ခေတ်သုံးခေတ်ရုပ်ပွားဆင်းတုတော်များတည်ရှိရာ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရား

0
534

sg

မန္တလေးတိုင်းဒေသကြီးကျောက်ဆည် မြို့နယ်တွင် တမုတ်မြို့ဟောင်းရှိ၏။ တမုတ်မြို့ဟောင်းသည် အနော်ရထာမင်းကြီး၏ လယ်တွင်း၁၁ ခရိုင်တွင် ပါဝင်သည့် ခံတပ်မြို့လည်း ဖြစ်လေ၏။ တမုတ်မြို့ဟောင်းတွင် ခေတ်သုံးခေတ်လက် ရာဗုဒ္ဓရုပ်ပွားတော်များရှိ၏။ ထိုရုပ်ပွားတော်များသည် ဆင်းတုတော်ကြီးတစ်ဆူအတွင်းထူးခြားစွာတည်ရှိနေ၏။ ထို့ကြောင့်သုံးထပ် ဘုရားဟုလည်းထင်ရှားပေ၏။ အဆိုပါ စေတီတော်၏ ဘွဲ့အမည်သည်တမုတ်ရှင် ပင်ရွှေဂူကြီးဖြစ်ပေ၏။ ကျောက်ဆည်မြို့ အနောက်ဘက် ခြောက်မိုင်အကွာကျောက် ဆည်- တံတားဦးလမ်းပေါ်တွင်ရှိ၏။ ရွာ အမည်ကားကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာပင် ဖြစ်၏။

တမုတ်မြို့သည် ပုဂံခေတ်မှစ၍ အမရ ပူရခေတ်ဦးတိုင်အောင်လယ်တွင်း ၁၁ ခရိုင် တွင် ပါဝင်သည့် ခရိုင်မြို့ဖြစ်၏။ စားနပ် ရိက္ခာ အလွန်ပေါများ၍ ပုဂံ-မြင်စိုင်း- ပင်းယ- အင်းဝနေပြည်တော်များ၏ မြန်မာ့ စပါးကျီဖြစ်ခဲ့လေ၏။ တမုတ်ရှင်ပင်ရွှေဂူကြီး ဘုရားတွင် တွေ့ရှိခဲ့ရသည့် အင်္ဂတေပန်း တမော့လက်ရာများ၊ ရုပ်ပွားဆင်းတုတော် များ၊ ကျောက်စာများကမင်းညီမင်းသား ဘုရားဖူးများဖြင့် စည်ကားခဲ့သည်ဟု ဆိုနေ လေ၏။ ဘိုးတော်ဘုရားလက်ထက်တွင် လယ်ကွင်း ၁၁ ခရိုင် အစား ၉ ခရိုင် ပြန် လည်ဖွဲ့စည်း၏။ တမုတ်မြို့သည်လည်း ခရိုင်မြို့မှ သာမညရွာကလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထို့နောက်ရတနာပုံ ခေတ်၊ ကိုလိုနီအစိုးရခေတ်များအရောက် ၌မူ မြို့ဟောင်းကုန်း၊ ရွာဟောင်းကုန်းအဖြစ် သို့ရောက်ရှိနေပေတော့၏။

မြန်မာသက္ကရာဇ် ၁၂၇ဝ ပြည့်နှစ်တွင် ဝန်စာရေး ဦးသင်းနှင့် ဦးဆိုးတို့ကကျောင်း၊ သိမ်၊ ရေကန်များဆောက်လုပ်ခဲ့၏။ ငယ် တိုးရွာသူရွာသားများနှင့်အတူငွေတွင်းတူး၊ တောရကျောင်းကို တည်ထားခဲ့ပြန်၏။ ထို့နောက် ငွေတွင်းတောရကျောင်းဆရာ တော်ကြီး ဦးကိတ္တိ၏ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာကြီးမှုကြောင့် ဂုဏ်သတင်း ကျော်ကြား ခဲ့ပေ၏။ စာချ၊ စာသင်၊ ရဟန်းသာမဏေများ၊ ဝိပဿနာအားထုတ်သည့် ယောဂီသူတော် စင်များဖြင့် သာသနာစည်ပင်ဝပြောခဲ့၏။

