အကယ်ဒမီထွန်းထွန်းရဲ့ ဘောလုံးဝတ်စုံကို လေလံဆွဲရာ ပရိသတ်တစ်ဦးမှ ၁ဝသိန်းဖြင့် ဝယ်ယူ

0
334

Tun Tun (2)

သရုပ်ဆောင် ထွန်းထွန်းရဲ့ ဘောလုံးအားကစားဝတ်စုံကို We love Tun Tun Examplez အဖွဲ့မှ အလှူတစ်ခုပြုလုပ် ရန်အတွက် လေလံဆွဲရောင်းချခဲ့ရာ ပရိသတ်တစ်ဦးက ၁ဝ သိန်းဖြင့် လေလံအောင်ကာ ဝယ်ယူခဲ့ပါတယ်။ ဒီလေလံအောင် ငွေကို Super Star DVD ထွက်ရှိခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ် နဲ့ အကယ်ဒမီထွန်းထွန်းအတွက် ဂုဏ်ပြုတဲ့အထိမ်းအမှတ်အနေနဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ ထွန်းထွန်းနဲ့ ပရိသတ်တွေအတူ လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

” ဒါက ၃ခေါက်မြောက်လေလံဆွဲတာပါ။ အရှေ့ပိုင်းမှာလည်း ဇာတ်ကားရိုက်တဲ့အကျီတစ်ထည်ရယ်။ နာရီရယ်၊ လေလံဆွဲကြတယ်။ အဲဒီတုန်းကလည်း လေလံအောင်ကြ တယ်။ ဒါလေးဆိုလည်း မှတ်မှတ်ရရပဲ။ ကျွန်တော် မဟာယူနိုက်တက်အသင်းမှာ ကန်တဲ့ ဘောလုံးအင်္ကျီလေးကို အမှတ်တရအနေနဲ့ we love ရဲ့ admin ဟေဇယ်ကလေလံပစ်ချင်တယ်တဲ့။ ဟိုတလောက တောင် အဲဒီအင်္ကျီ နဲ့ ဘောလုံးကန် ဖြစ် သေးတယ်။ လေလံဆွဲချင်လည်း ဆွဲပေါ့။ ၅သောင်းနဲ့ လေလံစဖွင့် မယ်တဲ့ ဖွင့်ချင်လည်း ဖွင့်လိုက်လေ။ ပိုက်ဆံများများရတော့လည်း များ များလှူရ တာပေါ့လို့ သူ့ကိုပြောလိုက် တယ်။ လေလံဆွဲတာက တစ်ရက်ပေါ့။ ဒီနေ့ည ၉နာရီမှာ လေလံဖွင့်တယ်။ နောက်နေ့ ည၉နာရီထိပေါ့။ ကျွန်တော်လည်း ဝင်မကြည့်ဘူး၊ ရင်တုန်လို့။ ၁ဝသိန်းဆိုတော့ အားလုံးဝိုင်း လှူကြတာလား ပေါ့။ မဟုတ်ဘူး။ ဒါသက်သက် လေလံအောင်သွား တာတဲ့။ ဟုတ်လို့လား ဆိုပြီး မယုံဘူးဖြစ်နေတယ်။ မန္တလေးကပရိသတ် တစ်ယောက်က လေလံ အောင်သွားတာ။ အခုလို မျိုး အလှူအတန်းကိစ္စမှာ သူလည်း ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်ပြောပါတယ်။ ဒါအမှတ်တရပါပဲ။ ဒီကရရှိတဲ့ပိုက်ဆံနဲ့ ကျွန်တော်တို့ We love Tun Tun Examplez အဖွဲ့ပြုလုပ်တဲ့ကုသိုလ် အလှူပွဲလေး ပြုလုပ်ဖို့ရှိပါတယ်” လို့ ထွန်းထွန်းက ပြောပါတယ်။

လတ်တလောမှာထွန်းထွန်းက “တစ်လုံးချိုင့်” ရုပ်ရှင်ဇာတ်ကားကို မင်းမော်ကွန်း၊ စည်ဖြိုး၊ နေရဲ၊ အိချော ပိုတို့နဲ့ အတူရိုက်ကူးနေပြီး အခု နောက်ပိုင်းမှာ သူ့အသက် အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ရုပ်မျိုးတွေကို ရိုက်ကူးဖြစ်နေပါတယ်လို့ဆိုပါတယ်။ ပရိသတ်တွေ အတွက်တာဝန်ကျေအောင်ဆက်လက်ကြိုးစားနေမှာဖြစ်သလို အလုပ်တွေ ကိုလည်း အမြဲ မပြတ်လေ့လာဆည်းပူးဖြစ်ပြီး အရင်တုန်းက ထွန်းထွန်းနဲ့ အကယ်ဒမီ ထွန်းထွန်းက ကွာခြားမှုမရှိပါဘူးလို့လည်း ထွန်းထွန်းက ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ -မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here