ရိုက်ကူးရေး ၂ နှစ်နားပြီး ပြန်လာခဲ့တဲ့ မင်းသား Cha Seung Won

0
164

Cမင်းသား Cha Seung Won  က အနုပညာ အလုပ်တွေ ခဏ ရပ်ဆိုင်းထားခဲ့ပြီး အခုတော့ ဇာတ်ကား အသစ်နဲ့ ပြန်လာတော့မယ်လို့ သိရပါတယ်။ ၂ဝ၁၅ ခုနှစ်တုန်းက Hwajungဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီး အခုလည်း ဇာတ်ကားသစ်မှာ ပါဝင်မယ်ဆိုတာ ကလည်း သူကိုယ်တိုင် ကြေညာခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့တုန်းက ဂျပန်မှာ ပရိသတ် တွေနဲ့ တွေ့ဆုံခဲ့ပြီးသူဟာ ဇာတ်ကား သစ်ကို အောက်တိုဘာမှာ ရိုက်ကူးတော့မယ် လို့ ပြောခဲ့ပါတယ်။ ဇာတ်ကားသစ်က အချစ် ဇာတ်ကားဖြစ်ပြီး ဒီဇင်ဘာ(သို့) ဇန်နဝါရီ လောက်မှာ ပြသမယ်လို့ သိရပါတယ်။
ဒါပေမယ့် သူဟာ ဇာတ်ကားသစ်နဲ့ ပတ်သက်ပြီး ဘာမှတော့ ထပ်မံ မကြေညာသေးပါဘူး။ အချိန် အကြာကြီးနေမှ ပြန်လည်ရိုက်ကူးမယ့် ဇာတ်ကားဆိုတော့ ဘယ်လိုမျိုးဖြစ်မလဲ ဆိုတာ ရင်ခုန်မိပါတယ်။ မင်းသား Cha Seung Won က ဘယ်လိုဇာတ်ကားမျိုးမှာ ဘယ်လိုနေရာက ပါဝင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။


LEAVE A REPLY

Please enter your comment!
Please enter your name here