ငွေတွင်းတူးတောရကျောင်းတိုက်ကြီး စည်ပင်ဝပြောလာခြင်းနှင့် အတူ တမုတ်ရှင် ပင်ရွှေဂူကြီးဘုရားရင်ပြင်တစ်ဝိုက်တွင်လည်း သန့်ရှင်းရေးပြုလုပ်လာကြ၏။ ၁၂၇၇ ခုနှစ် တွင် ကြောင်ပန်းကုန်းကျေးရွာမှ ဦးစံထွား ဦးဆောင်မှုဖြင့် စေတီတော်ဟောင်းထိပ်တွင် စေတီငယ် တည်ထားကိုးကွယ်ခဲ့၏။ နှစ်စဉ် နတ်တော်လပြည့်နေ့တိုင်း ဆွမ်းတော်ကြီး လောင်း လှူပွဲကျင်းပ၏။ ၁၃၅ဝ ပြည့်နှစ်တွင် တတိယ ငွေတွင်းတူးတောရဆရာတော် အရှင်စန္ဒိမာသည်လည်းကောင်း၊ ၁၃၅၃ ခုနှစ်တွင် အရှင်စန္ဒောဘာသသည်လည်း ကောင်း၊ ဘုရားကြီးအားထိန်းသိမ်းစောင့် ရှောက်ခဲ့ကြ၏။ အရှင်စန္ဒောဘာသသည် စေတီတော်ကြီးသန့်ရှင်းရေးနှင့် စေတီရင်ပြင် သန့်ရှင်းရေးကိုအားသွန်းခွန်စိုက် ဆောင် ရွက်ခဲ့ကြ၏။ ထိုသို့ ဆောင်ရွက်စဉ် မြောက် ဘက်မုခ်တွင် ပုဂံခေတ် ပန်းတမော့ လက်ရာ များကိုလည်းကောင်း၊ ဒုတိယလိုဏ်အတွင်း ပင်းယခေတ် လက်ရာ ရုပ်ပွားတော်ကြီး၏ ဦးခေါင်းပိုင်းကိုလည်းကောင်းဖူးမြော်နိုင် သည်အထိ မြင်တွေ့လာရ၏။ ကျောက်ဆည်မြို့ မဟာဂန္ဓရုံဆရာတော်ကြီးသည် တမုတ်ရှင် ပင် ရွှေဂူစေတီတော်အတွင်းရှိ ပန်းတမော့ လက်ရာများ၊ ရုပ်ပွားတော်များမှာလွန်စွာ တန်ဖိုးကြီးမားသည့်ရှေးဟောင်းအမွေ အနှစ်လက်ရာများဖြစ်ကြောင်း တမ္ပဝတီ ဦးဝင်းမောင်၏ လျှောက်ထားမှုအရသိရ၏။

sg2

တူးဖော်တွေ့ရှိချက်များအရ တမုတ်ဂူ တော်ကြီးကိုငုံ၍ စည်းခုံစေတီအဖြစ် မတည် မီအထက်အောက် ဂူလိုဏ်မုခ်အတွင်းအုတ် များဖြင့် အခိုင်အမာအုတ်ရိုးစီကာမူလမုခ် လိုဏ်များ ပြိုကျပျက်စီးမည့်ဘေးမှ ကင်းဝေး စေရန် ကာကွယ်ထားခဲ့ကြောင်းတွေ့ရ၏။အုတ်ရိုးများကိုစနစ်တကျတူးဖော်ခဲ့ရာမှ မူရင်းလိုဏ်ပေါ်လာကာဂူအတွင်းရှိ ရုပ်ပွားဆင်းတုတော်ကြီးငယ်များပေါ်ထွက်လာခဲ့ ၏။ အနောက်တောင်ထောင့် ပတ်လမ်းနေရာ တွင် ပိတ်ဆို့ထားသောအုတ်ရိုးကိုမူနမူနာ အဖြစ်ထားကာ မတူးဖော်ဘဲချန်လှပ်ထားပေ ၏။ ဂူတော်ကြီး အပြင်စည်းခုံအုတ်ရိုး အဟောင်းကိုလည်း မူလအနေအထား အတိုင်း ထိန်းသိမ်းထား၏။တမုတ်ရွှေဂူ ကြီးအားပုဂံခေတ်မှ ပင်းယခေတ်အထိ မင်း အဆက်ဆက်က ပြုပြင်မွမ်းမံလွှမ်းငုံတည် ဆောက်ခဲ့ကြ၏။ အေဒီ ၁၂ ရာစုနှောင်းပိုင်း တွင် အနော်ရထာမင်းကောင်းမှုတော် တစ် ထပ်ဂူလိုဏ်ပေါ်၌ ဂူတစ်ဆင့်တက်၍ နှစ် ထပ်ဂူအဖြစ် တည်ထားခဲ့ပြီးဂူဘုရားနှစ် ဆင့်လုံးအား အင်္ဂတေ လက်ရာအမွမ်း အပြောက်များ ခြယ်ခဲ့ကြ၏။ ဂူပြောက်ဘုရား အဖြစ် အသွင်ပြောင်းသွား ပြီးကောင်းမှု ရှင်မှာနရပတိစည်သူမင်းဖြစ်သည်ဟုယူဆ ကြလေ၏။

