အနုပညာနဲ့ ပညာရေး မျှတစွာ လုပ်ဆောင်ရင်း အိပ်မက်နဲ့ ထပ်တူကျအောင် ဘဝကို ပုံဖော်နေတဲ့ မော်ဒယ် အေးချမ်းမိုး

0
233

AyeChanMoe(2)မော်ဒယ် အေးချမ်းမိုးက ၂ဝ၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Miss Universe Myanmar 2013  ပွဲမှာ 1st runner up  ကစ ဆုရရှိခဲ့သူ တစ်ဦးဖြစ်ပြီး အခုလက်ရှိ အချိန်မှာတော့ သူဝါသနာ ပါရာ အနုပညာအလုပ် အပြင် Presenter အလုပ်ကိုပါ လုပ် ဖြစ်လာပြီး ပညာရေး ဘက်မှာလည်း ဆရာဝန် ဘွဲ့ရရှိထား သူတစ်ဦး ဖြစ်ပါတယ်။ လူတိုင်းကိုယ်စီ ကိုယ်စီမှာတော့ ငယ်ဘဝ အိပ်မက်ဆိုတာ ရှိတတ်ကြပါ တယ်။ ဒါပေမဲ့လည်း ကိုယ်ဖြစ်ချင်ခဲ့တဲ့ ငယ်ဘဝ အိပ်မက်နဲ့ အခုလက် ရှိဖြစ်နေတဲ့ အခြေအနေတွေက ထပ်တူကျ တာရှိသလို၊ ထပ်တူ မကျတာ တွေလည်း ရှိကြတာကိုတွေ့ရပါတယ်။ မော်ဒယ် အေးချမ်းမိုး ကတော့  သူမငယ်ဘဝရဲ့ အိပ်မက်နဲ့ အခုလက်ရှိ ရယူ ပိုင်ဆိုင် ထား တဲ့ ဘဝ အနေအထားက ထပ်တူကျ တယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့်မို့ လူငယ်တိုင်း အနေနဲ့ ကိုယ်စီမက်ဖြစ်ခဲ့တဲ့ ငယ်ဘဝ အိပ်မက်တွေကို ရုပ်လုံးပေါ် အောင် ကြိုးစား အကောင်အထည်ဖော်နိုင်ဖို့ မော်ဒယ် အေးချမ်းမိုးရဲ့ ဘဝစတိုင်နဲ့ ငယ်ဘဝ အိပ်မက်တွေ အကြောင်း အတုယူဖွယ် ဖြစ်အောင် မေးမြန်းကာ စုစည်းဖော်ပြ လိုက်ရပါတယ်။

မူကြိုအရွယ် ကတည်းက အနုပညာ ဝါသနာကြီးတယ်

ညီမက မူကြိုကျောင်းတက် ကတည်းက စပြီးတော့ အနုပညာကို ဝါသနာ ပါခဲ့တယ်။ မူကြိုကျောင်း ရဲ့ ကျောင်းကပွဲ၊ အာဆီယံကျောင်း ကပွဲ၊ သင်္ကြန်ကျောင်း ကပွဲတွေမှာလည်း ညီမ အမြဲပါတယ်။ မူကြိုကျောင်းမှာ ကတည်းက ပန်းချီဆွဲတာလည်း ဝါသနာပါတယ်။ မူကြိုအရွယ်မှာ အဆို၊ အက၊ ပန်းချီတွေ စလုပ်ဖြစ်တယ်။ သူငယ်တန်း၊ ပထမတန်းမှာ ဆိုလည်း ကျောင်းမှာလုပ်ဖြစ်တဲ့ ကလေးကာယ ဗလမယ် ပြိုင်ပွဲတွေ မှာလည်း ဝင်ပြိုင်တယ်။ ငယ်ငယ်လေးကတည်းက ဒီအနုပညာကို ဝါသနာပါခဲ့တယ်။ အခုအရွယ် ကြီးလာတဲ့ အထိလည်း အနုပညာနဲ့ ပညာရေးကို တွဲလုပ်ဖြစ်နေတာ။

