ကိုယ်ရိုက်ကူးမယ့် ဇာတ်ကို ကိုယ်ရင်ခုန်ဖို့ လိုတယ် မင်းမော်ကွန်း

0
279

MIN_3603မင်းမော်ကွန်းက အခု လက်ရှိမှာတော့ ထွန်းထွန်း၊ စည်ဖြိုး၊ အိချောပိုတို့နဲ့အတူ “တစ်လုံးချိုင့်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလျက် ရှိပါတယ်။ မင်းမော်ကွန်း အနေ နဲ့လည်း နောက်ပိုင်းမှာ ကာရိုက်တာ ဆန်းဆန်းလေးတွေနဲ့ တွေ့မြင်နေရပြီး သူ့ရဲ့သရုပ်ဆောင်မှု ပိုပြီးပီပြင်အောင် မိတ်ကပ် အထူးပြုလုပ်ချက်တွေ၊ အသုံး အဆောင်တွေကို ကြိုတင်ပြီး စမ်းသပ် အသုံးပြုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရိုက်ရတဲ့ ကာရိုက်တာတွေအပေါ်မှာလည်း ရင်ခုန်တယ်ဆိုတဲ့ မင်းမော်ကွန်းက

“ကာရိုက်တာအသစ်ဆိုတာ ကျွန်တော့် အတွက်တော့ စိန်ခေါ်မှု အသစ်တွေ ပါပဲ။ စိန်ခေါ်မှုတွေ မရှိတဲ့ အခိုက်မှာလည်း မရိုက်ဘဲ နားနေလိုက်တယ်။ အဓိကက ကိုယ်ရိုက်ကူးမယ့်ဇာတ်ကို ကိုယ်ရင်ခုန်ဖို့ လိုပါတယ်။ ကျွန်တော် အားရှိပြီး အလုပ်တွေ ပြန်လုပ်ကိုင်တဲ့ အချိန်မှာ ဒီလိုစိန်ခေါ်မှု အသစ်တွေနဲ့ ကြုံတွေ့ရတယ်။ တတ်နိုင်သမျှလည်း ကာရိုက်တာ ကွဲအောင် မုတ်ဆိတ်မွေး၊ နှုတ် ခမ်းမွေးတွေ ကိုလည်း သုံးတယ်။ ဒါတွေက ကျွန်တော် လုပ်ရမယ့် အိုက်တင်နဲ့ ကာရိုက်တာကို အထောက်အကူပြုနိုင်ဖို့ပါ။ ပြင်ဆင်တဲ့အခါ မှာလည်း ရှေ့မှာ testing တွေ အဆင့်ဆင့် ဖြတ်သန်းရတယ်။ သေချာလေး အချိန်ပေးပြီး စမ်းသပ် တယ်။ ဒါတွေက ကျွန်တော့် အိုက်တင်ကို ပံ့ပိုးပေးနိုင်ဖို့ ကျန်တာတွေနဲ့ အားယူတဲ့ သဘောပါပဲ”လို့ ပြောပါတယ်။

သားသမီး ၃ယောက်ရဲ့ ဖခင်ဖြစ်တဲ့ သရုပ်ဆောင် မင်းမော်ကွန်းက သားသမီး တွေ အနုပညာ ဝါသနာပါတဲ့ အလျောက် သူ့အနေနဲ့လည်း အနုပညာ အမွေပေး ချင်တယ်လို့ ဆိုပါတယ်။ သားဖြစ်သူ မင်းမြတ်၊ ဧကဘုန်းမြတ် နဲ့ သမီးလေ ပြေသွေး တို့ရဲ့ အနုပညာ ဝါသနာ ပိုးလေးတွေ အကြောင်းကို အခုလိုပဲ ပြောပြပါတယ်။

“ကျွန်တော့်ရဲ့ကလေး ၃ ယောက်လုံး အနုပညာ ဝါသနာပါ ကြပါတယ်။ ဒါပေမဲ့ သမီးကတော့ ပညာရေးကို ပိုပြီး ဦးစားပေးတယ်။ သားအကြီး နဲ့ အငယ် လည်း ဝါသနာ ပါကြတယ်။ အငယ်ဆုံးလေးကတော့ ၂နှစ် ရှိပါပြီ။ အငယ်လေးက အခုဆို ရုပ်ရှင်ကြည့်ရင် အစအဆုံး ထိုင်ကြည့်တယ်။ ရုပ်ရှင်ရုံထဲမှာလည်း ဂျီမကျဘူး။ ဟာသဇာတ်ကားလား၊ သရဲ ဇာတ်ကားလား သူသိတယ်။ ဟာသဇာတ်ကား ဆိုရင် ရယ်တယ်။ အားရင်ဖုန်းတစ်လုံး ယူပြီး You Tube ထဲက သီချင်းတွေကို နားထောင်တယ်။ နားထောင်ရင်လည်း Coldplay တို့၊ Pink တို့၊ Queen တို့ နားထောင်တာကို တွေ့ရတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။

မင်းမော်ကွန်းက ထပ်မံပြီးလည်း ဒါရိုက်တာ စတီး ရိုက်ကူးမယ့် “လမ်းကြောင်း” ဇာတ်ကားကြီးအတွက် တောင်ကြီးကို သွားရောက်ဦးမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here