သက္ကရာဇ် ၆၈၄ ခုတွင် ပင်းယဥစ္စနာ မင်းသည် တမုတ်ဂူတော်ကြီးနှင့် သိမ်တော် တို့အား ထပ်မံလွှမ်းငုံကာရွှေစည်းခုံ စေတီ တော်ကြီးအဖြစ် တည်ထားခဲ့၏။ သက္ကရာဇ် ၇၁၈ ခုနှစ်ထိုးပင်းယဆင်ဖြူရှင်သခင်ကျော် စွာမင်းကျောက်စာတစ်ချပ်ကိုလည်းစိုက်ထူထား၏။ ကျောက်စာပါမှတ်တမ်းအရကျော်စွာမင်းသည် ၇၁၃ – ၇၂၃ တွင် တမုတ် ရွှေ ဂူမြို့သို့ မိဖုရားနှင့်အတူ ပြည်ကြီး ကျက် သရေလှေတော်ကိုစီး၍ ဘုရားဖူြး<ွကရောက် လာ၏။ ဘုရားဝတ်တော်မြေ ၁၉ ပယ်၊ အမှုလုပ်ဘုရားကျွန်လေးယောက်တို့ကို လှူ ဒါန်းခဲ့ကြောင်းသိရှိရ၏။တမုတ် ရွှေဂူကြီး တွင် ထူးခြားသော အပေါ်လွင်ဆုံးလက်ရာ များမှာအင်္ဂတေပန်းတော့ လက်ရာများ ဖြစ်၏။ ဂူအောက်ခြေပတ်ပတ်လည်မှ အထက် ကွမ်းတောင်အထိ နေရာအပြည့် ပန်းတော့ လက်ရာများတွေ့ရှိရ၏။ တူးဖော်ရာမှ ရရှိခဲ့သော ဓာတ်တော်မွေတော်များ၊ အုတ် ခွက်ရုပ်ပွားတော်များနှင့် ခရုဆံတော်၊ မြေမီး ဖုတ်ဆံတော်များ၏မှတ်တမ်းဓာတ်ပုံများကို ရွှေဂူကြီးဘုရားပြတိုက်တွင် ပြသထားပေ၏။

