ကိုယ်ဝန် (၂) လကျော် ရှိနေပြီဖြစ်တဲ့ သက်ထားဝေဇင်

0
199

That Htar Wai Zin

သရုပ်ဆောင်သက်ထားဝေဇင်က ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ “လူများကို ခြောက်လှန့်ရန် တစ္ဆေ တစ်ကောင်အလိုရှိသည်” ရုပ်ရှင်ဇာတ်ကားမှာ သရဲမနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက သူပထမဆုံး သရုပ် ဆောင်ရတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားရ ကြောင်းကို သက်ထားဝေဇင်က  …

” ညီမကို ဒါရိုကိတာညိုမင်းလွင်က Notra ဇာတ်ကောင်အတွက် ရွေးချယ်ခဲ့ပြီး Notra မရိုက်ခင် သီလရှင်ဝတ်ပြီးကတည်းက ပထမဆုံးစ ရိုက်ကူးရတဲ့ ဇာတ်ကားလေးပါ။ ပထမဆုံး ဇာတ်ကားဖြစ်ပေမယ့်လည်း အခက်အခဲကတော့ အများကြီး မရှိပါဘူး။ ကိုယ်ကိုယ်တိုင်ကလည်း တစ္ဆေသရဲ ဝိဥာဏ်တွေကို စိတ်ဝင်စားတယ်။ ငယ်ငယ်ကတည်းက ဇာတ်ကားကြည့်ရင် Horror Movie တွေပဲ ကြည့်ခဲ့တာများ ပါတယ်။ ဇာတ်ကားရိုက်နေတဲ့အတွင်းမှာ ဒါရိုက်တာနဲ့ စီနီယာ အစ်ကိုအစ်မတွေက သင်ကြားပေး တယ်။ တအားကို ပျော်ဖို့ကောင်းခဲ့ ပါတယ်။ အခု ညီမပထမဆုံး ပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ရုံ တင်ပြသလာတော့မယ်ဆိုတော့ နည်းနည်းတော့ ရင်ခုန်စိတ်လှုပ်ရှားပါတယ်။ ပရိသတ်တွေ ကြည့်ရှုပြီး ဝေဖန်ပေးကြပါ။ နောက်ထပ် ရုံတင်လာမယ့် ရုပ်ရှင်ဇာတ်ကားတွေ လည်းရှိနေပါသေးတယ်။ အားပေးကြပါဦး” လို့ ပြောပြပါတယ်။

သရုပ်ဆောင်သက်ထားဝေဇင်က သူ့ရဲ့ချစ်သူနဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က မင်္ဂလာပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ချစ်သူသက်တမ်းတစ်နှစ်ကျော်မှာ လက်ထပ်ခဲ့ကြောင်းကို …

” ချစ်သူသက်တမ်းတစ်နှစ် ကျော်မှာ အစီအစဉ်မရှိဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်လို့ လက်ထပ်လိုက်ကြတယ်။ အမျိုးသားက မြိတ်ကဆိုတော့ အဲဒီမှာ အရင်သွားပြီး မင်္ဂလာဆောင်တယ်။ ပြီးမှ ရန်ကုန်မှာ ပြန်ဆောင်တာပါ။ အခု ညီမမှာ ကိုယ်ဝန်၂ လကျော် ရှိနေပါပြီ။ အမှန်တိုင်းပြောရရင် ကိုယ်က ကလေးသာသာပဲ ရှိသေးတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ မိခင်ပီသအောင်၊ အိမ်ထောင် ရှင်မကောင်း တစ်ယောက်ဖြစ် အောင်ကြိုးစားနေပါတယ်”လို့ ပြောပြခဲ့ပါတယ်။ အခုလော လောဆယ်မှာ တော့ မိသားစုကို အချိန်ပေးဖြစ်နေတဲ့ အတွက် အနုပညာအလုပ်တွေကို ခဏနားထားပါတယ်လို့ သက်ထားဝေဇင်က ပြောပြပါတယ်။ သက်ထား ဝေ ဇင်ကအယူတော် မင်္ဂလာ၊ အနန္တ၊ တနင်္ဂနွေည ကျောင်း၊ ဒိုင်နိုစောစတဲ့ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးထားခဲ့ပြီးပြီဖြစ်ပါတယ်။

ဇင်မာနွယ်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here