အိချောပို၊ ပိုင်ဖြိုးသု တို့နဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမယ့် ဂျာမန်အဆိုတော် Mikis

0
239

Mikisဂျာမန်လူမျိုး ဟစ်ပ်ဟော့အဆို တော် Mikis က သရုပ်ဆောင် အိချော ပို၊ ပိုင်ဖြိုးသု တို့နဲ့ အတူ ရုပ်ရှင်ဇာတ် ကား ရိုက်ကူးတော့ မှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီးMikis  က…

“Mikis ကို ဇာတ်ကား ရိုက်ကူးဖို့ ဖိတ်ခေါ်လို့ အရမ်းဝမ်း သာတယ်။ ရုပ်ရှင် ဇာတ်ကားက မင်းသား၊ မင်းသမီး ၃ယောက်နဲ့ ရိုက် ကူးမယ်။ မင်းသားက Mikis တစ် ယောက်တည်း။ မင်းသမီးက အိချော ပို၊ ပိုင်ဖြိုးသု တို့နဲ့အတူ ရိုက်ကူးမှာပါ။ အချစ်ဒရာမာ ဇာတ်ကားလေးပါ”လို့ ဆိုပါတယ်။

Mikis က ဟောလိဝုဒ်ဇာတ် ကားတွေ ရိုက်ကူးထားပေမယ့် မြန်မာ ကားကိုတော့ ပထမဦးဆုံး ရိုက်ကူးရ မှာဖြစ်တဲ့ အတွက် အရမ်း စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။ ဟောလိဝုဒ် ကားတွေ ရိုက်ကူးထားတဲ့အတွက် အိုက်တင် လုပ်တတ်ပေမယ့် မြန်မာ အိုက်တင်ကို ဘယ်လို သရုပ်ဆောင် မလဲဆိုတာကိုတော့..

“Mikis ရုပ်ရှင်ကား ၇ ကား လောက် ရိုက်ပြီးသွားပြီ။ ဟောလိဝုဒ် ကားတွေ ရိုက်ထားတဲ့ အတွက် အိုက် တင် လုပ်တတ်တယ်။ ဒါပေမဲ့ မြန်မာ ကား ပထမဦးဆုံး ရိုက်တာဖြစ် တယ်။ မြန်မာပုံစံက ဟောလိဝုဒ်နဲ့ နည်းနည်း ကွာတဲ့ အတွက် အရမ်း စိတ်ဝင်စား တယ်။ ဘယ်လိုလုပ်မလဲ မသိဘူး။ ဒါပေမဲ့ အကောင်းဆုံး ကြိုး စားမယ်” လို့ Mikis က ပြောပါတယ်။ အဆိုပါ ရုပ်ရှင် ဇာတ်ကားကို ၁ဝလပိုင်းမှာ စတင် ရိုက်ကူးသွားမှာ ဖြစ်ပြီး မန္တလေး နဲ့ ရှမ်းပြည်နယ်တို့မှာ သွားရောက် ရိုက်ကူးမှာ ဖြစ်ကြောင်းလည်း သိရ ပါတယ်။

ချယ်ရီ၊ ဓာတ်ပုံ – သီဟ


LEAVE A REPLY

Please enter your comment!
Please enter your name here