ပညာရေးလည်းထူးချွန် ၊ ဆရာဝန်လည်း ဖြစ်ချင်ခဲ့တယ်

အနုပညာဝါသနာ အပြင် ပညာရေးကိုလည်း အလေးပေးလုပ်တယ်။ ညီမက ပထမတန်း ကနေ ဆယ်တန်း အထိ အ.ထ.က ၂ ၊ ဒဂုံ(မြို့မကျောင်း) မှာ တက်ရောက်ခဲ့တယ်။ ပညာရေးဘက်ကို လစ်ဟင်းတာမျိုးလည်း မရှိဘူး။ ကျောင်းမှာဆိုလည်း နှစ်တိုင်း ဆုတွေ ရတယ်။ ပညာရေး ထူးချွန်ဆု အပြင် ကျောင်းလုပ်ငန်းထူးချွန်ဆု၊ ဘက်စုံ ထူးချွန်ဆုတွေလည်း လေးတန်း၊ ငါးတန်းလောက် ကနေ စပြီးတော့ ဆယ်တန်းအထိ တောက်လျှောက် တစ်နှစ်ကို သုံးဆုရခဲ့တယ်။ ငယ်ငယ်တုန်းက ဘိုးဘိုး၊ ဘွားဘွားတွေမြင်လို့ရှိရင် သူတို့ သားသမီးတွေ မရှိတာမျိုးတွေ၊ ငွေကြေး မတတ်နိုင်တာမျိုးတွေ အဲဒါမျိုး တွေမှာ ကိုယ်လည်း ကြီးလာလို့ရှိရင် ဆရာဝန် လုပ်ပြီးတော့ ဘိုးဘိုး၊ ဘွား ဘွားတွေကို အခမဲ့ ကုသပေးနိုင်တဲ့ ဆရာဝန် တစ်ယောက်ဖြစ်ချင်ခဲ့တာ။ ညီမက လေးတန်းကနေ Kid Model စလုပ် တယ်။ ရှစ်တန်းလောက်ထိ လုပ်ဖြစ်တယ်။ ရှစ်တန်းရောက်တော့ ညီမရဲ့ရည်မှန်းချက် အိပ်မက်ဖြစ်တဲ့ ဆရာဝန်လုပ်ဖို့ အတွက် ပညာရေးဘက်ကို ဂရုစိုက်ဖို့ အနုပညာ အလုပ်တွေကို ၈တန်းထိပဲ လုပ်ပြီး ရပ်လိုက် တယ်။ ၈၊ ၉၊ ၁ဝ တန်းကို သေချာကြိုးစားပြီး ၁ဝတန်းမှာ ညီမ ဘာသာစုံ ဂုဏ်ထူးထွက်ခဲ့တယ်။

ထပ်တူကျတဲ့ ဘဝအိပ်မက်

ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ငယ်ငယ်က ရည်မှန်းထား တဲ့ ရည်မှန်းချက်နဲ့ ကြီးပြင်းလာတဲ့ အခါမှာ ကိုယ်လုပ် နေတဲ့ အလုပ်နဲ့ ထပ်တူကျဖို့ အရမ်း ခဲယဉ်းပါတယ်။ ကိုယ်ကြိုးစားရတဲ့  အခြေ အနေရယ်၊ ဒီကြားထဲမှာ ဖြတ် သန်းခဲ့ရတဲ့ အခက်ခဲတွေ ဆိုတာ လည်း အများကြီးပဲ ရှိတယ်။ ဒါပေမဲ့လည်း ကိုယ်ငယ်ငယ် ကတည်းက ဖြစ်ချင်ခဲ့တဲ့ ရည်မှန်းချက် အတိုင်း ဖြစ်လာတဲ့ အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ကိုယ့် အတွက် ကြိုးစားဖို့ အများကြီး လိုပါသေးတယ်။ အနုပညာ ပိုင်းမှာရော၊ ပညာရေးပိုင်း မှာရော အခုမှခြေလှမ်း အစပဲ ရှိသေးတာ ဆိုတော့ အကောင်းဆုံး ထပ်မံပြီး ကြိုးစား သွားမယ်။

Presenter အလုပ်လည်း ဝါသနာ ပါပြီးသဘောကျတယ်

လတ်တလောမှာတော့ ညီမ အဓိကက Presenter လုပ်ဖြစ်နေတယ်။ ညီမ ၂ဝ၁၂ ခုနှစ် နှစ်ကုန် ဒီဇင်ဘာလလောက် ကစပြီး လုပ်ဖြစ်ခဲ့ တယ်။ ကိုယ့်အနေနဲ့ ပြိုင်ပွဲ တွေ တော်တော် များများလည်း ပြိုင်ခဲ့ပြီးပြီ။ ကိုယ်လေးစားအား ထားရတဲ့ Presenter  တင်မိုးလွင်ကို ကြည့်ပြီး အရမ်းလည်း သဘော ကျတယ်။ ပြီးတော့ Presenter အလုပ်ကလည်း ကိုယ်နဲ့လည်း ကိုက်ညီပြီး ဝါသနာပါတဲ့ အလုပ် လည်း ဖြစ်တော့ Presenter  အလုပ်ကို လုပ်ဖြစ်တာပါ။ အခုလက်ရှိ ပညာရေးပိုင်းက ညီမဆေးရုံမှာ ဟောက်စ် ဆင်းနေပါတယ်။ အချိန်ပိုတွေတော့ အများကြီးမရှိပါဘူး။ အားလပ်တဲ့ အချိန်လေးမှာ Presenter  အလုပ်တွေ လုပ်ဖြစ်တယ်။ အခုညီမ ဟောက်စ် ဆင်းပြီးဖို့ ၁လခွဲလောက်ပဲ ကျန်တော့တယ်။ ဒီဟောက်စ်ဆင်းပြီး သွားရင် Presenter  တော့ ဆက်လုပ်ဖြစ် သွားမယ်။ ညီမအတွက် အခွင့် အလမ်းတွေ ပေးလာရင် ရုပ်ရှင်လည်း ရိုက်ကူးသွားမှာပါ။

တွယ်တာ၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here