ရသမျိုးစုံကို ပိုင်နိုင်စွာ သီဆိုနိုင်ခြင်းရဲ့ လျှို့ဝှက်ချက်ကိုပြောပြတဲ့ ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေး

0
178

Mar Mar Aye

သီချင်းတစ်ပုဒ်မှာ အလွမ်း၊ အဆွေး၊ အငို၊ အပျော်စတဲ့ ဂီတ အနုပညာရသမျိုးစုံကို ပရိသတ် ရင်ထဲအထိရောက်အောင် သီဆိုနိုင် သူကတော့ ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေးပဲ ဖြစ်ပါတယ်။ တေး သရုပ်ဖော်တွေ၊ ဇာတ်ဝင်တေးတွေ မှာလည်း ဒေါ်မာမာအေးက တေး သီချင်းတွေကို ရသမြောက်စွာ သီဆို ခဲ့ပါတယ်။ ဒီလို အလွမ်း၊ အဆွေး၊ အငို၊ အပျော် စတဲ့ခံစားမှု မျိုးတွေကို ပိုင်နိုင်စွာ သီဆိုနိုင်ခြင်းရဲ့ လျှို့ဝှက်ချက်ကိုလည်း အားလုံးက သိချင် နေကြပါတယ်။ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာ မာအေးကတော့ သူ့အနေနဲ့ အခုလို သီဆိုနိုင်ရခြင်းက စာပေဖတ်ရှုခြင်း ကြောင့်ဖြစ်တယ်လို့ သူ့ရဲ့လျှို့ဝှက် ချက်ကို ဖော်ထုတ်ပြောပြလာပါတယ်။

“ကျွန်မအနေနဲ့ သီချင်းကို ရယ်တာတွေ၊ ငိုတာတွေ၊ ချစ်တာတွေကိုဘယ်ကရလဲဆိုတော့ စာဖတ်တဲ့ အကျိုးကနေရပါတယ်လို့။ အမှန်အ တိုင်းပြောပါတယ်။ ကျွန်မကလေ စာသိပ်ဖတ်တာ။ စာဖတ်တာမှ ဘာမှစာဖတ်စရာမရှိရင် ဆေးလိပ်တိုကိုပတ်ထားတဲ့ အပတ်ကစာကို ပါဖတ်တတ်တယ်။ စာတစ်လုံးချင်း တစ်လုံးချင်းကို ဘာအဓိပ္ပါယ်ရှိလဲဆို တာမျိုးကို သိရအောင်ဖတ်တယ်။ တစ်လုံးချင်းရဲ့ စာလုံးတွေကိုလည်း လေ့လာပါတယ်။ ရှိရှိသမျှစာအုပ် တွေအကုန်လုံးကိုဖတ်တယ်။ စာလုံး တစ်လုံးကို မသိရင်ကျွန်မက လိုက် ရှာတတ်တဲ့ အကျင့်လည်းရှိတယ်။ ဘယ်လောက်အထိလဲဆိုရင် ကျွန်မရပြီးသား သီချင်းဖြစ်နေပါစေ။ စာကိုကြည့်ပြီးသီချင်းဆိုပါတယ်။ ဒီစာမှာကြည့်ပြီး အဓိပ္ပါယ်တွေ လည်း ကျွန်မရဲ့အသံကို လုပ်ယူတာပါ” လို့ သူ့အနေနဲ့ စာပေဖတ်ရှုခြင်းနဲ့ ပတ်သက်လို့ ဒေါ်မာမာအေးက ပြောပြပါတယ်။

ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာ မာအေးရဲ့ ဖျော်ဖြေပွဲတိုင်း သီချင်းသီဆိုဖျော်ဖြေတဲ့အခါမှာလည်း လူငယ်တွေအတွက် အတုယူစရာတွေ အများကြီး ရှိလို့နေပါတယ်။ သူ့ရဲ့ ဖျော်ဖြေပွဲတစ်ပွဲနဲ့တစ်ပွဲ သီချင်း သီဆိုမှုပုံစံအကြောင်းနဲ့ပတ်သက် ပြီးတော့လည်း …

“အခု ကျွန်မသီချင်းဆိုတယ်။ ဒီနေရာမှာလည်း ဒီလိုဆို၊ ဒီနေရာမှာ လည်း ဒီလိုဆိုဘယ်တော့မှ ကျွန်မ မဆိုဘူး။ ဘာကြောင့်လဲဆိုတော့
ကျွန်မစဉ်းစားတယ်လေ။ ဒီနေရာမှာ လည်း ဒါပဲဆိုတယ်၊ နောက်တစ် နေရာမှာလည်းဒါပဲ ဆိုတယ်ဆိုရင် လိုက်ပြီးနားထောင်တဲ့သူတွေက ဘယ်လိုလုပ်ပြီး လိုက်နားထောင် တော့မလဲ။ ဒီနေရာမှာဒီလိုပဲ ဆို ဦးမှာပဲလို့ ပြောမှာလေ။ အဲဒီတော့ မာမာအေးဆီသွားနားထောင်ရင် ဒီစင်ပေါ်မှာမာမာအေး တစ်မျိုး ဆိုတယ်။ နောက်စင်ပေါ်ကျရင် ဒီသီချင်းကိုပဲ နောက်တစ်မျိုးဆိုလိမ့်မယ်ဆိုတဲ့ ကျွန်မရဲ့ ဆိုပုံဆိုကွက်ကို နားထောင်ချင်ကြတဲ့ ပရိသတ်က အဓိကပါ။ ဒါကတော့ကျွန်မရဲ့ ပညာကို မြတ်နိုးလို့လို့ ယူဆရ ပါတယ်။ ကျွန်မကရုပ်မှမလှတာ။ (ရယ်လျက်)။ အသံပဲလှပါတယ်။အဲဒီတော့ကျွန်မကို ပရိသတ်က ချစ် တယ်ဆိုတာက ကျွန်မကသီချင်းသီ ဆိုတဲ့နေရာမှာ စာလုံးနဲ့ အဓိပ္ပါယ်ကို တန်းခနဲမြင်သွားပြီး သူတို့ရဲ့ရင်ထဲကို ရောက်သွားလို့ ကျွန်မကိုချစ်တာလို့ နားလည်ပါတယ်” လို့ ဒေါ်မာမာ အေးက ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here