ပရိသတ်သိချင်နေတဲ့ G.Fatt ရဲ့အဖြေ

0
516

G Fatt

ဒီတစ်ပတ်လူမှုကွန်ရက်စာမျက်နှာထက်မှာ ဂီတနဲ့ ပတ်သက်လို့ HOT ဖြစ်သွားခဲ့တဲ့ သီချင်းတစ်ပုဒ်ကတော့ G.Fatt ရဲ့”တစ်ယောက်ပဲ သတ်ချင်တယ်”သီချင်းပါ။ အဲဒီသီချင်း ရဲ့ Music Video မှာ ဒါရိုက်တာ ဝင်းလွင်ထက်ရဲ့ ရိုက်ချက်က ကောင်းသလို၊ အလင်းရောင်၊ ဝတ်မှုံရွှေရည်နဲ့ G.Fatt တို့ရဲ့ သရုပ်ဆောင်တွေကလည်း ကောင်းခဲ့တာကြောင့် သီချင်းကို ပိုပြီး အသက်ဝင်စေခဲ့ပါတယ်။

” ကျွန်တော်တို့ကသီချင်း အသစ်ကို သေသေချာချာတည်ပြီးတော့ ရိုက်နေတာဖြစ်တဲ့အခါကျတော့ story ဆန်ဆန်နဲ့ Story Mood ရယ်၊ ပါဝင်တဲ့ Artist ရွေးချယ်မှုအပိုင်းကိုလည်း သေသေချာချာစဉ်း စားပြီးရိုက်ကူးခဲ့တယ်။ အခုလိုမျိုးထွက်ရှိလာတဲ့အခါမှာ ဝိုင်းဝန်းအားပေးကြတော့ ပီတိဖြစ်ရတာပေါ့” လို့သူ့ရဲ့ ပီတိ ကို ပြောပါတယ်။

တစ်ကိုယ်တော်အခွေ “ဂျင်” အတွက် Music Video ထွက်ရှိဦးမှာလား၊ ဒါမှမဟုတ် ဒုတိယတစ်ကိုယ်တော် တန်းထွက်မှာလား မပြောနိုင်ပေမယ့် G.Fattက နောက်ထပ် Music Video တစ်ပုဒ်ကို ထွက်ရှိဖို့ရှိကြောင်းလည်းသိရပါတယ်။ “တစ်ယောက်ပဲ သတ်ချင်တယ်” ထွက်ပြီးတဲ့အခါမှာ သီချင်းအဟောင်းထဲက “အဖြူအစိမ်းပုံပြင်” ကို ကျောင်းဖွင့်ချိန်လောက် မှာထွက်ရှိမယ်။ အဲဒါလည်း Music Video ပါပဲ” လို့ G.Fatt က ပြောပါတယ်။ “တစ်ယောက်ပဲသတ်ချင်တယ်” ဆိုတဲ့ သီချင်းစာသားအတိုင်းဆိုရင် ကောင်မလေးတစ်ယောက်ကိုပဲ ကြိုက်နေမလား၊ ဒါမှမဟုတ် အရင်ရည်းစားတွေကိုပဲ မုန်းနေမလား၊ G.Fatt ရဲ့အချစ်ရေးက ဘယ်လိုရှိမလဲဆိုတော့ လက်ရှိအချိန်မှာ တစ်ယောက်တည်းပါပဲလို့ G.Fatt က ဖြေကြားခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here