ဆင်ဆာ အဖွဲ့ ရှိသင့်သလား၊ မရှိသင့်ဘူးလား ဆွေးနွေးခဲ့ ကြသည့် မြန်မာ့ ရုပ်ရှင် လောက ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ

0
247

DSC_0002ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာန၏ မြန်မာ့ရုပ်ရှင် လောက ဖွံ့ဖြိုး တိုးတက်ရေး အတွက် တွေ့ ဆုံ ဆွေးနွေးပွဲကို ဧပြီလ ၂၉ ရက်၊ ညနေက ရန်ကုန်မြို့၊ ရွှေတောင်ကြားရှိ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၌ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ အခမ်းအနား သို့ ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် လွှတ်တော်အ မတ်များ၊ ဆင်ဆာ အဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ လူကြီးမင်းများ၊ စာနယ်ဇင်းများ တက်ရောက်ခဲ့ကြ သည်။ ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ ရုပ်ရှင်လောက တွင် ပြဿနာကြီးငယ် မရှိစေရန် မိမိ အပေါ်တွင် တစ်နည်းနည်းဖြင့် တာဝန် ရှိသည်ဟု ခံယူသည့် အတွက် ဆွေးနွေးပွဲသို့ တက်ရောက်လာခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

“ဆွေးနွေးပွဲ တစ်ပွဲ တည်းနဲ့ တော့ အဖြေပေါ်တဲ့ အထိ ဖြစ်ချင်မှ ဖြစ်မယ်။ သို့သော် လမ်းကြောင်း လေး တစ်စုံတစ်ရာတော့ ပေါ်လိမ့် မယ် လို့ မျှော်လင့်ပါတယ်” ဟု ပြန် ကြားရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး က ပြောကြား ခဲ့သည်။

ဆင်ဆာဆိုသည့် သဘောကိုက တည်းဖြတ်ရ၊ ဖြတ်တောက်ရသည် ဖြစ်ပြီး အနုပညာဆိုသည့် သဘော တရားကို အကန့်အသတ် မရှိ ကျယ်ဝန်းပြီး စည်း၊ ဘောင်မရှိသည့် ဖန်တီးမှုအဖြစ် ခံယူထားသော အနု ပညာဖန်တီးသူများနှင့် ထိပ် တိုက် တွေ့ ဆုံရသည့် အကြောင်း အရာ တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က ဆွေးနွေးပွဲတွင် ပြောသည်။ ဆွေး နွေးပွဲတွင် ဆင်ဆာရှိ သင့်၊ မရှိသင့်၊ ဆင်ဆာ လျှော့ပေါ့ရေးနှင့် ပတ်သက် ပြီးဆွေးနွေးခဲ့ကြကာ တိကျသည့် အဖြေ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here