ပရိသတ်တွေ စိတ် အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် ဇာနည်

0
254

Zar-Niယခုတလော ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ဇာနည်တင်လိုက်တဲ့ “လမ်းခွဲပြီ” ဆိုတဲ့ Post ကြောင့် ဇာနည် နဲ့ ကြည်လဲ့လဲ့ဦးတို့  လမ်းခွဲ ကြလေပြီလား ဆိုပြီး ပရိသတ်တွေ အကြား စိတ်ဝင်စားမှု ပြင်းထန်ခဲ့ကြ သလို တချို့သော ပရိသတ်များက လည်း စိုးရိမ် ပူပန်ခဲ့ကြပါတယ်။ တကယ်တော့ ဇာနည်က သူ့ရဲ့သူ ငယ်ချင်း၊ မိတ်ဆွေများကို စနောက် လိုသော သဘောနဲ့သာ ရေးလိုက် တာဖြစ်တယ်လို့ ဆိုပါတယ်။ ဇာနည် ရေးဖြစ်ခဲ့တဲ့ Post နဲ့ ပတ်သက်ပြီး

“အမှန်တကယ်တော့ ကျွန် တော်အဖြစ်အပျက်လေးတစ်ခု အပေါ်ပဲ မူတည်ပြီး ဒီအတိုင်းလေး ရေးလိုက်တာပါ။ မိန်းမကို တစ်နေရာ ပို့ပြီး ကိုယ်ကတစ်နေရာ သွားတာကိုပါ။ ဒါလေးကိုဖတ်ကြတဲ့ အပေါ်မှာ လွဲသွားကြတယ်။ စာကို အပြည့်အဝ မဖတ်မိဘဲ စိတ်ပူကြတာ ပေါ့။ နောက်တစ်ခု ကလည်း တချို့ သော Page တွေက စာအလယ် လောက်ကဖြတ်ပြီး တင်ကြတယ်။ အဆုံးထိ မတင်ကြဘူး။ တချို့က လည်း အပြည့်အစုံ တင်ကြတယ်။ ဒါတွေကိုမြင်ပြီး ပရိသတ်တွေ နားလည်မှု တစ်မျိုးလေး ဖြစ်သွားကြ လို့ပါ” လို့ ဇာနည်က ပြောပြပါတယ်။ ဆက်လက်ပြီးတော့လည်း ဇာနည်တို့  မိသားစုကို စိတ်ပူပေးနေကြတဲ့ ပရိသတ်ကြီးအတွက်လည်း

“စိတ်ပူပေးကြတဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ မိသားစုကို ချစ်ပေးတဲ့ အတွက်လည်း အများကြီး ဝမ်းသာ ရပါတယ်။ ကျွန်တော်တို့ လင်မယား နှစ်ယောက် စလုံးလည်း ကလေး ၃ ယောက်နဲ့ မိသားစု အရေးကိုပဲ အာရုံ စိုက်ပါတယ်။ ကျွန်တော်တို့နေထိုင် ကြတဲ့ အပေါ်မှာလည်း မြင်ကြမှာပါ။ တကယ်လို့ ကျွန်တော့်ရဲ့စာကြောင့် ပရိသတ်တွေ စိတ် အနှောင့်အယှက် ဖြစ်သွားရင် ကျွန်တော်ဘက်က တောင်းပန်ပါတယ်”လို့ ဇာနည်က ပြောပါတယ်။

 မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here