ပရိသတ်တွေ အတွက် မိုးစက်ဝိုင် ရဲ့ surprise အစီအစဉ်

0
270

Moe-Set-Y-(1)မိုးစက်ဝိုင်က သူ့ရဲ့ပရိသတ်တွေ အတွက် အမှတ်တရ အနေနဲ့သူနဲ့ အတူ တွဲရိုက် ထားတဲ့ ဓာတ်ပုံတွေထဲက ဖေ့စ်ဘုတ်ပေါ်မှာ လူကြိုက် များပြီး Likes အများဆုံး ရရှိတဲ့ ပရိသတ် ၃ဦးကို ဟန်းဆက် တစ်လုံးစီ လက်ဆောင် ပေးခဲ့ပါတယ်။ “မိုးစက် page မှာ မိုးစက်နဲ့အတူ တွဲရိုက်တဲ့ပုံတွေ တင်ခိုင်းတယ် Like အများဆုံး လူ ၃ယောက်ကို Oppo ဟန်းဆက် ၃လုံးကို တစ်ယောက် တစ်လုံးစီ ပေးသွားမှာပါ။ မိုးစက်ကတော့ အမှတ်တရ အစီအစဉ် တစ်ခု လုပ်ချင်တယ်ပေါ့။ ဒါပေမဲ့ ဒီအစီ အစဉ်ကို အိုင်ဒီယာတွေ လုပ်တာက မိုးစက်  page ရဲ့  admin တွေလုပ်တာပါ။ သူတို့က ဒီလိုလုပ်မယ် ဆိုတာနဲ့ မိုးစက်ကလည်း အိုကေ ကောင်းတယ် ဆိုပြီး ဒီအစီအစဉ်ကို လုပ်ဖြစ်သွားတာပါ” လို့ ပရိသတ်တွေ အတွက် အမှတ်တရ အစီအစဉ်လုပ်ဖြစ်ခဲ့ပုံကို မိုးစက်ဝိုင်က ပြောပါတယ်။

မိုးစက်ဝိုင်က အခု လတ်တလောမှာ သူပါဝင် သရုပ်ဆောင်ထားတဲ့ “ပက်ပက်စက်စက်ညှို့”ရုပ်ရှင်ဇာတ်ကား အတွက် အသံ ပြန်သွင်းနေပြီး ဒီ ဇာတ်ကားကို ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရုံတင်ပြသမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ ဒီဇာတ်ကား ရုံတင်ပြသတဲ့ အခါမှာလည်း ပရိသတ်တွေအတွက်ျကမစမငျန အစီအစဉ်တစ်ခု စီစဉ်သွားမှာဖြစ်ကြောင်းလည်း မိုးစက်ဝိုင်က ပြောပါ တယ်။ ခေတ်ကို အမြဲတမ်းလေ့လာနေပြီး ဖက်ရှင်ကျအောင် ဝတ်ဆင်လေ့ရှိတဲ့ မိုးစက်ဝိုင်ရဲ့ ဖက်ရှင်အပေါ်သဘောထားနဲ့ပတ်သက်ပြီးမေးကြည့်တော့

“ပုံမှန်ကတော့ မိုးစက်သဘော ကျတဲ့ပုံစံမျိုးပဲ ဝတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မနစမနျနညအ တော့ ဖြစ်ရမှာပေါ့နော်။ လှအောင်ဝတ်တယ်။ တခြားလူတွေ ဘာတွေ ဝတ်နေလဲ။ အနောက်နိုင်ငံက ဖက်ရှင်ဒီဇိုင်နာတွေ ကော ဘာတွေထုတ်လုပ်နေလဲ။ သူတို့ထုတ်တဲ့ဒီဇိုင်းတွေထဲမှာ ကိုယ်ကြိုက်တာရှိရင် အဲဒီလိုပုံစံမျိုးတွေကို လိုက်ဝတ် ဖြစ်တယ်” လို့ ဖက်ရှင်နဲ့ပတ်သက်ပြီး ပြောပါတယ်။

ခိုင်ဝေလွင် ၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here