တမုတ်ရွှေဂူကြီးတွင် ရုပ်ပွားဆင်းတု တော်များကိုလည်းခေတ်သုံးခေတ်၊ သုံးဆင့် ငုံ၍ ထုလုပ်ထား၏။ သုံးထပ်ဆင်းတုတော် များအနက် အောက်ဆုံးမှ ဆင်းတုတော်မှာရှေးအကျဆုံးအနော်ရထာခေတ် လက်ရာ ဖြစ်နိုင်၏။အလယ်ရှိဆင်းတုသည် စောလူး ခေတ်လက်ရာ ဖြစ်ဖွယ်ရှိကာအပေါ်ဆုံး ဆင်းတုမှာကျန်စစ်သားခေတ်လက်ရာဖြစ် ကြောင်းပညာရှင်များကယူဆထားကြ၏။ ထိုသုံးထပ် ဆင်းတုတော်များကိုပင်းယခေတ် စည်း ခုံအုတ်ပုံအပျက်အားတူးဖော်ရာမြေ အောက်ကိုးပေခန့် ဂန္ဓကုဋီတိုက်ခန်းငယ် နှစ်ခုအတွင်းမှ တွေ့ရှိခဲ့ရခြင်းဖြစ်၏။ ဂူဘုရားကိုငုံ၍ တည်သောလက်ရာမှာတမုတ်ရွှေဂူကြီးတစ်ဆူသာတွေ့မြင်နိုင်၏။ တူး ဖော်ပြီးချိန်၌ အပေါ်မှလွှမ်းငုံတည်ခဲ့သော စေတီတော်ကြီးမှာဖိနပ်တော်အတောင် ၆ဝ၊ ဥာဏ် တော်အမြင့်အတောင် ၅ဝ ရှိကြောင်း တွေ့ရှိရ၏။ တမုတ်ရွှေဂူကြီး နှစ်ထပ်ဂူဘုရား မှာ အလျား ၅၉ ပေ၊ အနံ ၃၆ ပေခန့်၊ အမြင့် ဥာဏ်တော် ၄၅ ပေကျော်ခန့်ရှိလေ၏။ထိုကဲ့သို့သောရှေးဟောင်းဆင်းတုရုပ်ပွား တော် များနှင့်အတူ ၁၃၇၂ ခုနှစ်တွင် သွန်း လုပ်ခဲ့သည့် မာရဝိဇယနဝလောဟာ ဆင်းတုတစ်ဆူကိုလည်းဖူးတွေ့နိုင်သေး၏။ အဆိုပါ ဆင်းတုအား သောမဓာတ်များ ဖြစ်သော (အမဓာတ်)တနင်္လာနံဂျွတ် (BISMUTH)၊ ဗုဒ္ဓဟူးနံတင် (TIN)၊ ကြာသပတေနံပြဒါး (MERCURY)၊ သောကြာနံသွတ် (ZINC)နှင့် ပါပဓာတ် (အဖိုဓာတ်) များဖြစ်ကြသော တနင်္ဂနွေနံနာ (LEAD)၊ အင်္ဂါနံသံ(IRON)၊ စနေနံ ဒါန် (COPPER)၊ ရာဟုနံဘော် (SILVER) တို့အား နိဗ္ဗိန္နဓာတ်ဖြစ်သော ရွှေ (GOLD) တို့အား အချိုးကျ ပေါင်းစပ်ထားသော နဝလောဟာဓာတ်ကြီးကိုးပါးတို့ဖြင့် သွန်းလုပ် ထားသည်ဟုဆိုပေ၏။

တမုတ်ရှင်ပင် ရွှေဂူကြီးစေတီတော်ကြီးသည် ပုဂံခေတ်၊ ပင်းယခေတ် အင်းဝ ခေတ်စသည့် ခေတ်သုံးခေတ်၏ ဗိသုကာ လက်ရာများ၊ ရှေးမူလက်ရာမပျက် ရှိနေ လေ၏။ သမိုင်းတန်ဖိုးအရလည်းကောင်း၊ ယဉ်ကျေးမှုဗိသုကာအနုလက်ရာများအရ လည်းကောင်း၊ အလွန်တန်ဖိုးကြီးလေ၏။ ထို့ကြောင့်လည်းမျက်မှောက်ခေတ်တွင်မူ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်း အထိမ်းအမှတ်အဆောက်အအုံ တည်ရှိရာ ရုံအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းစောင့် ရှောက်ခဲ့ပါသည်။ အဆောက်အအုံ များအား အမိုးအကာများ တည်ဆောက်ခြင်း၊ ခြံစည်း ရိုးများကာရံခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ တည်ဆောက်ပေးထားခြင်း၊ ရှေးဟောင်း ပစ္စည်းပြတိုက် တည်ဆောက်ထိန်း သိမ်း ခြင်းစသည့်တို့ကိုနိုင်ငံတော်မှ ထိန်းသိမ်း စောင့်ရှောက်သကဲ့သို့ ပြည်သူများမှလည်း တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ကြပါ ရန် တိုက်တွန်းပါ၏။ ဗုဒ္ဓသာသနာ ရောင် ဝါနေလို့လင်းပါစေသော်။

နိုင်ထွန်း TGI)
၁။ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားသမိုင်း၊
၂။မောင်သာ(ရှေးဟောင်းသုတေသန)၏ တမုတ် ရှင်ပင်ရွှေဂူကြီး
၃။ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၁၁၇/၂ဝ၁၅)


LEAVE A REPLY

Please enter your comment!
Please enter your name here