုံ တည်ဆောက်မှုက ကျပ်သိန်း၂၅ဝဝကျော် လောက်ရှိခဲ့ပါတယ်။

” တင်ဆက်မှုတွေ Decoration တွေကောင်းရင် လူဝင်ပိုများတယ်။ ဒီပိုက်ဆံက ပဲခူး ၁ဝ ရက်တည်း နဲ့တော့ မကျေလည်း မကျေသလို အမြတ်လည်း မထွက်ပါဘူး။ ဒါပေမဲ့ ဒါကြီးက ပဲခူးအတွက် မြတ်အောင်ဆိုပြီးတော့ မဟုတ်ပါဘူး။ ကျန်တဲ့ပွဲတွေမှာလည်း ဒီဇာတ်ရုံထဲကသုံးလို့ ရတာတွေကို ပြန်သုံးလိုက်မယ်။ ဇာတ်ရုံ ကတော့ ကျွန်တော့်အတွက် အိမ်ဝယ်ထားသလို ပါပဲ။ ပရိသတ် ရဲ့ကြိုက်နှစ်သက်မှုကိုလည်း ခံစားရပါတယ်” လို့ ဇာတ်ရုံနဲ့ ပတ်သက်လို့ စွမ်းက ပြောပါတယ်။

စွမ်းအနေနဲ့ ဇာတ်ရုံပိုင်းနဲ့ ပတ်သက်လို့ အထူးအလေးထားကာ ကြိုးစားလုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ဇာတ်ရုံကို သူ့အနေနဲ့ အလေး ထား လုပ်ဆောင်နေမှုနဲ့ ပတ်သက်လို့ သူနဲ့ တွေ့ဆုံခိုက်မေး မြန်းဖြစ်တဲ့အခါမှာတော့ …

” တင်ဆက်မှုကိုတော့ ကျွန် တော်က ဦးဆောင်နေတာဆိုတော့ ဖျော်ဖြေမှုမှာ ကျွန်တော်က တိုက်စစ်ပဲ။ စင်ပေါ်ရောက်သွားလို့ ကျွန်တော်က တောက်လျှောက်ကြိုးစားသွားရင် မိုးလင်းရင်ပရိသတ်က စွမ်းသဘင် ကောင်းတယ်ဆိုတာ နာမည်ထွက် တယ်။ Decoration ပိုင်းကျတော့ ကျွန်တော်ကိုယ်တိုင်လည်း ဝါးဇာတ်ရုံတွေဘာတွေလည်း မဆောက်တတ် ဘူး။ မီးလည်း ကျွန်တော်မထိုးတတ်ဘူး။ စက်လည်း ကျွန်တော်မချိန်တတ်ဘူး။ အကောင်းဆုံးပစ္စည်းကိုပဲ ကျွန်တော်က ဝယ်ပေးနိုင်တာတစ်ခုပဲရှိတယ်။ အဲဒီ့အတွက် ကျွန်တော်က ကိုယ်မလုပ်နိုင်တာကို ဦးစားပေး ပြီးတော့ ဖြည့်ဆည်းပေးဖြစ်တာပါ”လို့ စွမ်းက ပြောပါတယ်။

ဇာတ်ရုံပစ္စည်းတွေကိုတော့၊ အမေရိကန်၊ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံက ဝယ်ယူအသုံးပြု ဖြစ်ပြီး ဇာတ်ရုံကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြည့် တင်းနေတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဇာတ် ရုံကို ဖြည့်တင်းနေရခြင်းအကြောင်း အရင်းတစ်ခုလည်း ရှိနေပါသေးတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးလည်း စွမ်းက ” ဇာတ်ပွဲကြည့်ရမှာကိုရှက်တယ်ဆိုတဲ့ လူတွေရှိတယ်။ ဘာလို့လဲပေါ့။ show ပွဲတွေဆိုရင် စက်တွေ မီးတွေကို အကောင်းဆုံးဖြစ် အောင်လုပ်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သဘင်ဇာတ်တွေမှာ လည်း လုပ်ထားတာတွေ ကပိုလို့ တောင် ကုန်ကျပါတယ်။ အဲဒါကို ဘာဖြစ်လို့ သဘင်ကို ကြည့်ရမှာ တောင်ရှက်ကြတာလဲပေါ့။ ဒါ ကြောင့် လူငယ်တွေကအစ သဘင် ကိုစိတ်ဝင်စားလာအောင်ကျွန်တော် တို့ကီနခသမအေငသည ပိုင်း တွေမှာ ရော၊ မီးပိုင်း၊ စက်ပိုင်းတွေပါရော ဖျော်ဖြေမှုပိုင်းတွေမှာပါ အကောင်း ဆုံးဖြစ်အောင်လုပ်တယ်။ တင်ဆက် တဲ့အခါမှာလည်း မြန်မာ့အနုပညာ လည်း ပါသလို ခေတ်နဲ့လျော်ညီတဲ့ လူ ငယ်အကြိုက်ကိုလည်း ကျွန်တော်တို့က တင်ဆက်ပေးရပါတယ်။ အမယ်စုံမှ အားလုံးနှစ်သက်မှာ ဖြစ်တဲ့အတွက် ကြောင့်ပေါ့” လို့ ပြောပါတယ်။

လင်းအက္ခရာ၊ ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here