အချစ်ကြီးသလို အမျက်လည်း ကြီးတယ် ဆိုတဲ့ ခင်ဝင့်ဝါ

0
290

Khin-Wint-War“ချိုမြိန်သော လက်စားချေခြင်း” ရုပ်ရှင် ဇာတ်ကားကြီးမှာ ကိုယ့်ချစ်သူ ကောင်လေး အပေါ်မှာ သဘော ထားကြီး တဲ့ ကောင်မလေး နေရာက သရုပ်ဆောင် ထားတဲ့ ခင်ဝင့်ဝါက ဒီဇာတ်ကားထဲက ကာရိုက်တာက သူ့ရဲ့အပြင်ကာရိုက်တာနဲ့ တခြားစီပဲလို့ဆို ပါတယ်။ “အမှန်အတိုင်း ဆိုရင် ဒီကာရိုက်တာ နဲ့ ညီမနဲ့ကတခြားစီပဲ။ ကိုယ်သာ အပြင်မှာ အဲဒီ ကောင် မလေးနေရာမှာ ဆိုရင် အဲဒီလောက် သဘောထား မကြီးနိုင်ဘူး။ ကိုယ် ချစ်တဲ့သူက တခြား ကောင်မလေး ဘေးနားမှာ ရှိနေတာကို ကိုယ်က ဒီ ဘက်ကနေ ဘယ်လို မှသည်းခံပြီး နေနိုင်တဲ့ သူထဲမှာ ညီမမပါဘူးပေါ့          နော်။ အပြင် ကပုံစံနဲ့ တခြားစီပဲပေါ့” လို့ ခင်ဝင့်ဝါကပြောပါတယ်။  ဒီ ဇာတ်ကားမှာ စိုင်းစိုင်းခမ်းလှိုင်၊ ရွှေမှုန်ရတီ၊ ခင်ဝင့်ဝါ တို့ ပါဝင်သရုပ် ဆောင်ထားပြီး ၃ပွင့်ဆိုင် အချစ် ဇာတ်လမ်းပဲဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကို မကြာမီမှာ ရုံတင် ပြသတော့မှာ ဖြစ်တဲ့ အတွက် ရင်ခုန်နေပြီး ဒီဇာတ်ကား မှာ အမှတ်တရတွေ များစွာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

“ပရိသတ်တွေ အားပေးမှု ဘယ်လောက် အခြေအနေထိ ရှိမလဲ ဆိုတာကို တအား ရင်ခုန်နေပါတယ်။ ကိုယ်လည်း ဦးပွားသင်သလို အကုန်လုံး သင်ယူပြီး အကောင်းဆုံး ကြိုးစား ထားပါတယ်။ ဘယ် လိုရလဒ်တွေ ရလာ မလဲတော့ မသိဘူး။ ကိုယ့်ဇာတ်ကား ရုံတင်တော့မယ် ဆိုတော့ တအားရင်ခုန်နေတယ်” လို့ပြောပါတယ်။ သူ့ရဲ့ သရုပ် ဆောင်မှုတွေ ကိုတော့ အားရ ကျေနပ်မှု သိပ်မရှိသေးဘဲ လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိနေသေးတဲ့ အတွက် ဒီထက်ပိုပြီး ကြိုးစား သွားပါ့မယ်လို့ ခင်ဝင့်ဝါက ပြောပါတယ်။

ခင်ဝင့်ဝါက လတ်တလောမှာ အချစ်ရေးက အေးဆေးပဲ ဖြစ်ပြီး ၁၅ဝဝ နဲ့ ၅၂၈ မေတ္တာက ညီတူညီမျှ ပါပဲလို့ ဆိုပါတယ်။ ဘယ်လိုချစ်သူ ပုံစံမျိုး လိုချင်လဲလို့ မေးကြည့်တော့
“ညီမက တကယ်တမ်း ဆိုရင် တအား အတ္တကြီး တယ်။ အချစ်ကြီးသလို အမျက်လည်း ကြီး တယ်။ ဒေါသလည်း ကြီးတယ်။ ညီမဒဏ် ကို ခံနိုင်မှရမယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here