ဖခင်ဖြစ်သူ ခင်လှိုင်ဆီက နေရဲ ဘာတွေ သင်ယူဖြစ်လဲ

0
275

Nay-Yeဟာသ သရုပ်ဆောင် ခင်လှိုင်ရဲ့ သားဖြစ်သူ နေရဲ့ ယခုလက်ရှိ ထုတ် လွှင့်ပြသနေရှိတဲ့ “ရတနာပုံ” ဇာတ် လမ်းတွဲမှာ မန္တလေးတက္ကသိုလ် ကျောင်း သားတစ်ဦး အနေနဲ့ ပါဝင်ထားတာကို တွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲက သူ့ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်ပြီး အဝတ် အစားပိုင်း၊ အသုံးအဆောင် ပစ္စည်း တွေကအစ သေသေချာချာ ပြင်ဆင်ခဲ့ တယ်လို့ သိရပါတယ်။ အဖေဖြစ်သူက လည်း နေရဲရဲ့ သရုပ်ဆောင်ချက် ကို ကြည့်ပြီး သဘောကျတယ်လို့ဆိုပါတယ်။

“ကျွန်တော်က အသစ်ဆိုတော့ တချို့မသိသေးတဲ့ သူတွေကိုလည်း facebook မှာ အသိပေးရတယ်။ သူတို့ရဲ့ commentsလေး တွေမှာလည်း ကြည့်ဖြစ်ကြတယ်။ ကောင်းတယ်ဆိုတဲ့ feedback မျိုးလည်းရတော့ ဝမ်းသာ ရတယ်။ တချို့ကလည်း ကျွန်တော့်အသံ က အဖေနဲ့တူတယ်လို့ ပြောကြပါ တယ်”လို့ နေရဲ့ ပြောပါတယ်။

နေရဲက ဖခင်ဖြစ်သူ ခင်လှိုင်နဲ့ လည်း ဇာတ်ကားတွေ ရိုက်ကူးဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။ ခင်လှိုင်က လည်း ဝါရင့်ဟာသ သရုပ် ဆောင်တစ်ဦး ဖြစ်တာကြောင့် နေရဲအနေနဲ့ ဖခင်ဆီက အဓိက သင်ယူရတာတွေ အကြောင်း မေးမြန်းတော့
“အဖေကတော့ ကျွန်တော့်ကို အမြဲတမ်း စာဖတ်ဖို့ပြောတယ်။ အမြဲ တမ်း လေ့လာမှုတွေလည်း လုပ်ဖို့ပြော ပါတယ်။ သရုပ်ဆောင် အလုပ်အတွက် က ကိုယ်ချင်းစာတတ်ဖို့ အဓိကပဲပေါ့။ တကယ်လို့ ကိုယ့်ကာရိုက်တာက ဆိုက်ကား နင်းရတာဆိုရင် ဒီဘဝကို သိထားမှ ကိုယ်က ကိုယ်ချင်းစာနိုင်မှာ ပါ။ စိတ်နဲ့ဝင်စားရတဲ့ အလေ့အထ တွေကိုလည်း ပြောတယ်။ ကျွန်တော်က ဟာသလိုမျိုးတွေ သိပ်မလုပ်ဖူးတော့ ဇာတ်လမ်းတွဲမှာလည်း ရပါ့မလားလို့ စိတ်ပူခဲ့ရတယ်။ ပြန်ကြည့်တော့ အဆင် ပြေပါတယ်။ ကျွန်တော် ကြိုးစားထားတာ လေးတွေ အားပေးတဲ့ ပရိသတ်ရှိမှ ကျွန်တော် နောက်ထပ် လှုပ်ရှားမှုတွေ အတွက် အားဖြစ်တာပါ။ ပရိသတ်များ လည်း အဖေ့ကို ချစ်သလို ကျွန်တော့် ကိုလည်း ချစ်ပေးကြပါ”လို့ နေရဲက ပြော ပါတယ်။

နေရဲက မေလ ၁၅ ရက်နေ့မှာ ဒါရိုက်တာစတီးလ် ရိုက်ကူးမယ့် ဇာတ်ကား မှာလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here