မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လူငယ်တို့ ဘဝအနာဂတ် ပျောက်ဆုံးခြင်းအန္တရာယ်

0
134

လူသားတို့ရဲ့ အသက်အန္တရာယ်ဖြစ်စေခြင်းသာမကဘဲ စာရိတ္တပျက်စီးယိုယွင်းကာ ဘဝပျက် လူဖြစ်ရှုံး၊ လူညွန့်တုံးအောင် ဆိုးကျိုးပေးစွမ်းစေတာက မူးယစ်ဆေးဝါးပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းကနေ နိုင်ငံတစ်ခုအတွက် အနာဂတ်ခေါင်းဆောင်များ ဖြစ်လာကြမယ့် လူငယ်ထုရဲ့လူသားစွမ်းဆောင်ရည်များနဲ့ လူသား အရင်းအမြစ်များကို ပြုန်းတီးသွားစေပြီး လူ့ဘောင်အဖွဲ့အစည်းအတွက်ရော၊ နိုင်ငံတစ်ခုအတွက်ပါ ခွန်အားချိနဲ့စေကာ အနာဂတ်မဲ့စေပါတယ်။ အခုဆိုရင် ခေတ်မီနည်းပညာရပ်များ ထွန်းကားလာခြင်းနှင့်အတူ အွန်လိုင်းဈေးရောင်းဝယ်ခြင်းတို့မှ လူငယ်တွေ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်မယ့်အခွင့်အလမ်းမျိုး ဖြင့် မူးယစ်ဆေးဝါးဟာ ဘိန်း၊ ဆေးခြောက်၊ ကာမ စိတ်ကြွဆေးများဆိုပြီးအသွင်သဏ္ဌာန်မျိုးစုံပျံ့နှံ့ခြေကုပ်ယူထားကြပြီ ဖြစ်တာမို့ မူးယစ်နွံနစ်လို့ လူငယ်များ ဘဝရေတိမ်နစ်ကြရသလို တချို့လူငယ်များဆိုရင်ထောင်ကျဘဝ အနာဂတ်မဲ့သွားကြကာ နိုင်ငံအတွက် နိုင်ငံသားစွမ်းရည်အင်အားများ ဆုံးရှုံးခြင်းဖြစ်စေတာမို့ အနုပညာရှင်တို့ရဲ့ ခေတ်လူငယ်နဲ့ မူးယစ်ဆေးဝါးအန္တရာယ်အပေါ်ရှုမြင်သုံးသပ် ပြောစကားများ စုစည်းဖော်ပြလိုက်ရပါတယ်။

sithumg

စည်သူမောင်

မူးယစ်ဆေးဝါးက အခုချိန်မှာ ပိုဆိုးတယ်။ မူးယစ်ဆေးဝါးကို ကျွန်တော်တို့ သိရသလောက်ကတော့ အလွယ်တကူ ဝယ် ယူသုံးစွဲလို့ရတဲ့အနေအထားမျိုး ဖြစ်နေတယ်။ အစိုးရပိုင်းဆိုင်ရာကလည်း ဖမ်းဆီးနေတယ်။ အဓိကက လူငယ်တွေကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် မူးယစ်ဆေးဝါးဘက်ကို စိတ် ရောက်မယ့်အစား ကျန်းမာရေးလိုက်စားတာ၊ွပာ ဆော့တာ။ လိုအပ်တဲ့ ပညာအရည် အချင်းတွေကို ပိုပြီးဦးစားပေးစေချင်ပါတယ်။ ပထမဆုံးအနေနဲ့ ပိုက်ဆံကုန်မယ်။ လူငယ်ဘဝ အချိန်တွေ ဆုံးရှုံးမယ်။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်းမှာ၊ ကိုယ့်တိုင်းပြည်မှာ လည်း အရမ်းနစ်နာဆုံးရှုံးမှုတွေ ဖြစ်စေတယ်။

Thu Htoo San

သူထူးစံ

မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုတာက နယ်ပယ် အသီးသီးမှာ ရှိကြပါတယ်။ ကျွန်တော်တို့ အနုပညာနယ်ပယ်ရော၊ တခြားနယ်ပယ်တွေ မှာပါ ရှိကြပါတယ်။ အဓိကကတော့ ဒီလိုမျိုးသုံးရင် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် မလုပ်ကြ၊ မသုံးစွဲကြရင်တော့ အကောင်းဆုံးပဲလို့ ပြောချင် ပါတယ်။

