သရဲတစ္ဆေ ရှိတယ်ဆိုတာ ယုံကြည်တဲ့ မင်းမော်ကွန်း

0
392

Min Maw Kun

မင်းမော်ကွန်းက ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးထားတဲ့ “လူများ ကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည်Horror  ရုပ်ရှင်ဇာတ် ကားမှာ ချစ်သူရည်းစားနဲ့ ရန်ဖြစ် လိုက်၊ ပြန်ချစ်လိုက် ဖြစ်နေ ရင်းကနေ စိတ်ညစ်ပြီး သူငယ်ချင်း တစ်စုနဲ့ သရဲခြောက်တဲ့ အိမ်ကြီးထဲ ကို ဝင်ရောက်စူးစမ်းလေ့လာရင်း သေဆုံးခဲ့ရတဲ့ ဂ င်္ဂါဆိုတဲ့ လူတစ် ယောက်နေရာကနေ ပါဝင်သရုပ် ဆောင်ထားတာ ဖြစ်ပါတယ်။ သရဲ ဇာတ်ကားတွေကို ရိုက်ကူးသလို ကိုယ်ကိုယ်တိုင်လည်း သရဲခြောက်ခံ ဖူးတဲ့အတွက် သရဲတစ္ဆေ ရှိတာကိုလည်းယုံကြည်ကြောင်း မင်းမော်ကွန်းက ..

” သရဲတစ္ဆေဆိုတာတွေကို ယုံကြည်ပါတယ်။ ဘယ်လို ကြောင့် ယုံကြည်လဲ ဆိုတော့ ဘုရားဟောထဲမှာလည်း ပါတယ်လေ။ ကိုယ်ကိုယ် တိုင်ကလည်း ကြုံဖူးခဲ့တယ် လို့ ထင်တာပဲ။ ထင်တဲ့ အတွက်ကြောင့်မို့ ယုံကြည်တယ်။ ဒါပေမဲ့ သိပ်ပြီးတော့ အယူမသီးပါဘူး။ အခြောက်ခံဖူး တာတွေ ကြုံတော့ ကြုံဖူးပေမယ့် ကြောက်တာတော့ မကြောက်ပါဘူး။ အခြောက်ခံရတာ ကတော့ ခဏခဏပါလို့ ပြောလို့ရတယ်။ ဟိုး ငယ်ငယ်ကတည်းကပေါ့” လို့ သရဲခြောက်ခံရခြင်းနဲ့ သရဲတစ္ဆေရှိ တယ်ဆိုတာတွေ ကို ယုံကြည်ကြောင်း ပြောပြခဲ့ပါ တယ်။ အခုလတ်တလော မှာ မင်းမော်ကွန်းရဲ့ ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ဆိုသလို ရုံတင် ပြလာတာကိုတွေ့ရပြီး ဇာတ်ကား များကလည်း တကယ့်ကို ဒရာမာ ပြည့်မီတဲ့ ဇာတ်ကားတွေကို ကြည့်ရှု ရတာပဲဖြစ်ပါတယ်။ ဒရာမာဇာတ်ကားများ ကြည့်ရှု လာရတဲ့အပေါ်ကို တော့ မင်းမော်ကွန်းက ….

” ကျွန်တော့်ရဲ့ ကံဇာတာလေး တစ်ကျော့ပြန် လည်လာတယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီအပေါ်မှာလည်း ကျွန်တော်အကောင်းဆုံး ဇာတ်ကားတွေကို ရွေးချယ်ပြီးတော့ အကောင်းဆုံး ရိုက်ကူးနေပါတယ်။ အခုဆို ကျွန်တော်ဟာသကား ၃ဝ လောက်နဲ့ ဒရာမာကား ၇ဝ လောက် ကျွန်တော်လက်ခံပြီး ရိုက်ကူးဖြစ်နေပါတယ်။ ကျွန်တော်ကတော့ တစ်ကားနဲ့ တစ်ကား၊ တစ်ဆင့်နဲ့ တစ်ဆင့် ပိုပိုပြီးတော့ မြင့်လာအောင် ကြိုးစားနေပါတယ်။ ကျွန်တော်တို့ သေချာကြိုးစားရင်တော့ ဟာသပဲ ဖြစ်ဖြစ်၊ ဒရာမာပဲဖြစ်ဖြစ် အနုပညာမြောက်ဖို့ပဲ အရေးကြီးတာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here