We Love Aung Min Khant အဖွဲ့နဲ့အတူ စက်စက်ယို ကျေးရွာမှာ ရေကန် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ အောင်မင်းခန့်

0
241

Aung-Min-Khant-1အောင်မင်းခန့်က ပုပ္ပါးဒေသမှာရှိတဲ့ စက်စက်ယို ကျေးရွာလေးမှာ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲ သွားရောက် ရိုက်ကူးနေရင်း သူ့ရဲ့We Love Aung Min Khant Fan  များနဲ့ အတူရွာ အတွက် ရေကန် ဆောက်လုပ် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ အခုလို လှူဒါန်းဖြစ်ပုံ ကိုတော့ အောင်မင်းခန့်က..

“သူတို့ရွာက မီးလည်း မရှိဘူး။ ရေ လည်းမရှိဘူး။ မီးကဘုန်းကြီး ကျောင်းမှာ ပဲရှိတယ်။ ကလေးတွေ တီဗီကြည့်ချင်တယ် ဆိုရင် ဘုန်းကြီးကျောင်း ကို သွားကြည့်ရတယ်။ မကြာခင်မှာတော့ မီးက ရတော့မှာဆို တော့ ဦးကျော်သူက ရွာမှာ လျှပ်စစ် ဓာတ် ကြိုးသွယ်ဖို့ လှူခဲ့တယ်။ ပြီးတော့ ရေတူးပေး တော့ ရေကထွက်သွား တယ်။ အရင်က ရေတူး ရင်မရဘူး။ အခုတော့ ဘုန်းကြီးကျောင်းရှေ့ မှာ ရေတူးပေးတာ ရသွားတော့ အဲဒါနဲ့ ကျွန်တော်က လည်း ရေကန်လေး ဆောက်ပေးမယ် ဆိုပြီး ရေကန်လေး ဆောက် လုပ်လှူ ဒါန်းပေးဖြစ် တယ်။ အခုလို လှူဒါန်းတာ ကလည်း ကျွန် တော့် We Love Fan တွေနဲ့ စုပေါင်း ပြီး လှူဖြစ်တာပါ။ သူတို့ပါတာ့ လူအင်အား လည်း ပိုများသလို ငွေ အင်အားကလည်း ပိုများသွား တယ်။ အလှူလေးလည်း ထထမြောက် မြောက်ဖြစ် သွားခဲ့တယ်” လို့ ရေ ကန် ဆောက်လုပ် လှူဒါန်းပေးဖြစ် ပုံနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ အခုလို လှူဒါန်းဖြစ်ဖို့ အတွက် အနယ်နယ် အရပ်ရပ်မှ အလှူငွေ ထည့်ဝင်ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း နဲ့ We Love Fan တွေက ညီအစ်ကို မောင်နှမ စိတ်ဓာတ်လည်း ရှိသလို တအားလည်း စည်းလုံးမှု ရှိကြပြီး သူ့အပေါ်ကိုလည်း ချစ်ခင်အားပေး ကြတဲ့ အတွက် ဝမ်းသာပျော်ရွှင် ရ ကြောင်း အောင်မင်းခန့် က ပြောပြခဲ့ ပါတယ်။ သူသွားရောက် ရိုက်ကူးနေ တဲ့ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲက ၆လပိုင်းလကုန်လောက်မှာ ရိုက်ကူး ပြီးစီးတော့မှာဖြစ်ပြီး နောက်ထပ် လည်း ဗီဒီယိုဇာတ်ကားများ ဆက် လက်ရိုက်ကူးသွားဖို့ရှိကြောင်း သိရပါ တယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here