ပြေတီဦး ရဲ့ ဥက္ကဋ္ဌ ရွေးပွဲကို မေလ ၄ ရက် မှာ စတင်မယ်

0
536

Pyay-Ti-Ooပြေတီဦးက သူ့ရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေး ဖြစ်တဲ့ သုဒြာ ရုပ်ရှင် ထုတ်လုပ်ရေးကနေ ၃ကားမြောက် ရိုက်ကူးမယ့် “ဥက္ကဋ္ဌရွေးပွဲ” ဟာသ ရုပ်ရှင် ဇာတ်ကားကြီးမှာ ရန်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည် တို့နဲ့ သရုပ်ဆောင် ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်း ကတော့ ညောင်ညောင် ရေးပေးထားတယ် လို့ သိရပါတယ်။ “ဥက္ကဋ္ဌရွေးပွဲ” ဟာသရုပ်ရှင် ဇာတ်ကားကြီးရဲ့ ဇာတ်လမ်းပုံစံကိုတော့ ပြေတီဦးက …

“ဒီအချိန်မှာ ဥက္ကဋ္ဌတွေလည်း တအား များလာတယ်။ ဥက္ကဋ္ဌ ဖြစ်ချင်တဲ့ သူတွေလည်း များတဲ့အခါကျတော့ Satire သဘောမျိုး လေးလည်း ပါတာပေါ့။ ဒီဇာတ်ကားလေး ရိုက် ကူးဖို့ အတွက် ဝိုင်းပြီး စဉ်းစားကြတယ်။ ဇာတ်ညွှန်း ကိုတော့ ကိုညောင်ညောင် က ရေးပေးတယ်။ သူလည်း သေသေချာချာလေး အာရုံ စူးစိုက်ပြီး ရေးတဲ့အခါ ကျတော့ ဇာတ်လမ်းရေးပြီး သလောက်က ဖတ်ကြည့်ရတာ တော်တော်လေး အဆင်ပြေတယ်။ ကျွန်တော်တို့ ကားမပြီးခင်မှာ ဇာတ်ညွှန်း က ရေးပြီးပေမယ့် အနေအထားလေး ရှိတော့ ဒီဇာတ်ညွှန်း ပေါ်မှာ ကျွန်တော် တို့က အများကြီး ပြင်ဆင်လို့ရတာပေါ့။ ဒီဇာတ်ကားကို မေလ ၄ ရက်နေ့ မှာ ပြင်ဦးလွင်မှာ စရိုက်ကူး ပါ့မယ်” လို့ ရိုက် ကူးတော့ မယ့် ရုပ်ရှင်ဇာတ်ကား နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ပြေတီဦး တို့ရဲ့ သုဒြာ ထုတ်လုပ်ရေး ကနေ ဒါရိုက်တာ လူမင်းရိုက်ကူးတဲ့ Reflection ဇာတ်ကားနဲ့ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးတဲ့ “တစ်နေ့ ရွှေ တစ်နေ့ငွေ” ရုပ်ရှင်ဇာတ်ကား များကို ထုတ်လုပ် ရိုက်ကူးခဲ့ ပြီးပြီဖြစ်ပြီး နောက်ထပ်လည်း ဇာတ်လမ်းပေါ် မူတည်ပြီး တော့ ရုပ်ရှင် ဇာတ်ကားများ ဆက်လက် ထုတ်လုပ်ရိုက် ကူးသွားဖို့ ရှိကြောင်း ပြေတီဦးက ပြောပါတယ်။

မေလ ၅ ရက် နေ့မှာတော့ ပြေတီဦး ပါဝင် သရုပ်ဆောင်ထားတဲ့ “အရွယ်သုံးပါး ချစ်တတ် သည်” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြ သ တော့မှာဖြစ်ပြီး နောက်ထပ်လည်း ပြေတီဦးရဲ့ ရုပ်ရှင် ဇာတ်ကား ၆ ကား  ၇ကားလောက် ရုံတင် လာဖို့ ရှိနေကြောင်း သိရပါတယ်။ အဲဒီ ဇာတ်ကားတွေ များထဲမှာ သူအားရကျေနပ် တဲ့ ရုပ်ရှင် ဇာတ်ကားများ အကြောင်းကို ပြေတီဦး က …

“ဇာတ်ကား အားလုံးကိုတော့ သေချာ လေး ပြင်ဆင်ထားခဲ့တာပါ။ အားလုံးလည်း အားပေးကြပါဦး။ ကျွန်တော့် အနေနဲ့ အား ရကျေနပ်တဲ့ ဇာတ်ကားတွေ ဆိုရင်တော့ တော်တော် များများလေး ရှိပါတယ်။ ဥပမာ- “အရွယ်သုံးပါးချစ်တတ်သည်” ဆိုရင် တော်တော်လေး ကြိုက်တယ်။ နောက်ပြီးတော့ “ရာဇဝင်ရိုင်းသူများ”၊ “နေဝင်အိပ်တန်းတက်” အဲဒါလေးကို လည်း သေချာ ကြိုးစား ထားတယ်။ နောက် ပြီးတော့ “ရင်ဘတ်ထဲကဓား” က တော်တော်လေးကို အားရတဲ့ ဇာတ် ကားထဲမှာ ပါတယ်။ ဟာသ ဇာတ်ကားထဲ မှာ ဆိုရင် “ငါကဗိုလ်အောင်ဒင်”၊ “ကျောက် သင်ပုန်းတွေ မိုးထားတဲ့အိမ် – ၂” ဖြစ်တဲ့ “ကျောက်သင်ပုန်းပေါ်က ကလေး လက် ရေး” ဆိုတဲ့ ဟာသဇာတ်ကား လေးလည်း ကြိုက်ပါတယ်။ ကျွန်တော် ကတော့ ကြိုးစား ထားပါတယ်။ တကယ် ပြသ လာတဲ့ အခါမှာ ပရိသတ်တွေက ကြိုက် တယ်၊ မကြိုက်ဘူးတို့ တခြားကိစ္စ တွေကတော့ ကံတရားပေါ်လည်း မူ တည်တာပေါ့နော်။ ကျွန်တော် တို့ကတော့ ကြိုးစားဖို့ပဲ တတ်နိုင် တာမို့ အကောင်းဆုံးဖြစ် အောင် တော့ ကြိုးစားပါတယ်။ ပရိသတ် အတွက် အမြဲ ကြိုးစားနေ ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here