ကြက်သားသည် ဖြစ်ရဦးမယ့် အိချောပို

0
490

Ei-Chaw-Po-1ဒါရိုက်တာ သားညီ ရိုက်ကူး မယ့် “တစ်လုံးချိုင့်” ရုပ်ရှင်ဇာတ် ကားမှာ ကြက်သား ရောင်းတဲ့ ဈေး သည်တစ်ဦးအနေနဲ့ အိချောပို ကို မြင်တွေ့ ရဦးမှာဖြစ်ပါတယ်။ ဒီကာရိုက်တာကတော့ သူမလုပ်ဖူးတဲ့ ပထမဆုံး ကာရိုက်တာ ဖြစ်တဲ့အတွက် ကြက်သား သည် တွေ ရဲ့ ပြုမူလှုပ်ရှား မှုတွေ လေ့လာသွားမှာပါလို့ ဆိုပါ တယ်။

“ဒီဇာတ်ကားမှာ အိချောက ကြက်သားသည် တစ်ယောက်ပါ။ ကြက်သားသည် ဆိုတော့ ကြက်သား ခုတ်ပုံ၊ ခုတ်နည်းတွေ ၊ ဈေးရောင်းပုံ တွေကိုပါ လေ့လာရပါတယ်။ ဒါရိုက် တာကလည်း သူလိုချင်တဲ့ အဝတ် အစားပုံစံတွေကို ပြောထားတဲ့ အတွက် အဝတ်အစား ပိုင်းကိုပါ ကြိုတင်ပြင်ဆင်ရပါတယ်။ ခပ်ကြမ်း ကြမ်း ပုံစံမျိုးတွေလည်း ပါတဲ့ အတွက် သရုပ်ဆောင် ပိုင်းကို ချိန်ပြီး လုပ်ရမှာပါ။ အိချော အနေနဲ့က သရုပ်ဆောင်တဲ့ အခါမှာ ပုံစံလေး တွေ မထပ်ဖို့အတွက်လည်း အိုက်တင်ပိုင်း လေးတွေ ခွဲလုပ်လေ့ ရှိပါတယ်”လို့ အိချောပိုက ပြောပါ တယ်။

အိချောပိုက တောင်သူလယ် သမားနေ့များရဲ့ ဘဝအ ကြောင်း ရိုက်ကူးတဲ့ “နာမည်ကျန် ရစ်မယ်” ရုပ် ရှင်ဇာတ် ကားကြီး အတွက်လည်း ကာရိုက်တာ နဲ့ ကိုက်ညီအောင် ဆံပင်ညှပ်ခဲ့တယ် လို့ သိရပါတယ်။ အရင်ကလည်း “ရွှေ ဒင်္ဂါးကို ထွေခင်းကစားမယ်” ဇာတ် ကားအတွက် ဆံရစ်ဝိုင်းဆံပင်ပုံစံရ အောင် ပြောင်းလဲခဲ့ပါတယ်။ “နာ မည်ကျန်ရစ် နေမယ်”အတွက် အိ ချောပို ကြိုးစားခဲ့တဲ့ အပိုင်းနဲ့ ပတ် သက်ပြီး …

“အိချောနဲ့ ကိုဇေရဲထက်နဲ့က ဆယ်တန်းအောင် ကာစ လူငယ်တွေ ပါ။ ကိုခန့်က ကိုဇေရဲထက်ရဲ့ အဖေ နေရာကပါ။ တောင်သူ လယ်သမား အရေးတော်ပုံ ပုံစံမျိုး ဒရာမာ ကား လေးပါ။ သင်္ကြန်မတိုင်ခင်မှာ အိချော တို့ နေပြည်တော်၊ ပေါင်းတည်ဆည် ဘက်မှာ သွားရောက် ရိုက်ကူးခဲ့ရ တယ်။ ကျောင်းသူပုံစံမျိုး အိချောရဲ့ ကာရိုက်တာနဲ့ လိုက်ဖက်အောင် ဆံပင်ရှေ့အတိလေး ညှပ်လိုက်တယ်။ အရင်တုန်း ကလည်း ကာရိုက်တာနဲ့ လိုက်ဖက်အောင် ဆံပင်ညှပ်ခဲ့တာ မျိုးတွေ ရှိပါတယ်။ အဲဒီဇာတ်ကား ကြီးမှာတော့ ပါဝင်တဲ့ သရုပ်ဆောင် တွေ အားလုံးလည်း ကြိုးစားပန်းစား သရုပ်ဆောင်ပြီး ပင်ပန်းခဲ့ကြပါ တယ်”လို့ ပြောပြပါတယ်။

အိချောပိုက ဒါရိုက်တာ ပြည် ဟိန်းသီဟ ရိုက်ကူးမယ့် စူပါမော်ဒယ်၊ လူကြီး က…တော် ရုပ်ရှင် ဇာတ် ကားကြီးတွေ အတွက် ပုပ္ပါးကို သွား ရောက်ရဦးမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here