ပရိသတ်ချစ်ခင် အားပေးကြတဲ့ Bella ဖြစ်ချင်ပါတယ်

0
143

Belar (1)

Miss Myanmar World 2016 အလှမယ် Bella @ မြတ်သီရိလွင်က MRTV-4, Channal – 7 တို့နဲ့ ပူးပေါင်းပြီးတော့ Love From The Future (အနာဂတ်ချစ်သူ) ဆိုတဲ့ မီနီစီးရီး ဇာတ်လမ်းတိုလေး ရိုက်ကူးထားပါတယ်။ ဒီမီနီစီးရီးနဲ့ ပတ်သက်ပြီး Bella က…

” ညီမက တခြားကမ္ဘာကလာတဲ့ မိန်းကလေးတစ်ယောက်။ ပြီးတော့ ခုခေတ်ကို ရောက်လာပြီးတော့ မင်းသားနဲ့ချစ်ကြိုက်ကြတယ်။ နောက်ပိုင်းမှာ မင်း သားနဲ့ထပ်မတွေ့တော့ဘဲ ကွဲသွားတဲ့ဇာတ် လမ်းစုံမျိုးပါ။ ဒီဇာတ်လမ်းက ညီမရဲ့ ဘာအတွေ့အကြုံမှမရှိသေးတဲ့ပထမဆုံး ဇာတ်ကား လေးဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့ အကောင်း ဆုံးကြိုးစားထားတယ်။ ဒီဇာတ်ကားလေးက သြဂုတ်လမှာ ထွက်ပါ့မယ်။ ဘယ်ရက်ထွက်မလဲဆိုတာ ရက်အတိ အကျတော့ မသိသေးဘူး။ သိလို့ရှိရင် ညီမရဲ့ဖေ့စ်ဘုတ်မှာ တရားဝင်ကြေညာပေးပါ့မယ်။ အဲဒီဇာတ်ကားလေးကို ကြည့်ရှုရမယ့် link ရှိရင်လည်း link ရှယ်ပေးပါ့မယ်။ ညီမကို အားပေးကြပါဦး။ လိုအပ်ချက်တွေရှိရင်လည်း အကြံပေးနိုင်ပါတယ်” လို့ ပြောပြပါတယ်။ ဒီဇာတ်လမ်းတိုလေးကို MRTV -4 ရုပ်သံလိုင်းကနေ သြဂုတ်လအတွင်းမှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီဖြစ်တဲ့အတွက် အနုပညာပိုင်းမှာ ပရိသတ်ကို အနုပညာရသအပြည့်အဝပေးနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်းနဲ့ သူ့ရဲ့အနုပညာအပေါ်ခံယူချက်ကို Bella က အခုလိုပြောပြခဲ့ပါတယ်။

” အနုပညာက ညီမရဲ့ဘဝတစ်ခုလုံးလို့ ပြောလို့ရတယ်။ အဲဒီအတွက်ကြောင့်မို့ အနုပညာကို ညီမရူးသွပ်တယ်။ ဒါကြောင့်အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ဘယ်အခန်း ကဏ္ဍကမဆို ပါဝင်ပြီးတော့ ညီမ အကောင်းဆုံး ကြိုးစားမယ်။ ပြီးတော့ Miss ပွဲမှာ အပြုံးနဲ့မှတ်မိနေတဲ့ Bella ကို ဒီလောကမှာလည်း Bella ကို အပြုံးနဲ့မှတ်မိစေချင်သလို ပရိသတ်ချစ်ခင်လက်ခံပြီး အားပေးကြတဲ့ Bella ဖြစ်ချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ အခုလတ်တလောမှာတော့ Bella က MRTV -4 က ဖွင့်လှစ်တဲ့ ရုပ်ရှင်သင်တန်းကို တက်ရောက်နေပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here