၂ဝ၁၇ မှာ မင်္ဂလာဆောင်ကြတော့ မယ့် ငွေကြယ်ပွင့်များ

0
210

star၂ဝ၁၇ မှာ ရွှေလက်တွဲကြတော့မယ် စုံတွဲများ နဲ့ ရွှေလက်တွဲ သွားကြပြီဖြစ်တဲ့ စုံတွဲများ စာရင်းကို အခုလို ဖော်ပြ လိုက်ပါတယ်။ သူတို့ ဟာ အချစ်စစ်ကို ရှာဖွေ တွေ့ရှိသွားပြီး ဒီနှစ်ထဲကို မင်္ဂလာဆောင် ဖို့ကို ပရိသတ်တွေ ကိုလည်း ပုံစံအမျိုးမျိုးနဲ့ အသိပေး ကြေညာ လိုက်ခဲ့ကြပါတယ်။

မင်းသား Cha Ye Ryun နှင့် မင်းသမီး Joo Sang Wook တို့စုံတွဲကတော့ တွဲပြီး တစ်နှစ် အကြာမှာ လက်ထပ်ဖို့ကို ဆုံးဖြတ် လိုက်ပါတယ်။
“ကျွန်တော့်ဘဝရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို သူမရဲ့ အကြံပေးမှုတွေ ဂရုစိုက်မှုတွေ နဲ့ ကုန်ဆုံးချင်ပါတယ်။ ကျွန်တော် သရုပ်ဆောင် ဘက်မှာရော ၊ ခင်ပွန်းတစ်ယောက် အနေနဲ့ပါ ကျွန်တော် တတ်စွမ်း သလောက် ကြိုးစားမှာပါ။ ကျွန်တော် အခုထိ အားပေးနေကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ အားပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ပြောခဲ့ပြီး လက်ထပ်ပွဲ ကိုတော့ မေလတွင် ပြုလုပ်မယ်လို့သိရပါတယ်။

မင်းသား Kim So Yeon နဲ့ မင်းသမီး Lee Sang Woo တို့ စုံတွဲတို့ကတော့ ဇွန်လ ၉  ရက်နေ့မှာ လက်ထပ် ကြတော့မှာပါ။ မင်္ဂလာဆောင် ကိုတော့ ဆိုးလ်မှာပဲ ပြုလုပ်မှာ ဖြစ်ပြီး မိသားစု နဲ့ သူငယ်ချင်းတွေ လောက်သာ ဖိတ်ကြားမယ်လို့ သိရပါတယ်။  မင်းသား Oh Sang Jin နဲ့ မင်းသမီး Kim So Yeon တို့ စုံတွဲကတော့ ၃ဝ ရက်နေ့က လက်ထပ်ခဲ့ကြတာပါ။ ဟာသ လူရွှင်တော်စုံတွဲ Kang Jae Joo နဲ့ Lee Eun Hyung တို့ကတော့ ၁ဝ နှစ်တောင် တွဲခဲ့ကြပြီး ဧပြီ ရက်နေ့ လက်ထပ်ခဲ့ကြတာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here