အိန္ဒိယ ဒါရိုက်တာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ နည်းပညာပိုင်း ဆိုင်ရာတွေ သင်ယူသွားမယ့် သူထူးစံ

0
251

Thu-Htoo-Sanအက်ရှင် ဇာတ်ကားတွေ ရိုက်ကူးမှုများလေ့ ရှိတဲ့ သရုပ်ဆောင် သူထူးစံက အိန္ဒိယဒါရိုက်တာ ရိုက်ကူးမယ့် “မကြာမီမျှော်”ဇာတ်ကားကြီး မှာလည်း အက်ရှင် ဆန်ဆန် ဇာတ်ကွက်တွေနဲ့အတူ တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ရင်း ကောင်း မွန် တဲ့ အလေ့အထတွေကိုပါ လေ့လာမယ်ဆိုတဲ့ သူထူးစံက…

“ကျွန်တော်က ဒီဇာတ်ကားမှာ နိုင်ငံခြားမှာ သွားရောက်ပြီး အလုပ်လုပ် တယ်။ အခက်အခဲတွေ နဲ့ အဆင်မပြေဘူး။ အလိမ်ခံရတယ်။ အဲဒီမှာ မြန်မာ အချင်းချင်းတွေ့ဆုံပြီး တစ်ယောက်နဲ့ တစ်ယောက်ခံစားချက်တွေကို စာနာ ပေးတယ်။ ဒီဇာတ်ကားမှာ ပညာပေးလေး လည်း ပါသလို၊ ဟာသလေးတွေ လည်း ပါပါတယ်။ နိုင်ငံခြားနဲ့ တွဲဖက်ရိုက်ကူးပေ မယ့် မြန်မာ မှု တော့ ပျောက် အောင် လုပ်မှာ မဟုတ် ဘူး။ ဒီလို ရိုက်ကူးတဲ့အခါ ဘယ်လိုပုံစံ၊ ဘယ်လို အရောင်ဝတ်ရမယ် ဆိုတာတွေ တွက်ပြီးသား၊ အပ်ပြီးသားပါ။ ကျွန်တော် တို့က ရိုက်ကူး ရုံပဲ။ အဲ့ဒီလိုမျိုးကို ကျွန်တော် ကြိုက်တယ်။ ကောင်းတဲ့ အလေ့ အထပါပဲ”လို့ ပြောပါတယ်။

သူထူးစံ အနေနဲ့ နောက်ပိုင်းဇာတ်ကားတွေ ရိုက်ကူးတဲ့ နေရာမှာ နည်း ပညာပိုင်း အခက်အခဲလေးတွေ၊ အဆင်မပြေမှုလေးတွေ ရှိနေတယ်လို့ ဆိုပါ တယ်။ နိုင်ငံခြားနဲ့တွဲဖက် ရိုက်ကူးတဲ့အခါ သူတို့ဆီက နည်းပညာပိုင်း တိုးတက် မှုတွေကို သင်ယူသွားမယ် လို့ သူထူးစံက ပြောပါတယ်။

“ကျွန်တော်တို့ အက်ရှင်တွေ ရိုက်တဲ့ကူးအခါ ဖြစ်နိုင်တာလောက်ကို တိတိကျကျနဲ့ ကျွမ်းကျွမ်း ကျင်ကျင် လုပ်နိုင်အောင်ကြိုးစားတယ်။ အက်ရှင် အခြေခံ ကိုလည်း ဟိုးအရင်ကတည်းက လေ့ကျင့်ထားတယ်။ ဒါကိုဝါသနာ ပါသလို၊ အများကြီးလည်း ရိုက်ကူးဖူးတယ်။ ကျွန်တော် တို့ဆီမှာ ဒီလို ရိုက်ကူးနေကျဆိုတော့ တစ်ခါတလေ  အရင်ကလောက်တောင် အဆင်ပြေ အောင် မရိုက်ကူးနိုင် ကြဘူး ။ နိုင်ငံခြား နဲ့ တွဲရိုက်ကူးတော့ ကိုယ်တွေမကျွမ်း ကျင်သေးတဲ့  technique ပိုင်းတွေ၊ အသံပိုင်းတွေ၊ စနစ်ကျတဲ့ အရာတွေ၊ အားလုံး သင်ယူမှာပါ။ အက်ရှင်ဆိုလည်း ကြိုးဆွဲ၊ ခရိုမာတွေတောင် သင်ယူ သင့်တာပါ။ သင်ယူပြီးလုပ်တာကတော့ ကိုယ့်ဘာသာပဲ လုပ်ရမှာပေါ့”လို့ သူထူးစံက ပြောပြပါတယ်။ သူထူးစံက “မကြာမီမျှော်” ဇာတ်ကားကြီးကိုတော့ ဝေဠုကျော်၊ နေနော်၊ ဇင်ကြီး၊ မေဘရဏီသော် တို့နဲ့အတူ မြဝတီမှာ ရိုက်ကူးမယ်လို့ သိရပါတယ်။

 မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here