ကိုယ်ပိုင်လွတ်လပ်ခွင့်ထက် အနုပညာကိုသာ ဦးစားပေးကြတဲ့ သဘင်အနုပညာရှင်

0
154

Tabin 1

အခုနှစ်ပဲခူးဘုရားပွဲကြီးက သင်္ကြန်ရက်နဲ့ တိုက် ဆိုင်ခဲ့ပါတယ်။ အဲဒီအခါမှာလည်း လူငယ်တွေချည်း ပဲ ဦးဆောင်ကပြနေတဲ့ စံပြသဘင်နဲ့ စွမ်းဇာနည်တို့ ဇာတ်အဖွဲ့တွေက သင်္ကြန်ပိတ်ရက်မှာ အနားယူခြင်း၊ ရေပက်ကစားခြင်းကို မပြုခဲ့ဘဲ အနုပညာအတွက် ကိုသာ အဓိကဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေ အနုပညာသမား တစ်ယောက်အနေနဲ့ သူတို့ချစ်သော အနုပညာ အတွက် သူတို့ရဲ့ လူငယ်ဘဝ လွတ်လပ်ခွင့်တွေကို မေ့ပျောက်လိုက်ရတာမျိုးတွေလည်း ရှိပါတယ်။ စံပြသဘင်မှ ဟန်ဇာမိုးဝင်းဆိုရင်လည်း ဇာတ် သဘင်လောကထဲကို ကျောင်းပြီးစမှာပဲ ဝင်ရောက် ကပြခဲ့သူပဲ ဖြစ်ပါတယ်။ ကျောင်းပြီးစလူငယ် တစ် ယောက်ဖြစ်သည်နဲ့အညီ အဲဒီကာလတွေမှာတော့ သင်္ကြန်လိုရက်မျိုးတွေမှာ ဇာတ်ပွဲကရရင် စိတ်ထဲ လူးလိမ့်နေတာမျိုးတွေ ဖြစ်ခဲ့တာတွေလည်းရှိတယ်လို့ အဲဒီကာလတုန်းက စိတ်ခံစားမှုကို ၄င်းမှ ပြောပြပါတယ်။

” ကျွန်တော်ကျောင်းသားဘဝ၊ ပြီးတော့ ဇာတ်ပွဲစကပြတော့ စစချင်းမှာ ကျွန်တော်ဖြစ်တယ်။ သင်္ကြန်မှာ သူများတွေ ပျော်နေရတဲ့အချိန်မှာ ကျွန်တော်မပျော်ရဘူး။ သူများတွေ ရေပက်ခံထွက်ရင် ကျွန်တော်လည်း သွားချင်တာပေါ့။ အဲဒီတုန်းက ငိုပြီးတော့ အဖေ့ကိုတောင် ပြောရတယ်။ အဖေ ကျွန်တော်ပျော် ချင်လို့ပါ။ ဒီသင်္ကြန်ရက်လေးမှာပေါ့။

နောက်ပိုင်းမှာတော့ ကျွန်တော်အသားကျ သွား တယ်။ ပရိသတ်တွေကလည်း အပင်ပန်းခံပြီး လာကြည့် ကြတာဆိုတာကိုလည်း အဲဒီပရိသတ်ရဲ့ တန်ဖိုးကိုလည်း သိသွားတယ်။ ပရိသတ်ရဲ့ စေတနာကိုလည်း နားလည် လာတယ်။ သင်္ကြန်သည် သူ့ဘာသာသူ ကျင်းပနေလိမ့် မယ်။ ငါသည်ငါ့ကိုကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ငါကြိုးစားမယ်ပေါ့။ နောက်ပိုင်းမှာ ကျွန်တော်က အလုပ်လုပ်ရတာကို စွဲလမ်းတဲ့သူဖြစ်လာတယ်။ အဲဒီ တော့ သိပ်ပြီးတော့ မခံစားရတော့ဘူး။ သူများတွေ သင်္ကြန်မှာ သွားကဲနေတယ်။ ကျွန်တော်ကတော့ ကိုယ့် ဘာသာကိုယ် အလုပ်လုပ်နေတယ်။ ကျွန်တော် ပဲခူး ကနေ ရန်ကုန် အထိပြန်ပြီးတော့ ကဲတဲ့နှစ်တွေတောင် ရှိသေးတယ်။ နေ့ ပိုင်းကို ရေကစားပြီး ညကို ဇာတ်ပွဲ ပြန်ကတယ်။ အဲဒီလိုတွေလည်း ရှိခဲ့တယ်” လို့ လူငယ် တစ်ယောက်ရဲ့ ခံစားမှုကို ဟန်ဇာမိုးဝင်းက ပြောပြပါတယ်။

စွမ်းဆိုရင်လည်း သဘင်ရာသီက စတင်လို့ မြန်မာနိုင်ငံအနှံ့အပြားမှာ ဇာတ်ပွဲများကို တောက် လျှောက် ကပြလာခဲ့ရင်းက သင်္ကြန်ပိတ်ရက်မျိုးမှာ သူ့ အနေနဲ့ အနားယူချင်တာမျိုးလည်း ရှိ ပါတယ်။ သို့ ပေမယ့်လည်း ဒီနှစ်မှာတော့ သင်္ကြန်တွင်းက ပဲခူး ဘုရားပွဲကြီးနဲ့ တိုက်ဆိုင်သွားတဲ့အတွက် မနားခဲ့ရ ပါဘူး။

” ကျွန်တော်ကတစ်နှစ်လုံးမှာမှ သင်္ကြန်ရက်နဲ့ ၁ဝတန်းစာမေးပွဲဖြေတဲ့ရက်မှာ အနားယူရတာပါ။ ၁ဝ တန်း စာမေးပွဲရက်တောင်မှ ကျွန်တော်က ဗီဒီယိုရိုက် ကူး ရေးတွေရှိတယ်။ မနားရ ဘူး။ ကျွန်တော်ဇာတ်ဆရာ မဖြစ်ခင်ကတည်း စာချုပ်ချုပ်ရင် သင်္ကြန်ရက်ဆို ကျွန်တော်မကပြဘူး။ သင်္ကြန်ရက်ဆို ပဲခူးပွဲနဲ့ တိုက်ရင် ပဲ ကပြဖြစ်မှာ။ တခြားပွဲတွေဆိုရင် မကပြဘူး။ သင်္ကြန် တွင်း ဆိုရင် ကျွန်တော်ကဘုရားဖူးထွက်တယ်။ ပြည်ပ ခရီးတွေ ထွက်ဖြစ်တယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ လုံးဝ မနားလိုက်ရဘူး” လို့ စွမ်းကပြောပြပါတယ်။

ဒါကြောင့်လည်း သဘင်အနုပညာရှင်တွေအနေ နဲ့ကတော့ သူတို့ရဲ့ လွတ်လပ်ခွင့်နဲ့ အနုပညာယှဉ်လာ တဲ့ အခါမှာတော့ အနုပညာကိုသာ အဓိကဦးစားပေး ကြလေ့ရှိတာပဲဖြစ်ပါတယ်။ ဒါကလည်း သူတို့ရဲ့ အနု ပညာကို ချစ်တဲ့စိတ်၊ ပရိသတ်တွေအပေါ်တာဝန် ကျေချင်တဲ့ စိတ်တွေနဲ့အတူ သဘင်လောကကြီးကို ပိုမို တိုးတက်လာအောင် ဆောင်ရွက်နေကြတာပဲဖြစ် ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here