Miss Myanmar International 2017 ပြိုင်ပွဲ ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပမည်

0
186

Missမကြာခင် ကျင်းပပြုလုပ်မယ့် Miss Myanmar International 2017 ပြိုင်ပွဲကြီး အတွက် စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်းအနား ကို မေလ ၁၂ ရက်နေ့၊ နေ့လယ် ၁နာရီ အချိန် က Novotel Hotel  ၌ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါပွဲနဲ့ ပတ်သက်ပြီး Stella Seven Entertainment ၏ Art Director  မလိခစိုးထိုက်အောင် က

“ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ ပြည်နယ်တွေ မှာလည်း လျှောက်လွှာတွေ ယူလို့ ရတယ်။ လျှောက်လွှာတွေကို လာတင်တဲ့အခါမှာ လူကိုယ်တိုင် လာ တင်စေချင်တယ်။ အရင်နှစ်တွေ ကဆို ဓာတ်ပုံ ၃ ပုံနဲ့လာတယ်။ အဲဒါ နဲ့ကြည့်ပြီးတော့ ဒီမိန်းကလေး က ဘယ်လို ပုံစံလဲဆိုတာကို ကျွန်တော်တို့ မမြင်ရဘူး။ ဒီနှစ်မှာက လူကိုယ်တိုင် လာရမယ်။ လာတင် တဲ့နေ့မှာ ကျွန်တော်တို့ အနေနဲ့ သူတို့ရဲ့ ဓာတ်ပုံမှတ်တမ်း၊ ဗီဒီယို မှတ်တမ်းတွေ ယူထားမယ်။ အဲဒီမှတ် တမ်းတွေကို ကြည့်ပြီးတော့ မှ အမှတ်ပေးပြီး အယောက် ၂ဝ ရွေးမယ်။ ဒီအချက်တွေ မူတည်ပြီး ရွေးချယ်မယ်။ တချို့တွေဆို ဓာတ်ပုံ မှာမလှလို့ အပယ်ခံရတာတွေ ရှိတယ်။ အခုတော့ အဲဒီလိုမဟုတ် တော့ ပါဘူ။ Video Recording ထားထား မယ်။ အခုလျှောက်လွှာ တွေကို ကျွန်တော်တို့ Stella Seven Page ရော၊  Miss Myanmar International Page မှာရော၊ Free download လုပ်လို့ရပါတယ်။ လာတင်တဲ့ အခါမှသာ မှတ်ပုံတင် ကြေး ၃ဝဝဝကျပ် ယူပါတယ်။ ရွေးချယ် ခံရတဲ့ အယောက်၂ဝကို ဇွန် လဆန်းမှာ ကြေညာမယ်။ ကြေညာ ပြီး ဇူလိုင်လဆန်းမှာ သူတို့ကို Camp သွင်းမယ်။ ဇူလိုင်လကုန်မှာ Grand Finalပွဲကြီး လုပ်ပါမယ်”လို့ ပြောပါ တယ်။

Miss Myanmar International 2017 ပြိုင်ပွဲကြီး အတွက် ပြိုင်ပွဲဝင် င်္သမာ များကို မေလ ၁ ရက်နေ့မှ ၂၆ ရက်နေ့ အထိ အခမဲ့ ထုတ်ပေးနေပြီး Grand Final  ပြိုင်ပွဲကြီးကို ဇူလိုင်လ ၃၁ ရက်နေ့ တွင် ကျင်းပမည် ဖြစ်ကြောင်းလည်း သိရပါတယ်။ အဆိုပါMiss Myanmar International 2017 Award ရရှိသော အလှမယ်အနေဖြင့် ဆုငွေကျပ် သန်းပေါင်း များစွာ အပြင် ဂျပန်နိုင်ငံတွင် နိုဝင်ဘာလ မှာ ကျင်းပပြုလုပ်မယ့် Miss International 2017 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ် ကြောင်း သိရပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here