လတ်တလောမှာ သရုပ်ဆောင်စိုးရန်အောင်က ဒါရိုက်တာ မင်းခိုက်စိုးစံရိုက်ကူးတဲ့ “ပန်းနှစ် ပွင့်စီးချင်း” ဇာတ်လမ်းတွဲကို ပိုင်ဖြိုးသု၊ မေဘရဏီသော်တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ်။ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး စိုးရန်အောင်က “ကျွန်တော်ကဒီမှာ Freedom Journelism တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတယ်။ ဒီဇာတ်ကားက ကျွန်တော်ပုံမှန်ရိုက်ကူးနေကျပုံ နဲ့လည်း မတူဘူး။ မတူတဲ့ကာရိုက်တာ၊ မတူညီတဲ့ ပုံစံနဲ့ ပုံစံတစ်မျိုးချိန်းထားပါတယ်” လို့ ပြောပါတယ်။
အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ တော်တော်များများ ရိုက်ကူးလာကြတာကို တွေ့ရပြီး ပရိသတ်တွေ အားပေးလာကြတာကိုလည်း တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးဇာတ်လမ်းတွဲတွေအပေါ် စိုးရန်အောင်ရဲ့ အမြင်ကိုမေးကြည့်တော့ ..
” ဇာတ်လမ်းတွဲကို ကျွန်တော်တို့ ရိုက်ကူးပြီးရင် အချိန်နဲ့တစ်ပြေးညီ ပရိသတ်ကို ချပြခွင့်ရတယ်။ Free to Air ပြတဲ့လိုင်းတွေမှာဆိုရင်လည်း ပရိသတ်အားပေးမှုက ပိုထိရောက်တယ်။ ဒါပေမဲ့အချိန်က ကျွန်တော်တို့ ရိုးရိုးသာမန်ပေးရတာထက်ကို အများကြီးပေးရတယ်။ အခုရိုက်ကူးနေတဲ့ကား ဆိုရင် ၃လ စာချုပ်ချုပ်ထားပြီး ဒီဇာတ်ကားအတွက်ကို အချိန်ပေးပြီး ရိုက်ကူးရတယ်။ နောက်တစ်ခုက အဝတ်အစားကအစ သေသေချာချာ လေးပြင်ဆင်ပြီးဇာတ်လုပ်ရတဲ့ အပိုင်းတွေလည်း ရှိတယ်” လို့ ပြောပါတယ်။ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားကြီး၊ ဇာတ်လမ်းတွဲ တွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ စိုးရန် အောင်က ဇာတ်လမ်းတွေကို အများကြီးရွေးချယ်ပိုင်ခွင့် တော့မရှိသေးကြောင်း ပြောပါတယ်။
” ကျွန်တော်တို့ အတိုင်းအတာတစ်ခုနဲ့ ကျတော့ အများကြီး ရွေးချယ်ပိုင်ခွင့်မရှိ သေးပါဘူး။ အဲဒီအပေါ်မှာ ကျွန် တော်တို့အကောင်းဆုံး ဖြစ်မယ့်ပုံစံမျိုးကိုပဲ ကျွန်တော့် အနေ နဲ့ request လုပ်ခွင့် အနည်းငယ်ပဲ ရှိပါသေးတယ်။ များသောအားဖြင့်က ကျွန်တော့်ကိုပေးတဲ့ ဇာတ်တွေက ကျွန်တော်နဲ့လိုက်မယ့် ဇာတ်ပုံစံမျိုးပဲ လာပေးတာများပါတယ်” လို့ ပြောပါတယ်။
တွယ်တာ