မေခလာရဲ့ မွေးနေ့ အလှူအတန်းတွေဖြင့်သာ ကုသိုလ်ယူ 

0
92

 dfgf

စတီရီယိုခေတ် ဂီတလောကမှာ ကိုယ်ပိုင်နာမည်တစ်လုံး တည်ထောင်ပြီး ထင်ရှားကျော်ကြားခဲ့တဲ့ ဂီတအနုပညာရှင် မေခလာက မေလ၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မွေးနေ့ကိုတော့ နှစ်စဉ်အလှူပြု လုပ်နေကျနေရာဖြစ်တဲ့ မင်္ဂလာဒုံမြို့ နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ ပညာမြေကျောင်းမှာ အလှူပြုလုပ် ခဲ့ပါတယ်။

ဒီနှစ်မှာတော့ သံဃာတော်မြတ် များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ပညာမြေကျောင်းမှ မိဘမဲ့ကလေး များ၊ ကျောင်းနေကျောင်းစားကလေး များကိုလည်း နေ့လယ်စာကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် အလှူ ငွေကျပ် ၆သိန်းကိုလည်း ကျောင်းအတွက် လှူဒါန်းခဲ့ပါသေးတယ်။

fb

” ချစ်ငယ်ရဲ့ မွေးနေ့မှာ ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို သာဓု ခေါ်ကြပါနော်။ အားလုံးချစ်ငယ် နဲ့အတူ ကုသိုလ်တွေအတူ ရရှိကြပါစေ” လို့ ဂီတအနုပညာရှင် မေခလာ က သူ့ပရိသတ်တွေကို အလှူနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ အဲဒီနောက် မွေးနေ့ရက်မှာပဲ သက်တော် ၉၉ နှစ်ရှိပြီဖြစ်သော အောင်စေတီ ဆရာတော်ဘုရားကြီးအား သွားရောက်ကြည်ညို လှူဒါန်းမှုပြုခဲ့ပါတယ်။

” ဆရာတော်ဘုရားကြီးကို ဖူး မြော်တဲ့အခိုက်မှာ ဝမ်းနည်းဝမ်းသာ ခံစားမှုရခဲ့ပါတယ်။ မြတ်စွာဘုရား ဟောကြားတော်မှုတဲ့အတိုင်း အိုနာသေခြင်းကို အားလုံးခံစားကြရမှာ ပါပဲ။ ဆရာတော်ဘုရားကြီး ကျန်းမာ ပြီး သက်တော်ရာကျော် ရှည်ပါစေ” လို့ ဂီတအနုပညာရှင် မေခလာက ဆရာတော်ဘုရားကြီးကို ဖူးမြော် ခဲ့ရမှုကို ပြန်လည်ပြောပြပါတယ်။ ဂီတအနုပညာရှင် မေခလာက နှစ်စဉ်မွေးနေ့တိုင်းကို အလှူအတန်း တွေနဲ့ပဲ ဖြတ်သန်းလေ့ရှိခဲ့တာဖြစ်ပြီး ဒီနှစ်မှာလည်း မွေးနေ့ကို အလှူ အတန်းတွေနဲ့ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here