J.Fire မွေးနေ့ရှင် မွန်မြတ်ဖွယ် ဆိတ်သားနှပ်အလှူ

0
190

jfired

မန္တလေးသား ဟစ်ဟော့ပ်အဆိုတော် J.Fire ရဲ့ အသက် ၂၄နှစ်ပြည့် မွေးနေ့က မေလ ၂ ရက်နေ့ပါ။ မွေးနေ့မှာ သူဘယ်လို ဖြတ်သန်းဖြစ်သလဲ။ ဒီအကြောင်းနဲ့ပတ် သက်ပြီး J.Fire က..

” မနက်စောစောဘုရားသွားတယ်။ ပန်းလှူတယ်။ အမေ့အတွက် ဆုတောင်းပေးတယ်။ ပြီးလို့ ရှိရင် နေ့ခင်းမှာ ဘုရားကြီးဘက်ကတောင်းတဲ့ အဘိုးတွေ၊ အဘွားတွေကို ကျွန်တော်တို့မန္တလေးက အကောင်းဆုံး လက်ဖက်ရည်ဆိုင်လို့ပြောလို့ရတဲ့ ကရဝိတ်က ဆိတ် သားနှပ်နဲ့ ထမင်းတွေဝယ်ပြီးတော့ သူတို့ကိုသွားဝေတယ်။ ပြီးတော့ ကျွန်တော်ခွေးခြံမှာ ခွေးစာကျွေးတယ်။ ညနေမှာ မွေးနေ့ကိတ်ခွဲတယ်” လို့ ပြောပါတယ်။

ဘုရားကြီးဝင်းဘေးက အဘိုး၊ အဘွားတွေကို ဆိတ်သားနှပ်နဲ့ ထမင်းထုပ်တွေ လိုက်ဝေတဲ့ပုံကို J.Fire ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ တင်လိုက်တဲ့အခါ ဝမ်းသာပီတိဖြစ် ကြတာတွေ လည်း တွေ့ရပါတယ်။ ဒီလိုထူးခြားတဲ့ အလှူဟာ မွန်မြတ်လှပါတယ်။ သူ့ရဲ့ အိုင်ဒီယာကို မေးမြန်းဖြစ်တဲ့အခါမှာတော့ …

” ကျွန်တော်က အသောက်အစားတွေ ထက်စာရင် ထမင်းစားရတာကို တအားကြိုက်တယ်။ ဗိုက်ဆာရင် မနေတတ်ဘူး။ ဆာတဲ့ခံစားချက်ကို ကြောက်တယ်။ အဲဒီအတွက် သူတို့ ကို ကိုယ်ချင်းစာတယ်။ အဲဒါလေး ကြောင့်ပါ။ ပြီးလို့ရှိရင် ဆိတ်သားနှပ်နဲ့ ထမင်းက ကျွန်တော်အကြိုက်ဆုံးဖြစ်နေတဲ့အတွက် သူတို့ကို စားစေချင်တာပေါ့။ သူတို့ဟာနဲ့ သူတို့ဆိုရင် သွားဝယ် စားမှာ မဟုတ်ဘူး။ အဲဒီလိုမျိုးလေးတွေးမိလို့ ကျွန်တော်က သူတို့ကိုတကူးတကသွားလှူတာပါဗျ” လို့ J.Fire က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here