ငွေကြောင့် လက်ထပ် လိုက်တာမျိုး အချစ်မပါဘဲ လက်ထပ် လိုက်တာမျိုး မစဉ်းစားဘူးဆိုတဲ့ ရွှေသမီး

0
230

Shwe-Temeeသရုပ်ဆောင် ရွှေသမီးက ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူး မယ့် “လမ်းကြောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသူ၊ ငွေမက်၊ ဂုဏ်မက်တဲ့ ရတနာဆိုတဲ့ ကောင် မလေးအသွင် သရုပ်ဆောင် ရမှာဖြစ်ပါတယ်။ ဒီ “လမ်းကြောင်း” ဇာတ် ကားထဲမှာ ငွေမက် ဂုဏ်မက်သလို အပြင်မှာရော ဂုဏ်မက်လား မေးကြည့်တော့ ရွှေသမီးက

“ကျိကျိတက် ချမ်းသာမှ အဲဒီလို မျိုး မက်တာတော့ မရှိဘူး။ ဒါပေမဲ့ ကိုယ့်က မိန်းကလေးလေ။ တစ်ဘဝလုံး ကိုယ့်ရဲ့ အိမ် ထောင်ဦးစီးကိုပဲ အားကိုးရမှာ ဖြစ်တဲ့ အတွက် အိမ်ထောင် ဦးစီးမှာ သင့်တင့်တဲ့ အလုပ်အကိုင်၊ ငွေကြေး အဲဒီလောက် တော့ ရှိသင့်တယ်လို့ ထင်တယ်။ အဲဒီလိုမျိုးလေးတော့ စဉ်းစားထားတယ်။ ငွေကြောင့် လက်ထပ် လိုက်တာမျိုး၊ အချစ်မပါဘဲ  လက်ထပ်လိုက်တာမျိုးတော့ မစဉ်းစားပါ ဘူး”လို့ ပြောပြပြီး အခုအချိန်မှာ သူက အနုပညာ အလုပ်ကို ဝမ်းစာဖြည့်ကာ သင်ယူကြိုးစားနေရတဲ့ အချိန် ကာလမို့ အချစ်ကိုလည်း မရှာဖွေသေးပါ ဘူးလို့ အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း ထပ်မံ ပြောပြပါတယ်။ အခုဆိုရင် ရွှေသမီး အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိလာခဲ့တာ ၂ နှစ် ကျော် ၃ နှစ်လောက် ရှိလာခဲ့ပါပြီ။ အနုပညာ အလုပ်ကို စလုပ်စဉ် ကာလနဲ့ လက်ရှိအချိန် အနုပညာ အလုပ်တွေ လုပ်တဲ့ အပေါ် ကွာခြားမှုတွေနဲ့ သူမရဲ့ အားရကျေနပ်မှုတွေကို မေးတဲ့အခါ

“အခု ရောက်ရှိနေတဲ့ အခြေအနေလေးနဲ့ ကိုယ်လုပ်နေရ တဲ့ လုပ်ငန်းလေးတွေကို ကျေနပ်ပါတယ်။ ဇာတ်ကား ရိုက်ကူး မှုမှာလည်း ကိုယ်လုပ်နိုင်တယ် ဆိုတာထက်ကို ပိုပြီးလုပ် တယ်။ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူးဆို တဲ့ စိတ်လေးထားပြီးတော့ ကြိုးစားတယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ် မိတယ်။ ပြီးတော့ ဒီ ၂ဝ၁၇ ခုနှစ်မှာလည်း အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ ဗီဒီယို ရိုက်ရတာတော့ နည်းသွားတယ်ပေါ့ နော်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပိုများလာတယ်။ ကားကြီးတွေပဲ ဆက်တိုက် ဆိုသလို ရိုက်ဖြစ်နေတော့ အနုပညာ လုပ်ငန်းက ပိုစိပ်လာတယ် လို့ပဲ ပြောရမှာပေါ့နော်။ ဘယ်အလုပ်မဆို၊ ဘယ်ကိစ္စမဆို အစွမ်းကုန်တော့ ကြိုးစား ရပါတယ်။ အခုဆိုရင် လည်း ပရိသတ်တွေက တအားကို ကြည့် တတ်၊ မြင်တတ်လာကြပြီ။ ပြောတတ် လာကြပြီ။ အဲဒီအတွက် ညီမတို့ကို ဝေဖန်အကြံပေးတဲ့ စကားလေးတွေ ရှိရင် သူတို့စကားတွေကို ပြန်နားထောင်ရတယ်။ ကိုယ်ဘာတွေ လိုအပ်နေလဲ။ ဒါလေးတွေအတွက် အရင်ထက် ပိုပြီးတော့ ကြိုးစားနေရပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here