ထွန်းထွန်း အကယ်ဒမီ အဓိဌာန်

0
658

tun-tunသရုပ်ဆောင် ထွန်းထွန်းရဲ့ Super Star DVD ထွက်ရှိခြင်း အထိမ်းအမှတ်နဲ့ အကယ်ဒမီရရှိတဲ့ အမှတ်တရ အလှူအနေနဲ့ We Love Tun Tun Examplez အဖွဲ့နဲ့ ထွန်း ထွန်းတို့က မေလ၈ရက်နေ့ မွန်းတည့် ၁၂နာရီက ရန်ကုန်မြို့ရှိ စိတ်ကျန်း မာရေး ဆေးရုံမှာရှိတဲ့ လူနာ ၁၇ဝဝ  ဝန်းကျင်စာအတွက် ပေါင်မုန့်များ၊ အအေးဘူးများ၊ သကြားလုံးများစတဲ့ အလှူပစ္စည်းတန်ဖိုး၅၈၇၅ဝဝ ကျပ်ကို သွားရောက် လှူဒါန်းခဲ့ပါတယ်။
ဒီအလှူကတော့ ပရိသတ်ရဲ့ အလှူစစ် စစ်ပါပဲလို့ဆိုတဲ့ ထွန်းထွန်းက..  “ကျွန်တော့်ရဲ့ဘောလုံးအင်္ကျီကို We Love Group ထဲမှာ လေလံ ဆွဲချင်တယ်လို့ Admin ဟေဇယ်က လာပြောတယ်။ ၅သောင်းနဲ့ လေလံ စဖွင့်တာ မန္တလေးက ပရိသတ်တစ်ဦး က ၁ဝသိန်းနဲ့ လေလံအောင်သွား တယ်။ ပရိသတ်ရဲ့ အလှူစစ်စစ်ပါပဲ။  အခုလိုလှူဒါန်းရတဲ့ အတွက် အများ ကြီး ဝမ်းသာ ပီတိဖြစ်ရပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီးလည်း တတ်နိုင်သလောက် အလှူအတန်း တွေလုပ်သွားဦးမယ် လို့ဆိုတဲ့ ထွန်း ထွန်းက သူဆုရရှိတဲ့ အကယ်ဒမီ ရွှေစင်ရုပ်တုမှ ရွှေကြယ်ကို မှော် ဘီရှိအောင်ဇမ္ဗူ တောရ ကျောင်းတိုက်မှာ မေလထဲမှာ သွားရောက် လှူဒါန်းဖို့ စီစဉ်ထားပါ တယ်။ သူ အဓိဌာန်ထားခဲ့ တဲ့အတွက် အခုလို လှူ ဒါန်းရခြင်းဖြစ်ကြောင်းကို ထွန်းထွန်းက…

“အဲဒီကျောင်းကိုရောက်တဲ့ အခါမှာ ဂျပန်ဘုရား တွေ အများ ကြီးတွေ့တယ်။ သပ္ပာယ်တယ်။ သဒ္ဓါစိတ်လည်း ရှိတယ်။ တခြားသူ တွေ လှူထားတာလည်း တွေ့တော့ အားကျတယ်။ ကိုယ့် အလှည့်ကျရင် လည်း အဲဒီလိုလှူမယ်လို့ အဓိဌာန်ခဲ့ တယ်”လို့ ပြောပါတယ်။ ဒီအကယ် ဒမီ ရွှေကြယ်တစ်ခု လှူပြီးရင် နောက် ထပ်တစ်ခုလည်း ထပ်လှူချင်ပါသေး တယ်လို့ ဆိုတဲ့ ထွန်းထွန်းက ဆက် လက်ပြီးလည်း အနုပညာလောကထဲ မှာ အကောင်းဆုံး ကြိုးစားသွားဦးမှာပါလို့ပြောပါတယ်။

“အခုလို လှူဒါန်းရမှာဖြစ်တဲ့ အတွက် အရမ်း ဝမ်းသာပါတယ်။ ကျွန်တော် အလုပ် မလုပ်ဖြစ်တာ နှစ် တော်တော် ကြာပါတယ်။ ကျွန်တော် အလုပ်တွေ ပြန်လုပ်ဖြစ်တဲ့ နှစ်အပိုင်း အခြားအတွင်းမှာ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေရော ကျွန် တော့်ကို ယုံကြည်ပေးကြတဲ့ ပရိုဂျူ ဆာတွေရော၊ ဒါရိုက်တာလုပ်ဖော် ကိုင်ဖက်တွေရဲ့အားပေးမှုတွေ ကြောင့်သာ ကျွန်တော့်မှာ ရှိတဲ့အနု ပညာတွေကို ပြသခွင့်ရတာပါ။ ကျွန်တော် အမှားနည်းသည်ထက် နည်းတောင် လေ့လာနေပါဦးမယ်” လို့ပြောပါတယ်။ ထွန်းထွန်း ကအုတ်ကြားမြက် ပေါက် ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်  ဆောင်ဆုကိုရ ရှိခဲ့တာဖြစ်ပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here