ပြည်မြို့မှာ ဘုရားစုံဖူးရင်း မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ နေဝင်း

0
195

Nay-Winအသက် တစ်နှစ် ကြီးလာတာနဲ့အမျှ လုပ်စရာရှိတဲ့ ကိစ္စတွေ၊ ရှေ့ ဆက်သွားမယ့် ရည်မှန်းချက်တွေ အတွက် အားအင် အပြည့်နဲ့ ဆက် လှမ်းဖို့ အသင့်ပါပဲလို့ ဧပြီလ ၂၅ ရက် မွေးနေ့ရှင် ဟစ်ဟော့ပ် အဆို တော်နေဝင်းက ပြောပါတယ်။ နေဝင်းရဲ့ မွေးနေ့ဖြတ်သန်းမှု က

“ဒီနှစ်မွေးနေ ကတော့ ကျွန်တော် ရန်ကုန်မှာ မရှိဘူး။ ပြည် မှာရှိတော့ ပြည်ဘက်မှာရှိတဲ့ ဘုရားတွေ သွားဖူးတယ်။ ဦးကျော်သူ တည်ထားတဲ့ ဘုရား၊ ရွှေဆံတော် ဘုရား၊ အကောက်တောင် အပါအ ဝင် ဘုရားတွေ အစုံသွားတယ်။ ဘုရား တွေမှာ အလှူငွေထည့် တယ်။ သူငယ်ချင်းတွေနဲ့တောင် မတွေ့ရ သေးဘူး။ ကျွန်တော်က ပြည်ရောက်နေတာဆိုတော့လေ”လို့ သိရပါတယ်။

ဖေ့စ်ဘုတ်မှာ Birthday Wish လုပ်ပေးကြတဲ့ ပရိသတ် တွေ၊ သူငယ်ချင်းတွေကို ကျေးဇူးတင်ကြောင်း ပြောတဲ့ နေဝင်း ကို သူ့ကောင်မလေး ကကော ဘယ်လိုတွေ Surprise  လုပ်သလဲဆိုတာ မေးဖြစ်ခဲ့ပါသေးတယ်။

“ကျွန်တော့် ကောင်မလေးက ည၁၂နာရီ ထိုးတာနဲ့ Birthday Wish လုပ်ပါတယ်။ ကျွန်တော့်ကိုပေးမယ့် မွေးနေ့လက်ဆောင် ကို ဖွက်ထား တယ်။ သူကတော့ ပထမဦးဆုံးပါပဲ” လို့ နေဝင်းက ဆိုပါတယ်။ ကျန်းမာရေး ပြန်လည ကောင်းမွန်လာပြီဖြစ်တဲ့ နေဝင်းက သူတို့ Snare  အဖွဲ့ရဲ့ တတိယ တစ်ကိုယ်တော် အခွေနဲ့အတူ တခြား အစီအစဉ်လေး တွေလည်း ရှိကြောင်းပြောပါတယ်။ သူ့ရဲ့ OMG Clothing  ကိုတော့ Junction City မှာ အသစ်ထပ်မံ ဖွင့်လှစ်ထား ကြောင်း သိရပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here