အွန်လိုင်းပေါ်ရောက် ကာတွန်းများနဲ့ ကာတွန်းဆရာတို့သဘောထား

0
242

ctn

ကာတွန်းဆိုတာ ရေးဆွဲဖန်တီးသူရဲ့ စိတ်သန္တာန်မှာ ခံစားရတဲ့ ခံစားချက်ကို ပုံရိပ်အဖြစ်နဲ့ ပရိသတ်ရင်ဘတ်ထဲ ရောက်အောင်ချပြကြ တာပါ။ ရေးဆွဲသူကာတွန်းဆရာရဲ့ ခံစားမှုပုံရိပ်နဲ့ ပရိသတ်နဲ့ရင်ဘတ် ချင်း ခံစားချက်နီးတဲ့အခါ စွဲမြဲစွာခံစားရတဲ့ အနုပညာပါ။ ယနေ့ခေတ် မှာတော့ အွန်လိုင်းမီဒီယာရဲ့ ထွန်း ကားတိုးတက်လာမှု ကောင်းကျိုးဆိုးကျိုးတွေကလည်း ကာတွန်းဆရာတွေအတွက် ခံစားမှုတစ်ခုဖြစ်တည်လာပါတယ်။ ကာတွန်းဆရာတွေရဲ့ ခံစားချက်ပုံရိပ်ကို ပြောင်းပြန်အရေး အသားထည့်ကာ ပုံဖော်မှုတွေလည်း ရှိနေတယ်လို့ ဆရာစိုးသော်တာက အခုလို ပြောပါတယ်။

” ကာတွန်းဆရာတစ်ယောက်က ဒီနေ့ကာတွန်းရေးလိုက်တယ်။ အွန်လိုင်းမှာ ဖြစ်ဖြစ်၊ သတင်းစာမှာဖြစ် ဖြစ် ရေးလိုက်တယ်။ အဲဒီကာတွန်း ကရေးတာတခြားအကြောင်း အရာ ပေါ့။ အခုကတချို့လူတွေက များ သောအားဖြင့် စာသားတွေ ပြောင်းပြီး တခြားဟာတွေ ဖြည့်ထည့် တယ်။ ကိုယ့်ဟာကိုယ်ရေးထည့်ပြီး တော့ ပေါ့။ ကာတွန်းဆရာရေးတဲ့ ပုံစံ မဟုတ်ဘဲနဲ့ ဆန့်ကျင်ဘက်တွေ ရေးတယ်။ ကာတွန်းဆရာက တစ်ခုခုကို ရေးထားတယ်။ သူကပါတီကို ပြောတာတို့ဘာတို့ တစ်ခုခုကို ပြန်ပြောင်း ပြီး ရေးထားတာ။ အဲဒီလို အမှုတွေအများကြီးရှိတယ်” လို့ ဆရာစိုးသော်တာက ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ကာတွန်းဆရာရဲ့ ကာတွန်းပုံကိုယူပြီး ကာတွန်းဆရာရဲ့ လက်မှတ်ဖျောက်ကာ အသုံးချမှုတွေလည်း ရှိကြောင်းကို ဆရာစိုးသော်တာက ပြောပါတယ်။

” ဟိုတလောကဆိုရင် မြန်မာ အိုင်ဒေါကသားငယ်ပုံလေးကို ကာတွန်းဆရာက သူ့ဟာသူ လေးရောင်စပ်နဲ့ရေးထားတာ။ သူက သားငယ်ကို သဘောကျလို့ ရေးထား တာ။ အဲဒါကိုအွန်လိုင်းကလူတွေက တွေ့ပြီးတော့ တီရှပ်တွေရိုက်ပြီး ရောင်းတာ။ အောက်ကကာတွန်း ဆရာရဲ့ လက်မှတ်တွေလည်း မပါဘူး ပေါ့” လို့ ဆရာစိုးသော်တာက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ကာတွန်ဆရာများအသင်းဖြစ် မြောက်လာပြီဖြစ်တဲ့အတွက် အဆိုပါအကြောင်းအရာမျိုးတွေအပေါ်မှာ အသင်းက ဖြေရှင်းနိုင်မယ်ထင် ကြောင်းလည်း သူ့ရဲ့အမြင်ကို ပြော ပြပါတယ်။ ဆက်လက်ပြီး ကာတွန်းဆရာ များရဲ့ ဖန်တီးမှု လက်ရာကာတွန်းများ ကို ခွင့်ပြုချက် မယူဘဲမိမိတို့ အကျိုးအတွက် အသုံးပြုနေကြခြင်းနဲ့ ပတ် သက်ပြီး ကာတွန်းဆရာ မိုးထက်မိုးက…

” အဲဒါတော့မကောင်းဘူးပေါ့ဗျာ။ Facebook ဆိုတာတော့ Share ပိုင်ခွင့်ရှိလို့ Share ဆိုတာကို ထည့်ထားတာပေါ့။ ဒါ Share ပိုင်ခွင့်တော့ရှိပါတယ်။ ဒါပေမဲ့ ပိုက်ဆံ မပေးရဘူးဆိုတိုင်းလည်း ဒါလူ့ အသိစိတ်ဓာတ်နဲ့ပဲ ဆိုင်တာပေါ့ နော်။ သူများဖန်တီးထားတဲ့ အသိဥာဏ်(ဥာဏ)ကို Credit တောင် မပေးဘဲနဲ့ Save လုပ်ကူးပြီးတော့ ကိုယ့်ရဲ့ Page ပေါ်မှာ ပြန်တင်ပြီး ကိုယ့် Page, account နာမည်ကြီး အောင်လုပ်တဲ့ဟာမျိုးတွေကျ မကောင်းဘူးပေါ့။ တစ်ခုပဲကျွန်တော် ဖြစ်စေချင်တာက ကိုယ်ချင်းစာစိတ် လေးပေါ့။ ကိုယ်ဖန်တီးထားတဲ့ဟာကို သူများအဲဒီလိုလုပ်သွားရင် ကိုယ် ကြိုက်မလားပေါ့” လို့ ဆရာ မိုးထက်မိုးကလည်း သူ့ရဲ့ခံစားချက်အမြင်ကို ပြောပြခဲ့ပါတယ်။

မျိုးကျော်(ကနောင်သွေး)
ထူးရွှေရည်ဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here