ဇာတ်ကားတွဲ ရိုက်ကူးရင်း ချစ်သူတွေ ဖြစ်သွားကြတဲ့ Nam Joo Hyuk နဲ့ Lee Sung Kyung

0
182

23မင်းသား Nam Joo Hyuk  နဲ့ မင်းသမီး Lee Sung Kyung တို့ နှစ်ယောက်ဟာ ဇာတ်ကားတွေ ရိုက်ကူးနေရင်း တကယ်ပဲ ချစ် ကြိုက် သွားခဲ့တာလား။ Nam Joo Hyuk က ကင်မရာသမားတွေ ကို Lee Sung Kyung  ဟာ သူရဲ့ မိန်းကလေးပါ လို့ မိတ်ဆက်ပေးခဲ့ ပါတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက ဇာတ်လမ်းတွဲ ထဲမှာက သူတို့ နှစ် ယောက် ချစ်ကြိုက်တဲ့ အခန်းကို ရိုက်ကူးနေရတယ် ဆိုတော့ တကယ် လို့ မှတ်ယူလို့မရပါဘူး။

ဇာတ်လမ်းတွဲရဲ့ နောက်ဆုံး အပိုင်း ရိုက်ကူးပြီးချိန် မှာတော့ ဒါ ရိုက်တာက သူတို့ကို ကျေးဇူးတင် စကားပြောခဲ့ပါတယ်။ ဒါရိုက်တာရဲ့ ကျေးဇူးတင် စကားကြားပြီးတော့ နှစ် ယောက်စလုံး မျက်ရည်ဝဲခဲ့ပါတယ်။

ဧပြီ ၂၄ ရက်နေ့က Weightlifting Fairy Kim Bok Joo စုံတွဲ ဟာ တွဲနေကြတာ ၅လ ရှိနေပြီလို့ သူတို့ရဲ့အေဂျင်စီ YG Entertainment  က အတည် ပြုပေးခဲ့ပါတယ်။ သူတို့ က ဒီဇာတ်ကား မရိုက်ကူးခင်ကတည်း က သူငယ်ချင်းကောင်းတွေလို့ သိခဲ့ ရပြီး သူငယ်ချင်းကနေ ချစ်သူတွေ ဖြစ်ခဲ့ကြတယ် ဆိုတော့ ပိုပြီးနား လည် မှု ရှိကြမယ် လို့ထင်ပါတယ်။
ကိုရီယား ငွေကြယ် ပွင့်တစ်စုံ ထပ်မံ ထွက်ပေါ်လာ လို့ သူတို့ရဲ့ ပရိသတ်တွေ လည်း ကျေနပ် ဝမ်းသာလိမ့် မယ်လို့ ထင်ပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here