လည်ပင်းအဆီကျိတ်ကို ဘန်ကောက်မှာ ခွဲစိတ်မယ့် သဘင်မင်းသားကြီး ဦးချမ်းသာ

0
226

Chan Thar

သဘင်မင်းသားကြီးဦးချမ်းသာက လည်ပင်းမှာဖြစ်ပေါ်လျက်ရှိနေတဲ့ အဆီကျိတ်နဲ့ပတ်သက်ပြီး မေလ အကုန်လောက်မှာ ဘန်ကောက်မှာ သွားရောက်ခွဲစိတ်ကုသမယ်လို့သိရပါတယ်။ သူ့အနေနဲ့ အခုလို ခွဲစိတ်ဖြစ်ရခြင်းက စက်တင်ဘာလထဲမှာပြုလုပ်တော့မယ်၊ သဘင်သက် နှစ်၎ဝပြည့်အမှတ်တရဖျော်ဖြေပွဲမှာ အကောင်းဆုံးကပြတင်ဆက်နိုင်ဖို့အတွက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

” အစတုန်းကတော့ သိပ်မသိသာဘူး။ တစ်ဖြည်းဖြည်းနဲ့တော့ သိသာလာတယ်။ ဒါပေမဲ့ အသံလှိုင်း ပေါ်မှာတော့ မရောက်ပါဘူး။ စိုးရိမ် ရမယ်လို့တော့ မထင်ပါဘူး။ ဒါလေးက ခွဲလိုက်ရင်ပျောက်သွားမယ်လို့ ထင်ပါတယ်။ အကျိတ်က ကြီးလာပြီဆိုတော့ နှစ်(၄ဝ)ကျရင် ပိုကြီးလာရင် ကျွန်တော့်အတွက် အဆင်ပြေမှာ မဟုတ်ဘူး။ အဲဒီတော့ မလွဲဧကန် လုပ်ရပါလိမ့်မယ်။ အကျိတ်က နာတော့မနာပါဘူး။ မနာတဲ့အတွက် ကြောင့်လည်း နေသာထိုင်သာရှိနေ တာလားလို့တော့ မပြောတတ်ပါဘူး။ အကျိတ်ကိုတွန်းလိုက်ပြုလိုက်ရင် တော့ နည်းနည်းလေးတော့ မျက်တာပေါ့” လို့ ဦးချမ်းသာက သူ့ရဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ပြောပြပါတယ်။

ဦးချမ်းသာက ဘန်ကောက်ကို ခွဲစိတ်ဖို့သွားရောက်တဲ့အခါမှာ သူ့ရဲ့ပရိသတ်တွေမစိုးရိမ်ကြစေဖို့ အတွက်လည်း အခုလို ” ကျွန်တော့်ပရိသတ်ကြီးကိုပြောချင်တာကတော့ နှစ်(၄ဝ)ပြည့်ပွဲမှာ ကျွန်တော်အား နဲ့ မာန်နဲ့ ဇာတ်တိုက်ချင်ပါတယ်။ ပရိသတ်တွေ ရှေ့မှာလည်း ဝေဒနာကင်းကင်းနဲ့ ဖျော်ဖြေတင်ဆက် ချင်ပါတယ်။ဒါကြောင့်ဒီဝေဒနာကို မြန်မြန်ပျောက်ဖို့ရာအတွက်သွားကုသမှာပါ။ ပရိသတ်တွေရဲ့ မေတ္တာ ပို့ခြင်းကိုလည်းကျွန် တော်ခံယူချင်ပါတယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here