ဇွန်လမှာ Model Agency တည်ထောင်မယ့် ထက်ထက်ထွန်း

0
215

Htet Htet Tun

မျက်နှာသစ် အလှမယ်မော်ဒယ်လေးများအတွက် Model Agency ဖွင့်ဖို့ စီစဉ်ထားတဲ့ အလှမယ် ထက်ထက်ထွန်းက ဒီ Agency ကို ၆လပိုင်းကုန်လောက်မှာ ဖွင့်လှစ် ဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။ ပြိုင်ပွဲဝင်ပြိုင်မယ့် အလှမယ်လေးများကို Training ပေးချင်တာ ကြောင့် Miss Universe ပြိုင်ပွဲ မတိုင်ခင်ဖွင့်လှစ်ဖို့ ရည်မှန်းထားကြောင်းကို အလှမယ် ထက်ထက်ထွန်းက

” City Director တွေက City Miss တွေကို Training ပို့ချင်တယ် ပြောတော့ အဲဒီမတိုင်ခင်ပြီးအောင် ဖွင့်ချင်တယ်။ သူတို့ကို Training လုပ်ပေးချင်တယ်။ နယ်တွေမှာ ဒိုင်သွားလုပ်တော့လည်း City Director တွေ သင်တန်းဖွင့်မယ်ကြားတယ်။ Miss တွေကို သင်တန်းအပ်ချင်တယ်လို့ ပြောနေကြတော့ ပွဲမပြီးခင် ဖွင့်မှဖြစ်မယ်။ ရန်ကုန်မှာ ကျင်းပမယ့် Miss Universe Final ပွဲကြီးက အောက်တိုဘာလလောက်မှာ လုပ်နေကျဆိုတော့ ညီမရဲ့ Agency ကို ၆လပိုင်း အကုန်လောက်မှာ ဖြစ်ဖို့များတယ်။ ၆ လပိုင်းထဲမှာကလည်း ညီမရဲ့ မွေးနေ့ကလည်း ရှိနေတော့ မွေးနေ့အမီ ဖွင့်ဖြစ်ရင်လည်း ကောင်းတာပေါ့နော်။ ဒါပေမဲ့လည်း ကောင်းကောင်းလေး လုပ်ချင်တယ်။ ကိုယ့်စိတ်တိုင်းမကျမချင်းလည်း မဖွင့်ချင်သေးဘူးဆိုတော့ အချိန်နည်းနည်းယူနေတာပါ” လို့ မကြာခင် ဖွင့်လှစ်တော့မယ့် Model Agency အကြောင်းကို ပြောပြပါတယ်။ အခုလို သင်တန်းဖွင့်လှစ်တဲ့အခါမှာလည်း အလှအပပိုင်းကို Training ပေးရုံတင်မက သင်တန်းသားများရဲ့ ဝါသနာနဲ့ ကိုက်ညီမယ့် ပညာရပ်များကိုလည်း ပို့ချသင်ကြားပေးဦးမှာ ဖြစ်ကြောင်းကို ထက်ထက်ထွန်းက …

” အလှအပပိုင်းကို Training ပေးရုံတင်မဟုတ်ဘဲ သင်တန်းလက်ခံတဲ့အခါမှာလည်း သူတို့ရဲ့ ဝါသနာနဲ့ ကိုက်ညီမယ့် တခြားသော ပညာရပ်တွေကိုလည်း Class ပိုင်းခွဲပြီး တခြား Talent တွေကိုလည်း သင်ကြားပေးသွားမှာပါ။ သူတို့ကို အခုလို သင်ကြားဖို့အတွက် ညီမမှာ ပညာအရည်အချင်း ပြည့်စုံတယ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့လည်း အခုလိုကိုယ်ပြန်ပြီးတော့ ဝေမျှရလောက်အောင် ကိုယ့်ဆီမှာ အတော်အတန်တော့ အပညာရပ်တွေ စုမိပြီလို့ တော့ ထင်ပါတယ်။ ပြည့်ဝမှ ဝေမျှ မယ်ဆိုရင်တော့ ဘယ်တော့မှ မပြည့်နိုင်ပါဘူး။ အဲဒီတော့ ရှိသလောက်လေး၊ ရသလောက်လေးကို ကိုယ့်ထက် မပြည်စုံသေးတဲ့ သူတွေကို ပြည့်စုံသွားအောင် ဝေမျှပေးချင်တာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here