၂ဝ၁၇ခုနှစ်မှာ ပုံစံသစ် တစ်မျိုးနဲ့ မြင်ရဦးမယ့် ဖြူဖြူကျော်သိန်း

0
180

phyuအဆိုတော် ဖြူဖြူကျော်သိန်းက ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့အလှူ အဖြစ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ခွဲစိတ်လူနာ သုံးရာအတွက် နေ့လယ်စာ ထမင်းနဲ့ဟင်းများ လှူဒါန်းခဲ့ပါတယ်။ အသက်တစ်နှစ်ကြီးသွားတိုင်း ကိုယ်ဘာတွေ လိုအပ်တယ်၊ ဘာတွေ တိုးတက်လာတယ် ဆိုတာ အမြဲ ဆန်းစစ်ဖြစ်တယ် ဆိုတဲ့ ဖြူဖြူ ကျော်သိန်းက

“မွေးနေ့မှရယ်တော့ မဟုတ်ပါဘူး။ နေ့စဉ်လို ညအိပ်ရာဝင် တိုင်း ငါဒီနေ့ ဘာတွေလိုလဲ၊ ဘာအားနည်းချက် ရှိလဲဆိုတာ အမြဲ သုံးသပ်ဖြစ် တယ်။ အားနည်းချက်တွေ ရှိရင်လည်း ပြင်တယ်။ ဒီနှစ်မွေး နေ့မှာတော့ ရန်ကုန် ဆေးရုံကြီးမှာ အလှူ လုပ်ဖြစ်တယ်။ အသက် တစ်နှစ် ပိုကြီးလာတိုင်း လုပ်စရာရှိတဲ့ ကိစ္စတွေ၊ လုပ်ချင်တဲ့ကိစ္စတွေ ပိုများလာတာပေါ့”လို့ ဖြူဖြူကျော်သိန်းက သူမရဲ့မွေးနေ့ အမှတ်တရ အနေနဲ့ ပြောပါတယ်။ ဖြူဖြူကျော်သိန်းက ဒီနှစ်မှာတော့ သူ့အနေနဲ့ စီးရီးသစ် ထွက်ရှိလာဖို့ မရှိသေးဘဲ  single song များသာ ဖြန့်ချိသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ “တစ်ခွေလုံးအနေ နဲ့က  lazy club နဲ့ လုပ်ထား တာပြီးသလောက် ရှိပြီ။ ဒါပေမဲ့ စီးရီးတစ် ခွေလုံး ထုတ်ဖို့ဆိုတာ ခုချိန်မှာက သိတဲ့အတိုင်း မလွယ်ကူတော့ဘူး ဆိုတော့ ဒီနှစ်ထဲမှာတော့ ပရိသတ်တွေလည်း သီချင်းသစ်တွေ ခံစားနိုင်အောင် single အနေနဲ့ တစ်ပုဒ်စီဖြစ်ဖြစ် ဖြန့်ချိသွားဖို့ ရှိပါတယ်။ ဖက်ရှင်ပိုင်း ကတော့ ဖြူဖြူက သင်္ကြန် နဲ့ ပွင့်လင်းရာသီ အစမှာ အပြောင်း အလဲ လုပ်လေ့ရှိတော့ ဒီနှစ်မှာလည်း ဖက်ရှင်ပိုင်းကို အပြောင်းအလဲလေး လုပ်ဖို့ရှိပါတယ်။ ဒီပွင့်လင်းရာသီ ကာလ ကစပြီး ဖြူဖြူကို ဖက်ရှင် ပုံစံတစ်မျိုးနဲ့မြင်ရမှာပါ”လို့ ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here