ပွဲခင်းထဲက မနှင်းဆီနာမည်နဲ့ သီချင်းခွေထုတ်ဦးမယ့် သဘင်မင်းသား ဝင်းနောင် (အနုပညာ)

0
244

Win Naung

မြန်မာ့ဇာတ်သဘင်မင်းသား တစ်လက်ဖြစ်တဲ့ ဝင်းနောင်(အနုပညာ)ကို “မကြာမီမျှော်” ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲမှာ တွေ့ဆုံခိုက်သူ့ရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ သူက ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့လည်း ရှိသလို သီချင်းခွေ ထုတ်ဖို့လည်းရှိပါတယ်တဲ့။

” အခုရန်ကုန်ကိုလာတာ အဲဒီကိစ္စလည်းပါတယ်။ “မကြာမီမျှော်” ဇာတ်ကားကြီးအတွက်ရောပေါ့။ ကျွန်တော်က ပထမဒီသီချင်းဆိုတဲ့ ဇာတ်မင်းသားထဲမှာ ပရိသတ် အများကြိုက်တာက “ရွှေနားကပ် လောက်တော့ ပန်ရမယ်” ၊ “၂၁ ရာစု မခင်နှင်းဆီ” ပေါ့။ အခုဆိုမှာက “ပွဲခင်းထဲက မခင်နှင်းဆီ” ပေါ့။ ကျွန်တော်က ဇာတ်မင်းသားဆိုတော့ ဇာတ်မင်းသားရဲ့ Logo လည်း မပျောက်ချင်ဘူးလေ။ ဘာပဲလုပ်လုပ်ကျွန်တော်ဇာတ်မင်းသားပါ။ အဲဒီတော့ “ပွဲခင်းထဲက မခင်နှင်းဆီ” ကို စီးရီး title ပေးဖို့ ရွေးထားတယ်။ သီချင်းတွေကတော့ အများကြီးပဲ” လို့ဝင်းနောင် (အနုပညာ)က ပြောပါတယ်။

မကြာမီရောက်ရှိလာတော့မယ် မိုးတွင်းကာလမှာ ဇာတ်အဖွဲ့တွေ အနေနဲ့ ခဏတာရပ်နားထားပြီး အဲဒီကာလတွေမှာ နောက်ထပ်လာမယ့် သဘင်ရာသီသစ်အတွက် တီးလုံးတိုက်တာမျိုးတွေနဲ့ ဝမ်းစာဖြည့်ရကြောင်း ဝင်းနောင်(အနုပညာ)က ဆိုပါတယ်။ ခေတ်တွေလည်း ပြောင်းလာခဲ့ပြီဆိုတော့ ဇာတ်သဘင်တွေအနေနဲ့လည်း ဆန်းသစ်မှုတွေရှိလာခဲ့ပြီ။ အဲဒီအပေါ်သဘင်မင်းသားတစ်ယောက်ရဲ့ အမြင်ကို မေးမြန်းတဲ့အခါ..

” ရိုးရာကို ရိုးနေရလည်း ရှေးရိုးကြီး ဖြစ်နေမှာ။ အဲဒီတော့ဇာတ်သဘင်ကို ကျွန်တော်တို့ မန္တလေးအထက်မြန်မာပြည်၊ မန္တလေးအနုပညာရှင်တွေကတော့ သုတ၊ ရသစုံ အောင်ပေါ့။ မြန်မာ့ရိုးရာလည်း မပျက်ဘူး။ အဲဒီရိုးရာအပေါ်မှာ အမြဲတမ်း ဆန်းသစ်နေရမယ့်ပေါ့။ အဲဒီလို ပုံစံမျိုးတွေနဲ့ လျှောက်လှမ်းနေကြပါတယ်” လို့ ဝင်းနောင် (အနုပညာ)က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here