ငါးပါးသီလလုံမယ့်ပွဲလေး ပြုလုပ်ချင်တယ် ကြက်ဖ

0
121

Kyat Fa

မှန်တယ်ထင်ပြီးတော့ ဆိုးခဲ့ဖူးတယ်။ ပျော်မယ်ထင်လို့ ဆိုးခဲ့ဖူးတယ်။ မှန်လည်းမမှန်မှန်းသိပြီ။ ပျော်လည်းမပျော်မှန်းလည်းသိပြီ။ ဘယ်ဟာ ကမှန်တာလဲ။ ဘယ်ဟာက ပိုပျော်ဖို့ကောင်းတာလဲဆိုတာကို သိခဲ့ပြီဖြစ်တဲ့အတွက် အခုအဲဒါကိုလုပ်နေပါတယ်လို့ဆိုလာသူက ဟစ်ဟော့ပ် အဆိုတော်ကြက်ဖပါ။ သူက အခုနောက်ပိုင်းမှာ သီချင်းအသစ်လည်း ထွက်ရှိလာသလို ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ကြက်ဖက ..

” ဇာတ်ကားတွေကတော့ ဇာတ်ညွှန်းရှိပြီးသား၊ ဇာတ်လမ်းပါပြီးသားဖြစ်တဲ့အတွက် ကျွန်တော်ဘာမှ ကလိလို့မရဘူး။ သီချင်းတို့၊ ရှိုးပွဲတို့ ကိုတော့ အခုနောက်ပိုင်း စီစဉ်တယ်။ ငါးပါးသီလ လုံမယ့်ပွဲလေးလုပ်ချင်တယ်။ ဒီလိုပြောလို့ ကျွန်တော့်ကို မုန်းမယ့်သူတွေလည်း အများကြီးပဲ။ ဒါပေမဲ့ အဲဒါမုန်းတာ ပြဿနာမရှိဘူး။ ကျွန်တော်လူတွင်ကျယ်ကြီး လုပ်ချင်တာလည်း မဟုတ်ဘူး။ အားလုံးကို နည်းနည်းလေး လက်တို့ချင်တာ။ ဆိုတဲ့သီချင်းတွေထဲမှာလည်း တကူး တကကို ထည့်ပြီးရေးဖြစ် တယ်။ သူများတွေဆိုနေရင်လည်း သီချင်း စာသားကို အဲဒီဘောင်ထဲက မလွတ်လို့ရှိရင် “ဟေ့ကောင် အဲဒါကြီးကိုပြင်လိုက်” ဆိုပြီး အမုန်းခံပြီးတော့ပြောတယ်။ အဲဒီလိုလေးတွေ ရေးဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါဆိုကြက်ဖစီးရီးခွေအတွက် မျှော်လင့်လို့ရပြီ ပေါ့လို့မေးတော့ ” စီးရီးခွေကိုတော့ နောက်နှစ် ၆ လပိုင်းကို နောက် ဆုံးထားထားတယ်။ ဒီ့ထက်စောမလား၊ မစောဘူးလားမပြောတတ်ဘူး” လို့ ပြောပြ ခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here