ဇာတ်လမ်းသစ်တွေကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် ဇာတ်လမ်းတွဲ အသစ် Band of Sisters

0
214

5010_BandOfSistersနာမည်ကြီး မင်းသမီးများဖြစ်တဲ့ မင်းသမီး Kim Joo Hyun  ၊ မင်းသမီး Jang Seo Hee နဲ့ မင်းသမီး Oh Yoon Ah့  တို့ ပါဝင် သရုပ်ဆောင်မယ့် ဇာတ်လမ်းတွဲ အသစ် Band of  Sisters ကို မကြာခင် ထုတ်လွှင့်ပြသတော့မှာပါ။ ဒီဇာတ် လမ်းတွဲ က နေ့စဉ်နေထိုင် မှု ဘဝတွေမှာ အမျိုးသမီးတွေဟာ ဘယ်လောက် အရေးပါလဲ ဆိုတာကို ထုတ်ဖော်ပြသသွားမှာပါ။

မင်းသမီးKim Joo Hyun, Jang Seo Hee နဲ့ Oh Yoon Ah  တို့က ဘဝမှာ အချစ်ကို တစ်ချိန်တည်း ဆုံးရှုံး ခဲ့ကြတာကြောင့် တစ်ယောက်ကို တစ်ယောက်ကူညီ ဖေးမ ရန် အဖွဲ့ဖွဲ့ခဲ့ပြီး ကလေးတွေကို ကျွေးမွေး စောင့်ရှောက်ခဲ့ကြ ပါတယ်။

စတိုးဆိုင်နဲ့ လက်သည်း အလှပြင်ဆိုင်တွေမှာ အချိန် ပိုင်းလုပ်ကိုင်သူ တစ်ဦးအဖြစ် လုပ်ကိုင်နေသူ အဖွဲ့ဝင် Kang Ha Ri အဖြစ် Kim Joo Hyun ပါဝင်မှာဖြစ်ပြီး ဒုတိယမြောက်အဖွဲ့ဝင်ကတော့ Min Deul Re  အဖြစ် Jang Seo Hee  က ပါဝင်မှာ ဖြစ်ပါတယ်။ သူမကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပြီး အသက်အရွယ် ရလာတာကြောင့် ပရိသတ် စိတ်ထဲ ပျောက်ဆုံး သွားသူ တစ်ဦးပါ။

တတိယမြောက် အဖွဲ့ဝင် Kim Eun Hyang ကတော့ ကုမ္ပဏီကြီးတစ်ခုရဲ့ အတွင်းရေးမှူး အဖြစ် လုပ်ကိုင်နေသူ ဖြစ် ပြီး Oh Yoon Ah က ပါဝင် အားဖြည့်ထားပါတယ်။ ဒီဇာတ်ကား မှာတော့ အဖွဲ့ဝင် ၃ ယောက်က တစ်ဦးရဲ့ အခက်အခဲတွေကို တစ်ဦးကူညီရင်း လူ ငယ်တွေ နဲ့ပေါင်းပြီး ဘဝရဲ့ခြေလှမ်းသစ် တွေကို စတင်ခဲ့ပါတယ်။

Band of Sisters ဇာတ်လမ်းတွဲကို ဒါရိုက်တာ  Choi Hyena Hun က ရိုက်ကူးတာဖြစ်ပြီး ဇာတ်လမ်းတွဲကို April ၁၉ ရက်နေ့က စတင်ပြသ ခဲ့တယ်လို့ သိရပြီး ဇာတ်လမ်းတွဲ ၅ဝ ပါဝင်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here