အနုပညာလောက တိုးတက်ဖို့ တစ်ထောင့် တစ်နေရာက ကူညီသွားမယ့် MBC

0
137

NBCMyanmar Broadcasting Co.,Ltd (MBC Pictures) ရဲ့ ရုပ်ရှင်၊ ဗီဒီယို၊ တေးစီးရီး ထုတ်လုပ် ဖြန့်ချိရေး မိတ်ဆက်ပွဲ အခမ်းအနား ကို မေလ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီက Novotel Hotel  မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ယခုလက်ရှိမှာ MBC အနေနဲ့ ရုပ်ရှင်၊ ဂီတနဲ့ သက်ဆိုင်သော သတင်းများ၊ အနု ပညာဖန်တီးမှု အသစ်များကို MBC Pictures, MBC Online TV နဲ့ YST Music Production ဟူ၍ ဆောင်ရွက်လျက် ရှိပါတယ်။

လက်ရှိ ရုပ်ရှင်လုပ်ငန်းက လိုအပ်ချက် တချို့နဲ့ ဖြစ်ပေမယ့် MBC လိုမျိုး ထုတ်လုပ်ရေးပေါ်လာ တဲ့အတွက် ကြိုဆိုကြောင်း ကို ဒေါ်ဆွေဇင်ထိုက်က

“ကျွန်မတို့ အနုပညာဖန်တီး ထုတ်လုပ်တဲ့ နယ်ပယ်က Creative Content Industry  ပါ။ အဲဒီထဲ မှာ ရုပ်ရှင်၊ ဂီတ၊ Online TV  ဆို ပြီး ခွဲကြတယ်။ တကယ်တော့ အားလုံး ဟာ တစ်ခုတည်း ဆိုတဲ့အမြင် တစ်ခုကို မြင်ကြရမှာ ဖြစ်တယ်။ ကျွန်မတို့ဟာ ရုပ်ရှင်ဆိုတဲ့ Platform ကိုပဲ အနှစ်၃ဝကြာ ဖက်တွယ်ထား ခဲ့ကြတယ်။ အခုဆို ရင် တော့ အနုပညာ ဖန်တီးမှု တွေကို ထုတ်လုပ် ပေးတဲ့ Production တွေ ပေါ်လာ ကြပြီ။ ကျွန်မတို့ Industry ကြီး တိုးတက်ဖို့ ဆိုရင် ဒီလိုအနုပညာ ထုတ်လုပ်နိုင် သူတွေကို လက်ကမ်း ကြိုဆိုရမှာပါ။ ချစ်ခင်စွာနဲ့ ဝင်လာ တဲ့ မိတ်ဖက်တွေကိုလည်း ကူညီရမှာ ပါ။ ရုပ်ရှင်၊ ဂီတ၊ Live အားလုံးပါတဲ့ Electronic media ကဏ္ဍကြီးကို ဖွံ့ဖြိုးတိုးတက်ဖို့လည်း ပြုလုပ်သင့် ပါတယ်”လို့ ပြောပါတယ်။

MBC ရဲ့ ရှေ့ဆက်လုပ်ဆောင် မယ့် အနုပညာ ဖန်တီးမှုများနဲ့ ပတ်သက်ပြီး

“ကျွန်တော့်အနေနဲ့ အနုပညာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆောင် ရွက်တဲ့နေရာမှာ ပင်ကိုဝါသနာ တွေကို အရင်းတည်ပြီး ရှေ့ပိုင်းကာ လတွေမှာ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကျယ်ပြန့်လာ ပြီး ရှေ့ဆက်ပုံဖော်မယ့် အနုပညာ ရည်ရွယ်ချက် တွေလည်း ရှိလာပါ တယ်။ ဒါကြောင့် ဒီလိုထုတ်လုပ်ရေး နာမည်နဲ့ အနုပညာ အားကောင်းတဲ့ အရည်အချင်း ရှိသူတွေ၊ အနုပညာ ကျောက်ရိုင်း တုံးတွေကို မြှင့်တင်ရင်း နဲ့ အနုပညာလောက တိုးတက်ဖို့ တစ်ထောင့် တစ်နေရာက ကူညီသွား ပါမယ်”လို့ MBC ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ MBC က အဆိုတော် X.Box ရဲ့ ၉ အယ်လ်ဘမ် MTV ကို ရိုက်ကူးလျက်ရှိပြီး X.Box  နဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးမယ့် အပြင် အဆိုတော်ထက်ယံရဲ့ Live Show  ကိုလည်း မန္တလေးမြို့မှာ ပြုလုပ် သွားမှာဖြစ်ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here