ဇရာဆိုတာတော့ လက်မခံလို့ မရပါဘူး ထွန်းအိန္ဒြာဗို

0
100

Tun-Eaidar-Boထွန်းအိန္ဒြာဗိုက မေလ ၁ရက်နေ့မှာ ကျရောက်တဲ့ ၅၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ပဲခူး ဆယ်မိုင်ကုန်း၊ သဲဖြူချောင်း ကျေးရွာရှိ ပဏ္ဍိတာရာ မ ဆယ်မိုင်ကုန်းတောရ စခန်းရိပ်သာမှာ ရိပ်သာ၁ဝရက် ဝင်ခဲ့ပြီး တရားအား ထုတ်ခဲ့ပါတယ်။

“ကျွန်မ ငယ်ငယ်တုန်း ကတည်းကတော့ ရိပ်သာတွေ တစ်နှစ် သုံးကြိမ်ဝင် ခဲ့ဖူးတယ်။ သားသား ကိုယ်ဝန်ကြီး အထိကို ဝင်လိုက် ထွက်လိုက်နဲ့ ရိပ်သာ ဝင်တုန်းပဲ။ သားသားမွေးပြီးကတည်းက တအားကျဲသွားတယ်။ ၃၊ ၄နှစ်မှ တစ် ကြိမ်တောင် မနည်းဝင်ရတဲ့ သဘောတွေဖြစ်လာတယ်။ အခုတော့ ပြန်စဝင်တဲ့ သဘောပဲ။ ကျွန်မတစ်နှစ်ကို အနည်းဆုံး၂ ကြိမ် ကနေ ၄ကြိမ်လောက် ရအောင် ဝင်မယ်ဆိုတဲ့ စိတ်တော့ ရှိတယ်။ ဒီနှစ်ပြန်စဝင်တဲ့ သဘောပါ”လို့ ပြောပါတယ်။  မွေးနေ့မှာတော့ ရိပ်သာမှာရှိတဲ့ သံဃာ၊သီလရှင်နဲ့ ယောဂီ များအတွက် တစ်နေ့ လုံးစာကျပ် ခုနှစ်သိန်းသုံးသောင်းကျပ်၊ ရေခဲမုန့်အလှူ အတွက်တစ်သိန်း လေး ထောင်ကျပ် လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ရှင်သန်ရေး ကူညီမှု အသင်းကိုလည်း စုစုပေါင်း အလှူငွေ ကျပ်၁၁သိန်းကိုလည်း လှူဒါန်းခဲ့ပါတယ်။ အခုတစ်ခေါက် ရိပ်သာဝင်တဲ့ အခါ အသိဥာဏ်တွေများစွာတိုးခဲ့ကြောင်းကို ထွန်းအိန္ဒြာဗိုက

“ဒီတစ်ခေါက် ရိပ်သာဝင်တဲ့အခါမှာ မဝင်တာ ကြာလို့လည်းပါမယ်။ ခဏ ခဏ ဝင်တာများလာတဲ့ အချိန်မှာ တစ်ခါပြီးတစ်ခါ ဝင်ရတဲ့အကြိမ်က တစ်ခေါက်နဲ့ တစ်ခေါက်မတူဘူး။ သဘော ပေါက်လာတဲ့ အသိဥာဏ်တွေလည်း မတူဘူး။ ဆရာတော်တွေ တရားလျှောက်တဲ့ အခါမှာလည်း အသိဥာဏ် တွေ အများကြီး တိုးတယ်။ ကျွန်မတို့လည်း တဖြည်းဖြည်း အသက်တွေလည်း ကြီးလာ ပါပြီ။ ကိုယ်နိုင်တဲ့ဝန်ကို ထမ်းရင်းနဲ့ပဲ ချစ် ပရိသတ်များ နဲ့အဆက်အသွယ်တော့ မပြတ်ချင်ပါဘူး။ ဒါပေမဲ့ ဇရာ ဆိုတာ တော့ လက်မခံလို့မရပါဘူး။ တစ် နေ့နေ့တော့ ကျွန်မရဲ့အလုပ် တွေရပ်သွားမှာပါ”လို့ ပြော ပါတယ်။

ထွန်းအိန္ဒြာဗိုက မေလ၂၅ရက်နေ့မှာ အမေရိကကို ပွဲတစ်ခု တက်ရောက်ဖို့ အတွက် ၁၈ ရက်ကြာ သွားရောက်မှာ ဖြစ်ပြီး သားဖြစ်သူ အောင်ဗိုကောင်း သန့်ကျောင်းပိတ် ရက်ဖြစ်တာ ကြောင့် မိသားစု လိုက်သွားဖြစ်မယ် လို့ သိရပါတယ်။ သားဖြစ်သူ Golf ရိုက် နည်း Short Course တွေသင် ကြားဖို့နဲ့ Golf ပြိုင်ပွဲတွေမှာ အတွေ့ အကြုံရအောင် ယှဉ်ပြိုင် နိုင်ဖို့ အတွက် သြစတြေး လျနိုင်ငံကို တစ်လကြာ သွားရောက်ဖို့လည်းရှိ တယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here