May Nandar Kyaw

မေနန္ဒာကျော်

အခုခတ် လူငယ်တော်တော်များများက မူးယစ်ဆေးဝါးသုံးစွဲလာကြတာက မကောင်းပါဘူး။ လူငယ်တော်တော်များ များက တခြားနိုင်ငံတွေက အကျင့်တွေကို အတုယူတာ များပါတယ်။ သူတို့က အဲလို မူးယစ်ဆေးဝါးသုံးစွဲရင် စတိုင်ကျတယ် ထင်နေကြပါတယ်။ ဒါက မကောင်းတဲ့အကျင့်တွေပါ။ ရောဂါလည်းရနိုင်ပါတယ်။ အဲဒါကြောင့် သူများနိုင်ငံက အကျင့်တွေကို အတုမခိုးဘဲ မူးယစ် ဆေးဝါးမသုံးတာက ပတ်ဝန်းကျင် အတွက် အကျိုးရှိနိုင်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲနေသ၍ ပတ်ဝန်းကျင်က ကလေးသူငယ်တွေကို အကျင့်ကူးစေပြီး ရောဂါလည်းရစေပါတယ်။ မူးယစ်ဆေးဝါးနေရာမှာ စိတ်လွတ်လပ်ပေါ့ပါးအောင် ခရီးထွက်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်း တွေနဲ့ အပြင်သွားတာပဲဖြစ်ဖြစ် လုပ်သင့်တယ်ထင်ပါတယ်။

Shwe Eain Si 1

ရွှေအိမ်စည်

မူးယစ်ဆေးဝါးက မကောင်းဘူးဆိုတာကို လူတိုင်းသိကြတယ်။ ဒါပေမဲ့ လူငယ်တော်တော်များများက မကောင်းတာကိုသိတယ်။ ခဏလောက် ပဲသုံးကြည့်မယ်၊ နောက်ထပ်မကိုင်ဘူး၊ စိတ်ဓာတ်ပြတ်သားကြတယ်ဆိုပြီး စိတ်ဓာတ် ပိုင်းဖြတ်နိုင်တယ်လို့ ထင်ကြတယ်။ ပြန်စဉ်းစားရင် ဘယ်သူမှ ဒီလိုမလုပ်နိုင်ကြဘူး။ ဘယ်လို စိတ်ဓာတ်ပြတ်သားတဲ့လူပဲဖြစ်နေပါစေ ပြတ်နိုင်ဖို့ ခက်ခဲကြတယ်။ ဒါကြောင့် အထူးသဖြင့် လူငယ်တွေ အစတည်းက မစတာအကောင်းဆုံးပါလို့ အိမ်စည်က ပြောချင်ပါတယ်။

Nan Su Oo

နန်းဆုဦး

မူးယစ်ဆေးဝါးဆိုတာ ကောင်းကျိုးကို တစ်ခုမှမရှိဘူး။ ဆိုးကျိုးတွေချည်းပဲ။ တစ်ခါမှမလုပ်ဖူးတဲ့ သူတစ်ယောက်ဆိုရင် တစ်ခုမှကောင်းကျိုးမရှိတဲ့အရာကို စမ်းပြီး တော့မလုပ်ကြည့်စေချင်ပါဘူး။ သုံးစွဲနေတဲ့သူဖြစ်နေမယ်ဆိုရင်လည်း ကိုယ့်အတွက်တစ်ခုမှမကောင်းတဲ့ အရာကို ဆက်မလုပ်စေချင်ဘူး။ အဓိကကတော့ မူးယစ် ဆေးဝါးဆိုတာက လုံးဝမကောင်းတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် ဘယ်တော့မှ မစမ်းသပ်သင့်သလို အမြဲတမ်းလည်း လုပ်မနေသင့်တဲ့ အရာတစ်ခုလည်းဖြစ်တယ်။ နောက်တစ်ခုက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကြပ်ကြပ်မတ်မတ်လိုက်ပြီး စစ်ဆေးနိုင်ရင်တော့ ပို ကောင်းသွားမယ်။ သုံးစွဲနေတဲ့သူတွေအတွက်ကို ဒါကဝမ် နီပေးတဲ့သဘောမျိုးပဲ။ သတိဝင်သွားမယ်။ အဲဒီလိုကြပ်ကြပ်မတ်မတ်လိုက်ဖမ်းဆီးနိုင်ရင် တစ်ရာခိုင်နှုန်းလျော့သွားမယ်လို့မြင်တယ်။ တစ်ရာခိုင်နှုန်းလျော့သွားလည်း ကောင်းတာပဲ။ တစ်ဆယ်ရာခိုင်နှုန်းလျော့သွားလည်းကောင်းတာပဲ။ ပြီးတော့ ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပညာပေးတွေကိုမျှဝေပေး စေချင်တယ်။ ပိုပြီး လူငယ် တွေသိသွားအောင်လုပ်စေချင်ပါတယ်။

ပေါ်ပြူလာ


LEAVE A REPLY

Please enter your comment!
Please enter your name here